မလေးရှားနိုင်ငံထဲကို နိုင်ငံခြားခရီး သွားတွေ ဝင်ရောက်တဲ့အရင်းအမြစ် တွေထဲမှာ စင်ကာပူနိုင်ငံက အရေးပါ နေဆဲဖြစ်ကြောင်း Tourism Malaysia ကယူဆထားပါတယ်။ မလေးရှား နိုင်ငံထဲ နှစ်စဉ်ဝင်ရောက်လာတဲ့ နိုင်ငံခြားခရီးသွားတွေထဲမှာ စင်ကာပူ နိုင်ငံသားတွေက ၅၀ ရာခိုင်နှုန်းရှိနေပါ တယ်။
လာမယ့်နှစ်တွေထဲမှာ စင်ကာပူ နိုင်ငံသားတွေ မလေးရှားနိုင်ငံထဲကို အများကြီးလာရောက် လည်ပတ်မယ်လို့ ခန့်မှန်းထားကြောင်း အထူးသဖြင့် Visit Malaysia Year 2013-2014 ကာလ တွေဖြစ်ကြောင်း စင်ကာပူနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ဇာလီဇမ်ဇာကာ ရီးယားကပြောပါတယ်။စင်ကာပူခရီးသွားတွေ ဝင်ရောက် လာရာမှာ အင်ဒိုနီးရှားနဲ့ တရုတ်နိုင်ငံ တွေပြီးရင် မလေးရှားနိုင်ငံက တတိယ အများဆုံးနိုင်ငံဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် ဇန်နဝါရီမှ သြဂုတ်လအတွင်း စင်ကာပူ က မလေးရှားနိုင်ငံထဲကို ခရီးသွား ဝင်ရောက်မှု ၇ ဒသမ ၉၃၀ သန်းရှိ တယ်လို့ ဇာလီဇမ်က ပြောပါတယ်။ ဒါပေမယ့် ၂၀၁၁ ခုနှစ် အလားတူ ကာလနဲ့ နှိုင်းယှဉ်ရင် ၇ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းပါတယ်။မလေးရှားနဲ့ စင်ကာပူနိုင်ငံတို့က ခရီးသွားကဏ္ဍမှာ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် အားဖြည့်ပေး နေကြောင်း ဇာလီဇမ်ကပြောပါတယ်။မလေးရှားနိုင်ငံမှာ ထုတ်ကုန်သစ် တစ်နည်းအားဖြင့် ခရီးသွားဆွဲဆောင်မှု ဒေသတွေဖွင့်ပေးတာက မလေးရှား နိုင်ငံမှာ စင်ကာပူနိုင်ငံသားတွေ ရက် သတ္တပတ်ကုန်နဲ့ အားလပ်ရက်တွေမှာ လာဖို့ နေရာရွေးချယ်စရာများလာလို့ ဖြစ်ကြောင်း သူက ပြောပါတယ်။ ဒီဒေသတွေထဲမှာ Johor Premium Outlet ၊ လက်ဂိုလင်းနဲ့ ဟဲလိုကစ်တီ တောင်း(ကာတွန်းဇာတ်ကောင်)စတဲ့ နေရာတွေပါဝင်ပါတယ်။ထိုနည်းတူ Bay Park က ဖွင့်တဲ့ ဥယျာဉ်နဲ့ ယူနီဗာဆယ်စတူဒီယိုတိုးချဲ့ ဆောက်လုပ်မှုစတဲ့ ဆွဲဆောင်မှုဒေသ တွေက မလေးရှား နိုင်ငံသားတွေ အားလပ်ရက်မှာ စင်ကာပူနိုင်ငံကို လာရောက် အပန်းဖြေဖို့ ဆွဲဆောင် မှုတွေ ရှိခဲ့ပါတယ်။နည်းလမ်းသစ်တွေ တီထွင်ချမှတ် ထားတဲ့အတွက် ယခုအခါ စင်ကာပူ နိုင်ငံသားတွေက မလေးရှားနိုင်ငံမှာ အားလပ်ရက်အပန်းဖြေဖို့ ရွေးချယ်စရာ တွေရှိလာပါတယ်။ အရေးအကြီးဆုံး အချက်က သူတို့လာ ရောက်လည်ပတ် တဲ့ အကြိမ်များလာတဲ့အတွက် ဝင် ရောက်မှုအရေအတွက် ပိုများလာရ တယ် လို့ သူက ပြောပါတယ်။နောက်အသုံးပြုတဲ့နည်းလမ်းက လူသိနည်းတဲ့ခရီးသွားဆွဲဆောင်မှုတွေ ကို ပုံနှိပ်မီဒီယာတွေကတစ်ဆင့် ဖော်ပြ ပေးတာဖြစ်ပါတယ်။ စာဖတ်သူတွေ အတွက် အချက်အလက်တွေ ပိုရပြီး စိတ်ဝင်စားစရာတွေ ဖြစ်လာစေခဲ့ပါ တယ်။နောက်တစ်နည်းက စင်ကာပူမှာ ပြုလုပ်တဲ့ ကုန်စည်ပြပွဲတွေမှာ မလေး ရှား ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို ပိုမိုပါ ဝင်ပြသလာအောင်အားပေးပြီး သူတို့ ရဲ့ထုတ်ကုန် သို့မဟုတ် ခရီးစဉ်တွေကို ဖောက်သည်တွေနဲ့ တိုက်ရိုက်ထိတွေ့ နိုင်အောင် ဆောင်ရွက်ပေးတာဖြစ် တယ်လို့ ဇာလီဇမ်က ပြောပါတယ်။နောက်တစ်နည်းက ယခုအခါ စင်ကာပူမှာ ပေါ်ပြူလာဖြစ်နေတဲ့ အားကစားဖြစ်တဲ့ စက်ဘီးစီးခရီးထွက် တာကို မလေးရှားမှာစီစဉ်ပေးတာဖြစ် ပါတယ်။မော်တော်ကားကလပ်အသင်းတွေ နဲ့ဆက်သွယ်ပြီး မလေးရှားမှာကိုယ်တိုင် ကားမောင်းတဲ့ အလေ့အကျင့် ကိုလည်း ဆောင်ရွက်ပေးတယ်လို့ သူကပြောပါ တယ်။