Main menu

Background

မန္တလေးမှာ နှမ်းရောင်စုံများ ပုံမှန်အရောင်းအဝယ်ရှိ

Wed, 01/09/2013 - 05:36 -- ydnar

ပြည်တွင်းဈေးကွက်မှာရော ပြည်ပဈေးကွက်မှာပါ ရောင်းဝယ် မှုဈေးကွက်နေရာတစ်ခုကို မြန်မာနိုင်ငံထွက် နှမ်းဖြူ၊ နှမ်းညို၊ နှမ်းနက်၊ နှမ်းနက်စမုံ၊ နှမ်းကြားတို့က နေရာယူထားပါတယ်။ နှမ်းဖြူကို ပြည်ပ သို့ ကုန်ကြမ်းအနေနဲ့ တင်ပို့ရောင်းချ ခြင်းသာမက အခွံချွတ်ပြီး တန်ဖိုးမြှင့်ကုန်အဖြစ် တင်ပို့တာကိုလည်း တွေ့ရပါတယ်။ မန္တလေးမြို့ ပွဲစားကုန်သည် စက်ပိုင်များရဲ့ ကထိန်တော် အသင်း (မန္တလေးကုန်စည်ဒိုင်)သို့ နှမ်းဖြူကို ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သား၊ တံတားဦး၊ အမရပူရ၊ ပုသိမ်ကြီး၊ မတ္တရာ၊ ပခုက္ကူ၊ မြောင် မြို့နယ်များမှ လည်းကောင်း၊ နှမ်းညို၊ နှမ်းနက်များကို မကွေး၊ ရေနံ ချောင်း၊ ပခုက္ကူ၊ ချောက်၊ ကျောက်ဆည်၊ မြစ်သား၊ တံတားဦး၊ စဉ့်ကိုင်၊ မတ္တရာ၊ မြင်းမူ၊ ချောင်းဦး၊ ဝက်လက်ဒေသများမှလည်း ကောင်းဝင်ရောက်လျက် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါ တယ်။ နှမ်းကြားကို တံတားဦး၊ ငါန်းဇွန်း၊ စစ်ကိုင်း၊ ညောင်ပင်ဝန်း တို့မှ ဝင်ရောက်မှုရှိသော်လည်း ဝင်ရောက်မှု ပမာဏ အလွန်နည်း တာကြောင့် ဈေးနှုန်းကို ကြိုက်ရောင်းကြိုက်ဝယ်ဖြင့်သာ ရောင်းဝယ် တာကို တွေ့ရပါတယ်။

၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွင်း နှမ်းမျိုးစုံရောင်းဝယ်မှုနဲ့ ဈေး နှုန်းများမှာ နှမ်းဖြူတစ်ပိဿာ ၂၀၄၄ ကျပ်မှ ၂၁၇၈ ကျပ်နဲ့ တစ်ရက် ၇၀၀ မှ ၁၃၀၀ အိတ်၊ နှမ်းညို တစ်ပိဿာ ၁၇၁၁ ကျပ်မှ ၂၀၀၀ ကျပ်၊ နှမ်းနက် တစ်ပိဿာ ၂၄၄၄ ကျပ်မှ ၂၅၁၁ ကျပ်၊ နှမ်းနက် (စမုံ) ၂၇၁၁ ကျပ်မှ ၂၈၀၀ ကျပ်နဲ့ နေ့စဉ်နှမ်းညို ၁၀၀၀ မှ ၁၅၀၀ အိတ်၊ နှမ်းနက် ၈၀၀ မှ ၁၂၀၀ အိတ်၊ နှမ်းနက်(စမုံ)  ၆၀၀ မှ ၁၀၀၀ အိတ်အထိ ရောင်းဝယ်မှုပြုနေရပြီး၊  နေ့စဉ်နှမ်းမျိုးစုံ ၃၀၀၀ မှ ၃၅၀၀ အိတ်(၃ တင်း အိတ်) အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ တောင်သူတွေရဲ့အထွက်နှုန်း၊ ရောင်းလိုအားနဲ့ ဝယ်လို အားအပေါ်မူတည်ပြီး၊ အရောင်းအဝယ်သွက်လက်မှု နှေးကွေးမှုဆို တာဖြစ်ပေါ်ခဲ့ပါတယ်။ယခု ၂၀၁၃ နှစ်ဦးပိုင်း ဇန်နဝါရီလ  ပထမပတ်မှာ နှမ်းဖြူ တစ်ပိဿာ ၂၁၇၈ ကျပ်မှ ၂၂၂၂ ကျပ်နဲ့ ၁၀၀၀ မှ ၁၄၀၀ အိတ်၊ နှမ်းညို တစ်ပိဿာ ၁၉၇၀ ကျပ်မှ ၂၀၀၀ ကျပ်နဲ့ ၁၀၀၀ မှ ၁၅၀၀ အိတ်၊ နှမ်းနက် တစ်ပိဿာ ၂၄၄၄ ကျပ်မှ ၂၅၁၁ ကျပ်နဲ့ အိတ် ၈၀၀ မှ ၁၂၀၀၊ နှမ်းနက် (စမုံ)တစ်ပိဿာ ၂၇၃၃ ကျပ်မှ ၂၇၇၈ ကျပ်နဲ့ ၇၀၀ မှ ၁၀၀၀ အိတ် နေ့စဉ်အရောင်းအဝယ်ဖြစ်လျက် ရှိပါတယ်။ နှမ်းနီနဲ့ နှမ်းကြားကို အရောင်းအဝယ်ပြုလုပ်ခြင်း နည်းပါး ကြောင်း တွေ့ရပါတယ်။ပြည်ပဈေးကွက် ဝယ်လိုအားကြောင့် နှမ်းမျိုးစုံ နေ့စဉ်ဝယ် ယူမှုမှာ အိတ် ၁၀၀၀ ခန့် (၃ တင်းဝင်အိတ်) တိုးလာတာကို တွေ့ရ ပါတယ်။ ပြည်တွင်းနှမ်းဆီကြိတ်ခွဲထုတ်လုပ်သူများမှာလည်း နှမ်းညိုနဲ့ နှမ်းနက်ကို ပြည်ပဝယ်ယူတဲ့ ဈေးနဲ့အပြိုင် ဝယ်ယူကြိတ်ခွဲပါတယ်။ ဆီထွက်မှု နှမ်ဖတ်ထွက်ရှိမှုမှုနဲ့  သင့်တင့်တဲ့ ဈေးနှုန်းများ ကြောင့် ဝယ်ယူကြိတ်ခွဲနိုင်ခြင်း၊ အန္တရာယ်ရှိတဲ့ ပြည်ပမှ ဆီများအစား ထိုးပြီး နှမ်းဆီ ပိုမိုအသုံးပြုလာခြင်း၊ တိရစ္ဆာန်အစားအစာအတွက် အထောက်အကူပြုနိုင်ခြင်းအတွက်ကြောင့်လည်းကောင်း၊ နှမ်းဆီ ဈေးနှုန်း နှမ်းဖတ်ဈေးနှုန်းများမှာ အခြားဆီထွက်သီးနှံများကဲ့သို့ တွက် ခြေကိုက်မှုရှိသဖြင့် ဝယ်ယူကြိတ်ခွဲရောင်းချနိုင်ကြောင်း၊ နှမ်းဆီကြိတ် ခွဲထုတ်လုပ်တဲ့ ဆီစက်ပိုင်ရှင်တစ်ဦးမှ သူ့ရဲ့အမြင်နဲ့ စီးပွားရေးဈေး ကွက်အခြေအနေအကြောင်း ပြောပါတယ်။နှစ်စဉ် မန္တလေးကုန်စည်ဒိုင်မှ နှမ်းဖြူတန်ချိန် ၃၅၀၀၀ ကျော်၊ နှမ်း(နီ၊ ညို၊ နက်)တန်ချိန် ၇၀၀၀၀ ကျော်၊ နှမ်းကြားတန်ချိန် ၂၀၀၀၀ ကျော်၊ ပန်းနှမ်းတန်ချိန် ၂၀၀၀ ကျော်စုစုပေါင်း နှမ်းမျိုးစုံ ၁၂၇၀၀၀ တန်ကျော် ဝယ်ယူရောင်းချမှုမှာ နှစ်စဉ်နှစ်တိုင်း (ပျမ်းမျှ) ဖြစ်ပါ ကြောင်း သိရပါတယ်။           စိုးအောင်-မန္တလေး