Main menu

Background

ထိုင်းနိုင်ငံ အနိမ့်ဆုံးလစာ အငြင်းပွားမှုကြောင့် FTI ကိုထိခိုက်

Wed, 01/09/2013 - 05:53 -- ydnar

ယခုနှစ်တွင်ထိုင်းနိုင်ငံမှာ အများ ဆုံးအငြင်းပွားမှုဖြစ်နိုင်သည့်ပြဿနာ မှာ ၂၀၁၃ ခုနှစ်အဝင်မှစပြီး ထိုင်းနိုင်ငံ အနှံ့အပြားတွင်နေ့တွက်အနိမ့်ဆုံးလ စာကိုဘတ် ၃၀၀ ထိတိုးမြှင့်ပေးဖို့ ဆုံး ဖြတ်ခဲ့တာ ဖြစ်ပါတယ်။ လစာတိုးမြှင့် ပေးလိုက်တဲ့အတွက် ထိုင်းနိုင်ငံပုဂ္ဂလိက ကဏ္ဍမှာ အကြီးမားဆုံး အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ထိုင်းစက်မှုလုပ်ငန်းအသင်း (Federation of Thai Industries) အတွင်းမှာ သဘောထား ကွဲလွဲမှုတွေဖြစ် ခဲ့ပါတယ်။ အထူးသဖြင့် အသေးစား နဲ့အလတ်စားစက်မှုလုပ်ငန်းတွေအပေါ် ရိုက်ခတ်လာ တဲ့နေ့စားလုပ်ခပြဿနာ ကိုဖြေရှင်းမပေးနိုင်တဲ့အတွက်  FTI   ရဲ့ အဓိက အမှုဆောင ်အရာရှိတွေက အ သင်းရဲ့ဥက္ကဌပါယွန်ဆပ်ချုပ်ဆွတ်သီပို ကိုဝေဖန်ခဲ့ကြပါတယ်။

အသင်းအဖွဲ့အတွင်းမှာရှိတဲ့ ဒုတိ ယဥက္ကဌတာနစ်ဆိုရက်နဲ့အထွေထွေ အတွင်းရေးမှူး ဆွမ်မက်ခွန်ဆက်တို့က မစ္စတာ တာနစ်ရဲ့ဘက်မှာရှိပြီး ထိုင်း နိုင်ငံ အညာဘက်က စက်မှုလုပ်ငန်းရှင် တို့က ကျောထောက်နောက်ခံပေးထား ပါတယ်။  Siam Cement Group  ဆင် တံဆိပ်  ဘိလပ်မြေအမှုဆောင် အရာရှိ ဟောင်း မစ္စတာ ပါယွန်ဆပ်က ဥက္ကဌ ရာထူးကို ဒုတိယ သက်တမ်းအဖြစ် တာဝန် ယူနေတာ ဖြစ်ပြီး ၂၀၁၄ ခုနှစ် မတ်လမှာ ကုန်ဆုံးပါတယ်။ ၂၀၀၈ ခုနှစ်မှာ FTI  ရဲ့ ဥက္ကဌ ရာထူးကိုလက်ခံစဉ်ကသူဆက်ခံခဲ့သော ဥက္ကဌ ဟောင်း  Saha Group   မှအမှု ဆောင်အရာရှိ ဆန်တီဗီလာဆက်ဒန် နွန်ကသူ့ကိုကျော်ထောက်နောက်ခံပေး ခဲ့ပါတယ်။ မစ္စတာ တာနစ်အုပ်စုကFTI  အစည်းအဝေးကိုခေါ်ယူပြီးမစ္စတာ ပါယွန်ဆက်ကိုဖြုတ်ချဖို့စီစဉ်ခဲ့ပါတယ်။ အဖွဲ့ဝင် ၃၄၈ ဦးတက်ရောက်တဲ့အ စည်းအဝေးမှာ FTI   အကြီးအကဲအဖြစ် ပြန်လည်ထမ်းဆောင်ဖို့ မစ္စတာဆန်တီ ကိုရွေးချယ်ခဲ့ပါတယ်။