Main menu

Background

မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ငွေကြေးရက်သတ္တပတ်

Wed, 01/09/2013 - 06:20 -- ydnar

ယခုရက်သတ္တပတ်အတွင်းမှာ အမေရိကန်ပြည်ထောင်စုက ဒေါ်လာ ဘီလီယံ ၆၀၀ ရှိစေမဲ့ အစီအစဉ်ဖြစ်တဲ့ အခွန်တိုးမြင့်မှုနဲ့ အသုံးစရိတ်လျှော့ချမှု အစီအစဉ်ကို ရှောင်ရှားနိုင်ခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုမှ ငွေကြေး ဆိုင်ရာစွန့်စားမှုအန္တရာယ်တွေလျော့ပါး စေခဲ့ပါတယ်။ ဒါကြောင့်် ယခုရက်သတ္တ အတွင်း တောင်ကိုရီးယားဝမ်နဲ့ မလေး ရှားရင်းဂစ်တို့ဦးဆောင်ပြီး အာရှငွေကြေး တွေတန်ဖိုးမြင့်တက်ခဲ့ရပါတယ်။

 
"ဘဏ္ဍာရေးချောက်ကမ်းပါးပြဿ နာကို နှောင့်နှေးစေမဲ့ဥပဒေကို အမေရိ ကန်ပြည်ထောင်စု လွှတ်တော်က အ တည်ပြုပေးခဲ့ပြီးနောက်ပိုင်း ထွန်းသစ်စ ဈေးကွက်တွေရဲ့ အက်ဆက်တွေ ၂၀၁၃ ခုနှစ်တာအထွက်မှာ တန်ဖိုးမြင့်ခဲ့ပါတယ်"ဟု ဟောင်ကောင်ရှိ Credit Agricole  မှငွေကြေးမဟာဗျူဟာမှူး ဒါးရစ်ကိုဝါဇစ် ကပြောပါတယ်။ "ဘဏ္ဍာရေးချောက်ကမ်းပါးပြဿ နာအတွက် အဖြေထွက်သွားတာက ကမ္ဘာ့စီးပွားရေး နှေးကွေးကျဆင်းမှုအတွက် စိုးရိမ်စရာတွေကို တစ်စိတ်တစ်ပိုင်းဖယ် ရှားပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ဒါက အမြဲ တမ်းတည်တံ့မဲ့အဖြေမဟုတ်ဘူး"လို့ စင် ကာပူအခြေစိုက် Common wealth Bank of Australia   မှအင်ဒီဂျီကပြော ပါတယ်။
တရုတ်ယွမ် ဒေါ်လာနဲ့ ဖလှယ်ရာမှာ ယွမ်ရဲ့ လက်ရှိတန်ဖိုးတစ်ဒေါ်လာကို ၆ ဒသမ ၂၃ ယွမ်ခွင်မှာရှိနေပြီး ဈေးကွက်တည် ငြိမ်တဲ့ လက္ခဏာပြနေတဲ့အတွက် ဇန်န ဝါရီ ၄ ရက်နေ့မှာ ယွမ်ငွေကြေးတန်ဖိုး က အတက်အကျမရှိ တန့်နေတတ်ပါ တယ်။ ငွေကြေးနှစ်ခုစလုံးရဲ့ ဝယ်လို အားနဲ့ ရောင်းလိုအားအများကြီး မျှတမှု ရှိနေပါ တယ်။ ယွမ်ငွေကြေးတန်ဖိုးက ဒီဇင်ဘာ ၃၁ ရက်က ဈေးအတိုင်းရှိနေ ပြီး ဇန်နဝါ ရီ ၄ ရက်မှာ တစ်ဒေါ်လာ ကို ၆ ဒသမ ၂၃၀၃ ယွမ်နှုန်းရှိနေပါ တယ်။ တရုတ် ဈေးကွက်က တနင်္လာ နေ့ကနေ ကြာသပတေးနေ့(ဇန်နဝါရီ ၃ ရက်)အထိ နှစ်သစ်ကူးအဖြစ်ပိတ်ထား ပါတယ်။ တရုတ် ဗဟိုဘဏ်က ငွေလဲ နှုန်းကို တနင်္လာနေ့က နှုန်း ၆ ဒသမ ၂၈၅၅ နှုန်းထက် အနည်းငယ်တန်ဖိုး ချပြီး ၆ ဒသမ ၂၈၉၇ နှုန်းသတ်မှတ်ပါ တယ်။
အိန္ဒိယရူပီး ကမ္ဘာ့ဈေးကွက်ခိုင်မာမှုရှိနေတဲ့အ တွက် အမေရိကန်ဒေါ်လာကို သွင်း ကုန် လုပ်ငန်းရှင်တွေက ဝယ်လိုအား မြင့်တက်လာတဲ့အတွက် ဘဏ်အချင်း ချင်းဖလှယ်တဲ့ နိုင်ငံခြားငွေဈေးကွက်မှာ ဇန်နဝါရီ ၄ ရက်က ရူပီးတန်ဖိုးက သုည ဒသမ ၃၃ ရူပီးနှုန်းကျဆင်းပြီး တစ်ဒေါ် လာကို ၅၄ ဒသမ ၈၃ ရူပီးနှုန်းဖြစ်ခဲ့ပါ တယ်။ ပင်လယ်ရပ်ခြားမှာ ယူရိုနဲ့ ယန်းတို့နဲ့ ဖလှယ်ရာမှာ ဒေါ်လာတန်ဖိုး မြင့်တက်မှုအပြင် ရေနံတင်သွင်းသူ များက ဒေါ်လာဝယ် လိုအားမြင့်တက်မှု နဲ့ ရှယ်ယာဈေး ကျဆင်းမှုကလည်း ရူပီး တန်ဖိုးအတက်အကျကို အကျိုးသက် ရောက်မှုရှိခဲ့တယ်လို့ နိုင်ငံခြားငွေ ဝယ် ရောင်းသမားတွေက ပြောပါတယ်။
ဂျပန်ယန်း ဂျပန်ဝန်ကြီးချုပ်သစ်က ငွေကြေး မူဝါဒလျှော့ချမှုကို အသည်းအသန် ဆောင်ရွက်ဖို့ ရည်ရွယ်လာတဲ့အတွက် ယန်းငွေကြေးအထုတ်ပိုများလာပါတယ်။ ဒါကြောင့် ဇန်နဝါရီ ၄ ရက်က ယန်း ငွေကြေးနဲ့ ဖလှယ်ရာမှာ ဒေါ်လာတန် ဖိုးက နှစ်နှစ်အတွင်းအနိမ့်ဆုံးကို ရောက်ရှိခဲ့ပါတယ်။ ဇန်နဝါရီ ၄ ရက်အာရှဈေးကွက် မှာ တစ်ဒေါ်လာကို  ၈၇ ဒသမ ၆၃ ယန်းရှိခဲ့ရာမှ ၂၀၁၀ ပြည့်နှစ်နောက် ပိုင်းအမြင့်ဆုံးဖြစ်ခဲ့ပါတယ်။ ဇန်နဝါရီ ၃ ရက်ကရှိခဲ့တဲ့ ၈၇ ဒသမ ၁၉ ယန်းနဲ့ နှိုင်းယှဉ်ရင် တန်ဖိုးတက်ခဲ့ပါတယ်။ ယူ ရိုငွေကြေးတန်ဖိုးက ဒေါ်လာနဲ့ ဖလှယ် ရာမှာ တစ်ယူရိုကို ၁ ဒသမ ၃၀၅၂ ဒေါ်လာနှုန်းနဲ့ ၁ ဒသမ ၃၀၂၆ ဒေါ်လာသို့ကျဆင်းပြီး ယန်းနဲ့ ဖလှယ် ရာမှ ၁၁၃ ဒသမ ၈၀ ယန်းမှ ၁၁၄ ဒသမ ၂၁ ယန်းသို့ပြောင်းလဲတိုးတက် ခဲ့ပါတယ်။ ဒီဇင်ဘာကုန်ပိုင်းမှာ ရာထူးတာ ဝန်စတင်ထမ်းဆောင်ခဲ့တဲ့ ဂျပန်ဝန်ကြီး ချုပ်က ငွေကြေးမူဝါဒလျှော့ချမှုတွေကို ပြတ်ပြတ်သားသား လုပ်တော့မှာဖြစ်တဲ့ အတွက် ဂျပန်ယန်းတန်ဖိုးက အဲဒီအချိန် ကစပြီး ဆက်တိုက်ကျဆင်းခဲ့ပါတယ်။
မလေးရှားရင်းဂစ် ဇန်နဝါရီ ၄ ရက်မနက်ပိုင်းဈေး ကွက်မှာ ကုန်သည်တွေက ရင်းဂစ်ကို အမြတ်နဲ့ ပြန်ထုတ်လာ ကြတဲ့အတွက် ရင်းဂစ်တန်ဖိုးကျဆင်းခဲ့တယ်လို့ ဝယ် ရောင်းသမားတွေက ပြောပါတယ်။ ရင်းဂစ်တန်ဖိုးက ဇန်နဝါရီ ၃ ရက် မှာ တစ်ဒေါ်လာကို ၃ ဒသမ ၀၃၀၀ ရင်းဂစ်နှုန်းရှိရာမှ ဇန်နဝါရီ ၄ ရက် မနက် ၉ နာရီ ၀၈ မိနစ်မှာ တစ်ဒေါ်လာ ကို ၃ ဒသမ ၀၄၂၅ ရင်းဂစ်နှုန်းဖြစ်ခဲ့ ပါတယ်။ ပြည်ပမှာ အခြေအနေတွေ ကောင်းမွန်နေတဲ့ ရင်းဂစ်တန်ဖိုးက ရက် သတ္တပတ်ခုနှစ်ပတ်အတွင်း အမြင့်ဆုံး ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ရင်းဂစ်တန်ဖိုး ကအခြားအဓိကငွေကြေးတွေနဲ့ ဖလှယ် ရာမှာ အများအားဖြင့် တန်ဖိုးမြင့်တက် ခဲ့ပါတယ်။
တောင်ကိုရီးယားဝမ် ယခုရက်သတ္တပတ်အတွင်း အ ပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ အဖွဲ့တွေက အိန္ဒိယ၊ တရုတ် (တိုင်ပေ) နဲ့တောင်ကိုရီးယားစတော့တွေ ပိုမိုဝယ် ယူခဲ့တာက ဒေါ်လာ ၁ ဒသမ ၁ ဘီလီ ယံထိရှိခဲ့ပါတယ်။ ထို့ပြင် အမေရိကန် ပြည်ထောင်စုမှာ ဘဏ္ဍာရေးဆိုင်ရာသ ဘောတူညီချက်ရရှိတဲ့အတွက် ကိုရီး ယားဝမ်တန်ဖိုးကို မြင့်တက်စေခဲ့ပါတယ်။ ဝမ်ငွေတန်ဖိုးက ယခုရက်သတ္တပတ်ထဲ မှာ သုည ဒသမ ၆ ရာခိုင်နှုန်းမြင့်တက် ပြီး ဆိုးလ်မြို့မှာ ဇန်နဝါရီ ၄ ရက် နေ့ လည် ၁ နာရီ ၄၄ မိနစ်က တစ်ဒေါ် လာကို ၁၀၆၄ ဒသမ ၄၃ ဝမ်နှုန်းရှိခဲ့ ပါတယ်။
ထိုင်းဘတ် ၂၀၁၃ ခုနှစ်မှာ ဘွန်းစာချုပ်ဝယ် ယူရေးအစီအစဉ်ကို ငွေကြေးအာဏာ ပိုင်တွေကအဆုံး သတ်တော့မယ့်အခြေ အနေကို အမေရိကန်ပြည်ထောင်စုဗဟို ဘဏ်က ဆုံးဖြတ်ပြီးနောက်ပိုင်း ၂၀၀၈ ခုနှစ်နောက်ပိုင်း ရက်သတ္တပတ်အလိုက် အမြင့်ဆုံးဖြစ်ခဲ့တဲ့ ဘတ်ငွေတန်ဖိုးပြန် လည်ကျဆင်းခဲ့ပါတယ်။ ဘလွမ်းဘတ် ကပြုစုထားတဲ့ စာရင်းအရ ဘတ်ငွေ တန်ဖိုးက ဘန်ကောက်မှာ ဇန်နဝါရီ ၄ ရက်မနက် ၉ နာရီ ၂၇ မိနစ်က သုည ဒသမ ၂ ရာခိုင်နှုန်းကျဆင်းပြီး တစ် ဒေါ်လာကို ၃၀ ဒသမ ၄၃ ဒေါ်လာ နှုန်းရှိခဲ့ပါတယ်။