Main menu

Background

ဗီယက်နမ် တစ်နိုင်ငံလုံးတွင် အီလက်ထရွန်းနစ် အကောက်ခွန်စနစ်ကိုကျင့်သုံး

Wed, 01/09/2013 - 05:58 -- ydnar

အသစ်ထုတ်ပြန်လိုက်တဲ့ ဒီဂရီအ မိန့်အရဗီယက်နမ်တစ်နိုင်ငံလုံးမှာရှိတဲ့ အကောက်ခွန်ရုံးတွေအားလုံးက အီ လက်ထရွန်းနစ်အကောက်ခွန်စနစ် (E- Customs)   နဲ့ဆောင်ရွက်ပေးတော့ မှာဖြစ်ကြောင်း ဗီယက်နမ ်ရဲ့အထွေ ထွေအကောက်ခွန်အုပ်ချုပ်ရေးဌာနက ဇန်နဝါရီ ၂ ရက်ကကြေညာပါတယ်။ E- Customs  လုပ်ထုံးလုပ်နည်းတွေက စီးပွားရေးလုပ်ငန်းတွေကို အချိန်နဲ့ကုန် ကျစရိတ်သက်သာစေမှာ ဖြစ်ကြောင်း ဟိုင်ဖုန်မြို့မှာ ဇန်နဝါရီ ၂ ရက်ကပြု လုပ်တဲ့ဖွင့်ပွဲအခမ်းအနားမှာ အမှာစ ကားပြောကြားချိန်ကအကောက်ခွန် အထွေထွေအုပ်ချုပ်ရေးဌာန ဒုတိယ ဦးစီးမှူးဗူငေါ့အန်းက ပြောပါတယ်။

ရှေ့ပြေး စမ်းသပ် အစီအစဉ်ကို ဟိုချီမင်းစီးတီးနဲ့ မြောက်ပိုင်း ဟိုင်ဖုန်စီး တီမှာ ၂၀၀၅ ခုနှစ်ကစတင်ဆောင်ရွက် ခဲ့ပြီးနောက် ဟနွိုင်၊ ဒါနန်း၊ ဒေါင်နိုင် နဲ့ဘင်ဒေါင်းတို့အပါအဝင်အခြားဒေသ တွေကို တိုးချဲ့ ဆောင်ရွက်ခဲ့ပါတယ်။ ဗီယက်နမ်ရှိအကောက်ခွန်ဌာန ၃၄ ခု အနက် ၂၁ မှာ လွန်ခဲ့တဲ့နှစ်ကစပြီး အွန်လိုင်းဝန်ဆောင်မှုတွေပေးခဲ့ပါတယ်။ စုစုပေါင်းလုပ်ငန်းပေါင်း ၅၇၅၀၀ ကို ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် အကောက်ခွန်လျှောက် လွှာပေါင်း ၃ ဒသမ ၄၇ သန်းကို အီလက်ထရွန်းနစ်စနစ်နဲ့ ဆောင်ရွက် ပေးနိုင်တဲ့အတွက် တင်သွင်းတဲ့လျှောက် လွှာပုံစံစုစုပေါင်းရဲ့ ၉၅ ဒသမ ၈ ရာခိုင် နှုန်းကိုဆောင်ရွက် ပေးနိုင်ခဲ့တာဖြစ်ပါ တယ်။ စီးပွားရေးလုပ်ငန်းတွေက အ ကောက်ခွန်ကြေညာလွှာကို အွန်လိုင်း ကတင်သွင်း နိုင်မယ်ဆိုရင် အချိန်၊ ကုန် ကျစရိတ်နဲ့လုပ်အားခသက်သာမယ်ဆို တာကိုခုနစ်နှစ်တာဆောင်ရွက်ခဲ့တဲ့အောင် မြင်မှုကို ကြည့်ခြင်းဖြင့် သိနိုင်ကြောင်း အကောက်ခွန် ပြုပြင် ပြောင်းလဲရေး ဘုတ်အဖွဲ့ရဲ့ ဒုတိယဦးစီးမှူးထရန်ငေါ့ဒင်း ကပြောပါတယ်။ E- Customs  ကို အသုံးပြုရင်လုပ်ထုံးလုပ်နည်းဆိုင်ရာ အသုံးစရိတ်ကို ၂၀ ရာခိုင်နှုန်းလျှော့ ချနိုင်လိမ့်မယ်လို့ အကောက်ခွန် အုပ် ချုပ်ရေးဌာနက ခန့်မှန်းပါတယ်။ E- Customs  စနစ်နဲ့ ဆောင်ရွက် ရင်အကောက်ခွန်ရှင်းလင်းမှုကို တစ် ရက် ၂၄ နာရီ၊ ရက်သတ္တပတ် ခုနစ်ရက် ဆောင်ရွက်နိုင်ပါတယ်။ ထိုမျှမက ယခုလုပ်ထုံးလုပ်နည်း တွေကစွန့်စားရမဲ့အန္တရာယ်ကိုလျှော့ချ နိုင်မယ်လို့ သူကပြောပါတယ်။ ၂၀၁၂ ခုနှစ် ပထမ ၁၁ လမှာ အကောက်ခွန်ကြေညာလွှာ ၃ ဒသမ ၂ သန်းသို့မဟုတ် တင်သွင်းတဲ့ကြေ ညာလွှာစုစုပေါင်းရဲ့ ၈၇ ရာခိုင်နှုန်းကို အွန်လိုင်းနဲ့ဆောင်ရွက်နိုင်ခဲ့ပါတယ်။