Main menu

Background

တစ်ပင်လုံး အသုံးဝင် ကွမ်းသီးပင်နှင့် ပို့ကုန်

Wed, 01/09/2013 - 05:44 -- ydnar

ကွမ်းသီးပင်သည် မြန်မာနိုင်ငံ တောင်ပိုင်း ပူအိုက်စွတ်စိုသောဒေသများတွင် ပေါက်ရောက် လေ့ရှိသည်။ ကွမ်းသီးကို ရှေးအခါက မြန်မာ ဓလေ့အရ ကွမ်း၊ ဆေး၊ လက်ဖက်တွဲ၍အလှူမင်္ဂ လာဧည့်ခံပွဲများတွင် အသုံးပြုပြီး၊ ယခုခေတ်တွင် ကွမ်းစားသူ ပိုမိုများပြားလာ၍ ကွမ်းသီးအသုံးဝင် မှု ကျယ်ပြန့်လာပါသည်။ ကွမ်းသီးမှာ အရည် အသွေး၊ အရွယ်အစားလိုက်၍ အမျိုးမျိုးရှိကြ သည်။ ကွမ်းသီးပင်သည် တစ်ပင်လုံး အသုံးဝင်ပြီး ကွမ်းသီးဆန် (သို့မဟုတ်) ကွမ်းသီးကို ကွမ်းယာ တွင်ထည့်သွင်း စားသုံးကဲ့သို့ ကွမ်းသီးအခွံများ ကိုလည်း အင်္ကျီနှင့် လူ့အသုံး အဆောင်ပစ္စည်းများ တွင်အသုံးပြုကြသကဲ့သို့ ပင်စည်ကို လည်းသစ်၊ ဝါးတို့ နေရာတွင် အစားထိုး အသုံးပြုကြသည်။

ယခုအခါ  ကွမ်းသီးအား  ပင်လယ်ရေ ကြောင်းမှပို့ုကုန်ပစ္စည်းအဖြစ်တင်ပို့ခဲ့ရာ ၂၀၁၀-၂၀၁၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂ သန်း ကျော်တန်ဖိုးရှိ ကွမ်းသီ ၁၉၉၃တန်၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင အမေရိကန်ဒေါ်လာ ၃ သန်းကျော် တန်ဖိုးရှိ ကွမ်းသီး ၂၁၆၉ တန်တို့ကို စင်ကာပူ၊ ပါကစ္စတန်၊ ဆော်ဒီအာရေးဗျနိုင်ငံများသို့ တင်ပို့ခဲ့ သည်။ ၂၀၁၀-၂၀၁၁ဘဏ္ဍာနှစ်နှင့် ၂၀၁၁- ၂၀၁၂ ဘဏ္ဍာနှစ်ကာလတူ နှိုင်းယှဉ်ကြည့်ပါက ပို့ကုန် တင်ပို့မှုသည် ကုန်ပစ္စည်းတန်ချိန် တစ်ဆကျော် ခန့်၊ တန်ဖိုးငွေအမေရိကန် ဒေါ်လာ တစ်ဆကျော် ခန့် တိုးတက်လာသည်ကို တွေ့ရှိရပါသည်။နိုင်ငံတကာမှ ပိတ်ပင်တားဆီးမှုများ ဖြေ လျော့လိုက်ပြီဖြစ်၍ ပွင့်လင်းမြင်သာသော ဈေး ကွက်စီးပွားရေးစနစ်တွင် မြန်မာ့ကွမ်းသီးနှင့် ကွမ်း သီးထွက်ပစ္စည်းများက တစ်ထောင့်တစ်နေရာမှ ကျေးလက်နေ ပြည်သူတို့နှင့် တိုင်းပြည် ဝင်ငွေ ရှာဖွေပေးတော့မည့် ပို့ကုန်အမယ်တစ်မျိုးအဖြစ် ရေးသားတင်ပြလိုက်ပါသည်။သီသီဆွေ (ပို့ကုန်)