Main menu

Background

အမေရိကန်ဘဏ္ဍာရေး စီမံကိန်းတွင် နို့ထွက်လုပ်ငန်းအတွက်ပါ ပါဝင်

Wed, 01/09/2013 - 05:56 -- ydnar

ဘဏ္ဍာရေးချောက်ကမ်းပါးဟု လူသိများနေတဲ့ အလိုအလျောက် အခွန် တိုးမြှင့်မှုနဲ့ အသုံးစရိတ်လျှော့ချရေးကိစ္စကို ရှောင်ရှားစေနိုင်မဲ့သဘောတူ ညီ ချက်ကို အမေရိကန်လွှတ်တော်က ဇန်နဝါရီ ၁ ရက်ကလက်မှတ်ရေးထိုးခဲ့ပါ တယ်။ ဒီသဘောတူညီချက်မှာ နို့ထွက်ပစ္စည်းဈေးနှုန်းတွေမြင့်မားနေတဲ့ နို့ထွက် ပစ္စည်းချောက်ကမ်းပါး "Dairy Cliff" ကျော်လွှားရေးအစီအမံတွေလည်းပါ ဝင်ပါတယ်။ အခွန်နဲ့ ပတ်သက်တဲ့ သဘောတူညီချက်မှာ ၂၀၀၈ ခုနှစ် လယ် ယာမြေဥပဒေကိုသက်တမ်းတိုးပေးပြီး လယ်ယာမြေ ထောက်ပံ့ကြေးအစီ အစဉ် ကို ကိုးလတိုးချဲ့သတ်မှတ်ဖို့ပါဝင်ပါတယ်။ ဒီလိုသတ်မှတ်ပြင်ဆင်ချက် မပြုလုပ် ဘူးဆိုလိုရှိရင် လယ်ယာမြေ ဥပဒေကသက်တမ်းကုန်ဆုံးသွားပြီး နို့ထွက် ပစ္စည်းအတွက် ပေးတဲ့ အမတော် ကြေးက ၁၉၄၉ ခုနှစ်အဆင့်ကိုပြောင်း လဲ ရောက်ရှိသွားနိုင်ပါတယ်။ ယခုတော့ လွှတ်တော်ကိုယ ်စားလှယ် တွေကနောက် ငါးနှစ်စာအတွက် ပြင်ဆင်ပြဌာန်းနိုင်တော့မှာဖြစ်ပါတယ်။ အဲဒီလိုဖြစ်ရင် နို့ ရဲ့လက်လီဈေးက လာမဲ့ ရက်သတ္တပတ် သို့မဟုတ် နှစ်ဆတက်ပြီးတစ်ဂါလံကို ခုနှစ် ဒေါ်လာထိ ရှိလာနိုင်ပါတယ်။

အမေရိကန်လွှတ်တော်ကိုယ်စားလှယ်တွေက ၂၀၀၈ ခုနှစ်လယ်ယာမြေ ဥပဒေကိုအစားထိုးပြီး နောက်ငါးနှစ်အတွက် လယ်ယာမြေဥပဒေမူကြမ်းကို ယခုအချိန်ထိအပြီးသတ် မရေးဆွဲရသေးပါဘူး။ ၂၀၀၈ ခုနှစ်လယ်ယာမြေ ဥပဒေကို ထပ်မံသက်တမ်း တိုးလိုက်တဲ့အတွက် အမေရိကန်ပြည်သူ့ လွှတ် တော်အတွက် လယ်ယာမြေဥပဒေကြမ်းကိုပြုစုဖို့ အချိန်ပိုရသွားပြီးတိုက်ရိုက် ငွေ ထုတ်နိုင်ခွင့်ကိုလည်း ရရှိစေပါတယ်။