Main menu

Background

ထိုင်းဗဟိုဘဏ်က နည်းဥပဒေများကို လျှော့ချ

Wed, 01/09/2013 - 06:24 -- ydnar

အခက်အခဲတွေ့နေသောဘဏ်များကို ငွေထုတ်ချေးတဲ့အခါ ဘဏ္ဍာရေး ကယ်တင်မှုရန်ပုံငွေများရဲ့ အနာဂတ်လုပ်ငန်းရပ်တွေကို အထောက်အကူဖြစ် စေဖို့နဲ့သက်ဆိုင်ရာအဖွဲ့အစည်းများအတွက် ငွေထုတ်ချေး တဲ့အခါ လိုက်နာ ရမည့်စည်းမျဉ်းစည်းဥပဒေတွေကိုလျှော့ချပေးဖို့ဆောင်ရွက်ထားတဲ့ ထိုင်းဗဟို ဘဏ်ရဲ့ ဥပဒေပြင်ဆင်ချက်နှစ်ခုကို ဝန်ကြီးအဖွဲ့က အတည်ပြုပေးခဲ့ပါတယ်။ ထိုင်းဗဟိုဘဏ် ဥပဒေ ကိုပြင်ဆင်ဖို့အတွက် ဝန်ကြီးအဖွဲ့ရဲ့အတည်ပြုချက်ကို အောက်တိုဘာလအတွင်းမှာ ထိုင်းဗဟိုဘဏ်က လက်ခံရရှိခဲ့ပါတယ်။ ပြင်ဆင် ချက်အရဝန်ကြီးအဖွဲ့က အတည်ပြုထားတဲ့ လမ်းညွှန်မှုတွေအရ သတ်မှတ်ထား တဲ့စည်းကမ်းချက်တွေအရ အခြေခံထားသော အပေါင်ခံပစ္စည်းပါသည်ဖြစ်စေ မပါသည်ဖြစ်စေ အခက်ခဲ တွေ့နေတဲ့ ဘဏ်တွေကိုငွေထုတ်ချေးဖို့ ထိုင်းဗဟို ဘဏ်ကဘဏ္ဍာရေးအဖွဲ့အစည်းများ ဖွံ့ဖြိုးရေး ရန်ပုံငွေအဖွဲ့ (FIDF)  ကိုခွင့် ပြုပေးနိုင်မှာ ဖြစ်ပါတယ်။ ထိုပြင် အခက်အခဲတွေ့ နေတဲ့ဘဏ်တွေရဲ့ရှယ်ယာ တွေကိုဝယ်ခွင့်ရှိပါမယ်။ သို့မဟုတ် အခြားကြွေးမြီဆိုင်ရာ စာချုပ်စာတမ်းတွေ ကိုဝယ်ယူခွင့်ရှိပါမယ်။

ဒါပေမဲ့ ပြန်လည်ထူထောင်ရေး စီမံကိန်းကို ဝန်ကြီးအဖွဲ့သို့တင်ပြအတည် ပြုချက်မတောင်းခံမီ FIDF ကဗဟိုဘဏ်နဲ့ သူရဲ့ဘဏ္ဍာရေး အဖွဲ့အစည်း များကြီးကြပ်ရေး ကော်မတီကို ညှိနှိုင်း ဆွေးနွေးရပါမယ်။ အဖွဲ့ဝင် ကာကွယ် ရေးအေဂျင်စီရဲ့ အတိုင်းအတာနယ်ပယ် ဘဏ်အက်ဆက်များကိုငွေဖြစ်လွယ် အောင် ဆောင်ရွက်ရာတွင်လည်းကောင်း၊ အပ်နှံသူများကိုလျော်ကြေးပေးရာတွင် လည်းကောင်း အကန့်အသတ် ရှိနေတဲ့အတွက် ပြင်ဆင်ချက် ဥပဒေအရ ဘဏ် များ၏ ပြဿနာများကို ဖြေရှင်းပေးတဲ့ အဖွဲ့အစည်းအဖြစ် FIကို အခွင့် အာဏာများ အပ်နှင်းထားပါတယ်။