Main menu

Background

တောင်ကိုရီးယား အတိုးနှုန်းမူဝါဒကြောင့် ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှုဘဏ်တို့ အမျိုးမျိုးရှုမြင်

Wed, 01/09/2013 - 06:30 -- ydnar

တောင်ကိုရီးယားနိုင်ငံရဲ့ နာလန် ထူမှုက အတန်အသင့်သာရှိမယ်။ငွေ ကြေးဖေါင်းပွမှုကလည်း တည်ငြိမ်မယ် လို့ခန့်မှန်းထားပါတယ်။ဒါကြောင့်ယခု နှစ်အတွက် တောင်ကိုရီးယားနိုင်ငံရဲ့ ငွေကြေးမူဝါဒ အလားအလာကို ကမ္ဘာ့ ရင်းနှီးမြှုပ်နှံမှုဘဏ် (IBS) တွေက အမျိုးမျိုးရှုမြင်သုံးသပ်ကြပါတယ်။

ယခုနှစ်တစ်လျှောက်လုံးမှာ တောင်ကိုရီးယားဗဟိုဘဏ် (BOK)က အတိုးနှုန်းကိုပုံမှန်အတိုင်း ဆက်ထိန်း ထားလိမ့်မယ်လို့ ဂိုးလ်မန်းဆက်ဘဏ် ကခန့်မှန်းထားကြောင်းနဲ့ ဒီလိုခန့်မှန်း ထားတာကလည်း ၂၀၁၃ ခုနှစ်အတွက် ခန့် မှန်းထားတဲ့ စားသုံးသူဈေးနှုန်းတွေ အနည်းငယ်မြင့်တက်တဲ့ အခြေအနေ ကိုကြည့်ပြီးခန့်မှန်းတာဖြစ်ကြောင်း ကိုရီးယားအပြည်ပြည်ဆိုင်ရာဘဏ္ဍာရေး စင်တာရဲ့ အစီရင်ခံစာမှာဖော်ပြထား ပါတယ်။ တောင်ကိုရီးယားဗဟိုဘဏ်က ၂၀၁၂ ခုနှစ်အတွင်းမှာ အတိုးနှုန်းကို နှစ်ကြိမ်လျှော့ချခဲ့ရာ ၂ ဒသမ ၇၅ ရာခိုင်နှုန်းမှ တစ်ကြိမ်လျှင် ၀ ဒသမ ၂၅ ရာခိုင်နှုန်းစီလျှော့ချခဲ့ပါတယ်။ အမေရိကန်မူရီလင့်ဘဏ်က လက်ရှိဖြစ်ပေါ်နေတဲ့ နာလန်ထူတဲ့ နှုန်းနဲ့ငွေဖေါင်းပွနှုန်းတည်ငြိမ်နေတာကို အကြောင်းပြုပြီး အတိုးနှုန်းနဲ့မပြောင်း မလဲဘဲရှိလိမ့်မယ်လို့ ခန့်မှန်းပါတယ်။ တောင်ကိုရီးယားရဲ့ စားသုံးသူ ဈေးနှုန်းအညွှန်းကိန်းက ဒီဇင်ဘာထိ လေးလပတ်အတွင်း တိုးတက်နှုန်းနှေးကွေး နေပြီး နှစ်အလိုက်နှိုင်းယှဉ်ရင် ၁ ဒသမ ၄ ရှိခဲ့တဲ့အတွက် ဗဟိုဘဏ်ကတွက် ချက်ထား တဲ့ ၃ ရာခိုင်နှုန်းခွင်အောက် ကျဆင်းနေပါတယ်။ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် တခြား ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှုဘဏ်တွေက တောင်ကိုရီးယားဗဟိုဘဏ်က ဗဟိုဘဏ်အတိုးနှုန်းကို နှစ်ဦးပိုင်းမှာ လျှော့ချမဲ့ အလားအလာရှိတယ်လို့ခန့် မှန်းထားပါတယ်။ ပို့ကုန်တွေ နာလန်ထူလာတဲ့ အခြေအနေရှိနေပေမဲ့ ယခုနှစ်မတ်လ မတိုင်မီ တောင်ကိုရီးယားဗဟိုဘဏ်က အတိုးနှုန်းကို လျှော့ချမဲ့အလားအလာ ရှိတယ်လို့ ဘာကလေကက်ပီတယ်က ခန့်မှန်းပါတယ်။ ငွေဖောင်းပွနှုန်း နိမ့်ကျနေတဲ့အ တွက် ဗဟိုဘဏ်ကငွေကြေးမူဝါဒ လျှော့ချတာကို ထပ်မံဆောင်ရွက်ရမှာ ဖြစ်လို့ ၂၀၁၃ ခုနှစ်မှာ အတိုးနှုန်းကို နောက်ထပ်လျှော့ချနိုင်ဖွယ်ရှိတယ်လို့ တချို့ ဆန်းစစ်သူတွေက ခန့်မှန်းပါ တယ်။