Main menu

Background

ကုန်သွယ်မှုတိုးမြှင့်ရေး ကုန်သည်လုပ်ငန်းရှင်များနဲ့ ပူးပေါင်းညှိနှိုင်း ဆွေးနွေးမည်

Wed, 01/09/2013 - 05:42 -- ydnar

ကုန်သွယ်မှုပမာဏတိုးတက်ရေးနဲ့ ကုမ္ပဏီလုပ်ငန်းရှင်များ လုပ်သာကိုင်သာရှိစေရန် ကုန်သွယ်မှု မှာ ကြုံတွေ့ရတဲ့အခက်အခဲများ၊ အတားအဆီးများညှိနှိုင်းအဖြေရှာပြီးကုန်သွယ်မှုလုပ်ငန်းများ လျင်မြန် ချောမွေ့စေရန်၊ ကုန်သွယ်မှုမှာ ဖြေလျော့ပေးသင့်တဲ့အချက်များနဲ့စပ်လျဉ်းပြီး ခိုင်လုံတဲ့အကြောင်းပြချက် နဲ့ ဆွေးနွေးညှိနှိုင်းရန်နဲ့ ကုန်သွယ်မှုလျာထားချက်များ ပြည့်မီကျော်လွန်စေရေး ဝိုင်းဝန်းကြိုးပမ်းရန် ရည်ရွယ်ချက်များနဲ့ ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးများကို နယ်စပ်ကုန်သွယ်ရေးစခန်းများမှာ လစဉ်ကျင်းပလျက်ရှိပါတယ်။

ဒီဇင်ဘာ ၂၁ ရက် ၁၃း၀၀ နာရီအချိန်မှာ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အစည်းအဝေးခန်းမမှာ ကျင်းပတဲ့  ကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးမှာ စခန်းတာဝန်ခံ ညွှန်ကြားရေးမှူး ဦးဦးဟန်က ကုန်သွယ်မှု မြှင့်တင်ရေးအတွက်ကုန်သည်များအပိုင်းမှ စီစဉ်ဆောင်ရွက်ပေးရမဲ့ကိစ္စရပ်များကို ဆောင်ရွက် နိုင်ရန် ကုန်သည်လုပ်ငန်းရှင်များနဲ့ ပူးပေါင်းညှိနှိုင်းဆွေးနွေးသွားမှာဖြစ်ကြောင်း၊ ကုန်သွယ်မှုမြှင့်တင်နိုင် ရေးအတွက် ကုန်သည်များ၊ လုပ်ငန်းရှင်များဟာ အရင်းအနှီးနဲ့ ဈေးကွက်အခြေအနေနဲ့ စိန်ခေါ်မှုများကို အမြဲရင်ဆိုင် ဆောင်ရွက်နေရကြောင်း၊ ဈေးကွက်ယှဉ်ပြိုင်နိုင်ရေးမှာ ဈေးကွက်ကို အချိန်စောစီးစွာ ရောက်ရှိရေး၊ လမ်းခရီးတစ်လျှောက် ကုန်သွယ်မှုကုန်ကျစရိတ်  အလျော့နည်းဆုံးနဲ့ ဈေးကွက်သို့ ချောမွေ့စွာရောက်ရှိရေး နှစ်ချက်သည်အရေးပါကြောင်း၊ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းရှိစေရန် ID/ ED ဆောင်ပြီး တရားဝင်ကုန်သွယ်မှုပြုရာမှာ အချိန်ကြန့်ကြာမှု၊ အခွန်ပေးဆောင်မှုများ ရှိနေပေမဲ့ တရား မဝင်သွားတာက ပိုမိုမြန်ဆန်နေခြင်းအတွက် အထက်လူကြီးများ အကြိမ်ကြိမ် ဆွေးနွေးမှုများရှိခဲ့သော် လည်း အဖြေရှာခြင်းနဲ့သာ အချိန်ကုန်နေရတာ တွေ့ရကြောင်း၊ လိုင်စင်ကြောင့်ကြန့်ကြာတယ်၊ ဘယ် အရာကြောင့် နှောင့်နှေးမှုဖြစ်နေရတယ်ဆိုတာကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးစေလိုကြောင်း ပြော ကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။တရားဝင် ကုန်သွယ်မှုပြုသူများအား အကာအကွယ်ပေးနိုင်ရေးအတွက် Mobile Team အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တရားမဝင် ကုန်သွယ်မှုများကို ဟန့်တားစစ်ဆေးပြီး ဒဏ်ကြေး ပေးဆောင်တဲ့အပြစ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသလို ITC များလည်း ထုတ်ပေးဆောင်ရွက်နေပြီ ဖြစ်ကြောင်း၊ ကုန်သွယ်မှု မြှင့်တင်ရေးအစည်းအဝေးများက တင်ပြချက်များအပေါ် ဌာနအကြီးအကဲ များက အလေးအနက်ထား အရေးယူ ဆောင်ရွက်ပေးနေတဲ့အတွက် ပွင့်ပွင့်လင်းလင်းအကြံပြုဆွေးနွေး စေခဲ့တယ်လို့ သိရပါတယ်။ ကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးမှာITC  နဲ့ သွင်းကုန်လုပ်ဆောင်ခွင့်ရှိတဲ့ ပစ္စည်း ၂၄၂ မျိုးရဲ့ဈေးနှုန်း ကို လုပ်ငန်းဆောင်ရွက်မဲ့သူများ သိရှိနိုင်ရန်အတွက် ကြော်ငြာပေးရန်၊ ITC  အား မူလခွင့်ပြု ထားတဲ့ခရိုင် ၃ ခု (မူဆယ်၊ လားရှိုး၊ ကျောက်မဲ) အပြင် အခြားခရိုင်နဲ့ မူဆယ်အနေကြာသူများအား ခွင့်ပြုပေးနိုင်ရေး မူဆယ်-နမ့်ခမ်းကုန်သည်ကြီးများအသင်းမှ အဆိုပြုတင်ပြပေးရန်၊ ကာနေရှင်းပန်းအစို (fresh Carnation) တင်သွင်းခွင့်ကို Auto လိုင်စင်ခွင့်ပြုအမယ်တွင် ထည့်သွင်းနိုင်ရေး အထက်ဌာနသို့ တင်ပြပေးရန်၊ နေပြည်တော်မှာ ကားအပိုပစ္စည်းလိုင်စင်လျှောက်ထားရာမှာ စက်မှုဇုန်ထောက်ခံချက်အပြင် မြန်မာနိုင်ငံ စက်မှုလက်မှုဖွံ့ဖြိုးရေး အသင်းထောက်ခံချက် ထပ်မံတောင်းခံခဲ့တဲ့အတွက် ငွေ၊ အချိန်ကုန်၊ လူပန်းရသဖြင့် လျှော့ချပေးရန် တောင်းဆိုချက်အား အထက်ဌာနသို့တင်ပြပေးရန်၊ ငရုတ်သီးခြောက် တင်သွင်းရန် လျှောက်ထားလာပါက ရုံးချုပ်သို့တင်ပြ ပေးရန်နဲ့ မျိုးချင်းတင်သွင်းခြင်းနဲ့စပ်လျဉ်းပြီး  စိုက်ပျိုး ရေးထောက်ခံစာဖြင့် လျှောက်ထားမှုရှိပါက ခွင့်ပြုချက်ရရှိရေး ရုံးချုပ်သို့တင်ပြပေးရန်တို့ကို ဆွေးနွေးဆုံး ဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။Source: နကသ (မူဆယ်)အေးချမ်းမေ