ဝါရှင်တန် အမေရိကန်သမ္မတ ဘားရက် အိုဘားမားက အမေရိကန် ပြည် ထောင်စု ဘဏ္ဍာရေးချောက်ကမ်းပါး ကျော်လွှားနိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်မှု ဖြစ်သော "American Taxpayer Relief Act of 2012" ကို လက်မှတ်ရေးထိုးပြီး ဥပဒေအဖြစ် အတည်ပြု ပြဌာန်းခဲ့ပါတယ်။ ဥပဒေ အရ အိမ်ထောင်စု ဝင်ငွေ ဒေါ်လာ ၄၅၀၀၀၀ အထက် ဝင်ငွေရှိသူများကို အခွန်တိုးမြှင့် ကောက်ခံပြီး အသုံး စရိတ်နဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်ကို နှစ်လ ရွှေ့ဆိုင်းခဲ့ပါတယ်။
ဂျာကာတာ အမေရိကန် အောက်လွှတ် တော်က အတည်ပြု ပေးခဲ့သော ဘဏ္ဍာရေးဆိုင်ရာ ချောက်ကမ်းပါး ကျော်လွှားရေးကြိုးပမ်းမှု သဘောတူ ညီချက်က အင်ဒိုနီးရှား အပါအဝင် ကမ္ဘာ့ စီးပွားရေးများကို အပြု သဘော ရိုက်ခတ်မှုရှိလိမ့် မည်ဖြစ် ကြောင်း အင်ဒိုနီးရှားနိုင်ငံတော် ဘဏ် BNI မှ စီးပွားရေး ပညာရှင် ရန်းကီရန်တို က ပြောပါတယ်။
ဆိုးလ် ကမ္ဘာ့ဈေးကွက်မှာ ကိုရီးယား မော်တော်ကားထုတ်လုပ်သူတို့တစ်နှစ် အတွင်း ရောင်းချတဲ့ ဦးရေက ပထမ ဆုံး အကြိမ်အဖြစ် စီးရေ ၈ သန်း ကျော်ခဲ့ကြောင်း ဇန်နဝါရီ ၂ ရက်က ထုတ်ပြန်သော အစီရင်ခံစာ တစ် စောင်မှာ ဖော်ပြထားပါတယ်။ ပြည် တွင်းဈေးကွက်တွင် ရောင်းချမှုမှာ အနည်းငယ် ကျဆင်းခဲ့သော်လည်း ပြည်ပတင်ပို့မှုကြောင့် ရောင်းအား မြင့်တက်ခဲ့တာဖြစ်ပါတယ်။
နယူးဒေလီ/မွန်ဘိုင်း ပြည်ပ ငွေပေးငွေယူ ရှင်းတမ်း လိုငွေပြမှု စံချိန်တင်မြင့်တက်နေတာ ကိုထိန်းချုပ်ဖို့အတွက် အိန္ဒိယနိုင်ငံက ရွှေ တင်သွင်းမှုကို ထိန်းချုပ်ဖို့ စဉ်း စားနေကြောင်း ဇန်နဝါရီ ၂ ရက်က အိန္ဒိယ ဘဏ္ဍာရေး ဝန်ကြီး ပီချီဒမ် ဘရမ် က ပြောပါတယ်။ ကုန်သွယ်မှု လိုငွေ မြင့်မားမှုကြောင့် အစိုးရက ရွှေတင်သွင်းခွန်ကို နှစ်ဆတိုးမြှင့်ကာ ၄ ရာခိုင်နှုန်းထိ သတ်မှတ်ခဲ့ပါတယ်။ ရွှေက ရေနံပြီးလျှင် သွင်းကုန် တန်ဖိုး အများဆုံး ဖြစ်ပါတယ်။