Main menu

Background

အာရှဒေသစက်ရုံများ ပြန်လည်ရှင်သန်လာသော်လည်း ပို့ကုန်ကျဆင်း

Wed, 01/09/2013 - 05:54 -- ydnar

တရုတ်နိုင်ငံစီးပွားရေးက ပြန် လည်ရှင်သန်လာတဲ့လက္ခဏာတွေပြသ လာတဲ့အတွက် ဒီဇင်ဘာမှာ အာရှဒေသ ရဲ့ကုန်ထုတ်လုပ်ငန်းတွေပြန်ပြီးလှုပ်လှုပ် ရှားရှားဖြစ်လာပါတယ်။ ဒါပေမဲ့ ပို့ကုန် ဝယ်လိုအား မညီမညာတက်လိုက်ကျ လိုက်ဖြစ်နေပြီးဒေသတွင်းမှာ စီးပွားရေး ဖွံ့ဖြိုးမှုထပ်မံနှေးကွေးစေမဲ့အခြေအနေ ကိုပြသနေကြောင်း စီးပွားရေးစစ်တမ်း တစ်ခုမှ ဖော်ပြထားပါတယ်။ ၂၀၁၂ ခုနှစ်နှောင်းပိုင်းမှာ တရုတ်စီးပွားရေး ပြန်ကောင်းလာတာကို တွေ့ရပါတယ်။စက်ရုံ ကုန်ထွက်တွေကောင်းလာပြီး အမှာစာသစ် တွေလည်း ရလာတဲ့ အတွက် ဒီဇင်ဘာမှာ အိန္ဒိယရဲ့ ကုန် ထုတ်လုပ်မှုက ခြောက်လအတွင်းအမြင့် ဆုံး ဖြစ်ခဲ့ကြောင်း ပုဂ္ဂလိကနဲ့အစိုးရ ကုန်ထုတ်လုပ်မှု စစ်တမ်းတွေအရ သိရ ပါတယ်။

ဇန်နဝါရီ ၂ ရက်ကထုတ်ပြန်တဲ့ အလားတူအစီရင်ခံစာမှာတောင်ကိုရီး ယားနဲ့တရုတ်(တိုင်ပေ) တို့ရဲ့ကုန်ထုတ် လုပ်မှုတွေက မေလနောက်ပိုင်းပထမ ဆုံးအကြိမ်အဖြစ်မြင့်တက်မှုရှိတာကို ပြသနေကြောင်း တွေ့ရပါတယ်။ ဒါပေမဲ့ ပြည်တွင်းအမှာစာတွေကတိုးတက်မှု အချို့တွေ့ရပေမဲ့ပို့ကုန်အမှာစာတွေက အတက်အကျအမျိုးမျိုးရောထွေးနေပါတယ်။ ဥရောပကစီးပွားရေးဆုတ်ကပ် နားတစ်ရစ်ဝဲ၀ဲ ဖြစ်နေတာ နဲ့တင်းကျပ် တဲ့ဘဏ္ဍာရေးမူဝါဒကြောင့်အမေရိကန် ပြည်ထောင်စုမှာ နာလန်ထူမှုကိုမှေးမှိန် စေမဲ့အလား အလာတွေကိုတွေ့ကြုံနေ ရတာတွေကြောင့် ကမ္ဘာ့ဝယ်လိုအား ဆက်လက်ကျဆင်းမှာကိုပြသနေပါတယ်။ တောင်ကိုရီးယားရဲ့ ပို့ကုန်ကဒီဇင် ဘာမှာ မမျှော်လင့်ဘဲ ကျဆင်းခဲ့ပါ တယ်။ ဒါကြောင့် ပို့ကုန်ကို မှီခိုနေရတဲ့ အာရှစီးပွားရေးတွေကတိုးတက်မှုနှေး ကွေးနေဦးမယ်ဆိုတဲ့ အခြေအနေတွေ ကိုပြသနေပါတယ်။ "အာရှဒေသက တဖြည်းဖြည်းတိုး တက်နေပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံ အပါအဝင်ဒီဒေသက ပို့ကုန်ကို အကြီး အကျယ်မှီခိုနေရပြီးအမေရိကနဲ့ဥရောပ မှာတိုးတက်မှုတွေကိုမတွေ့ရတဲ့အတွက် ကုန်ထုတ်လုပ်ငန်း တွေမြင့်တက်လာဖို့ အခက်အခဲရှိနိုင်ပါတယ်"လို့ ဟောင် ကောင်ရှန်ဟဲဘဏ်ကော်ပိုရေးရှင်း (HSBC)   မှ အာရှစီးပွားရေးဦးစီးမှူး ဖရက်ဒရစ်နယူမန်းက ပြောပါတယ်။ ဇန်နဝါရီ ၁ ရက်မှာ အခွန်တိုးမြှင့် ဖို့နဲ့အသုံးစရိတ်လျှော့ချဖို့ကိစ္စဝါရှင်တန် အစိုးရကရှောင်ရှားနိုင်ခဲ့ပေမဲ့ အမေရိ ကန်စီးပွားရေးဒရွတ်ဆွဲနေမှာကို ရှောင် ကြဉ်နိုင်ဦးမှာမဟုတ်ဘူးလို့ နယူးမန်က ပြောပါတယ်။