ငွေကြေးထုတ်ဝေမှုနဲ့ ပတ်သက်ပြီး မူဘောင်တစ်ခုကို အာရှဖွံ့ ဖြိုးရေးဘဏ်(အေဒီဘီ)ရဲ့ လေ့လာချက်တစ်ခုမှာ အကြံပြုထားပါတယ်။ဒီမူဘောင်အရ ဒေသတွင်းမှာရှိတဲ့ အစိုးရအသီးသီးက သူတို့ရဲ့ ငွေလဲ လှယ်နှုန်းမူဝါဒတွေကို ပေါင်းစပ်ညှိနှိုင်းနိုင်တဲ့အပြင် ငွေကြေးတွေကို စစ် ဆေးတာနဲ့ တန်ဖိုးချတာ တွေကို ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။
ငွေကြေးအမျိုးမျိုးရဲ့ စွမ်းဆောင်ရည်ကို အကဲဖြတ်ဖို့နဲ့ဒေသတွင်း မှာ ငွေကြေးဖလှယ်နှုန်း တည်ငြိမ်မှုကို မြှင့်တင်ဖို့အတွက် ဒီလို မူ ဘောင်မျိုး လိုအပ်ကြောင်း အေဒီဘီတက္ကသိုလ် သုတေသနပညာရှင် ဒေါက်တာဗစ်တာပွန်တီနက်စ်ရဲ့ လေ့လာချက်မှာ ဖော်ပြထားပါတယ်။ ဒီမူဘောင်ရဲ့အသေးစိတ်ကို ဇန်နဝါရီ ၉ ရက်မှာ မာကာတီအဆောက် အအုံမှာ အစိုးရအကြံပေးအဖွဲ့ Philippine Institute for Development Studies (PIDS) က ကျင်းပပေးမဲ့ ဖိုရမ်ဆွေးနွေးမှာ ပွန်တီ နက်စ်က ရှင်းလင်းတင်ပြမှာဖြစ်ပါတယ်။အာရှမှာ လေ့လာထောက်လှမ်းမှုတွေ ပြုလုပ်နိုင်ဖို့အတွက် Asian Currency Unit (ACU) Index ရဲ့ အသုံးဝင်မှုကို လေ့လာ မှုပြုခဲ့တယ်လို့ PIDS ရဲ့ အကြံပြုချက်မှာ ဖော်ပြထားပါတယ်။ ဒေသ အတွက် လိုအပ်ချက်တစ်ခုက ဒေသအချင်းချင်း ငွေကြေးဖလှယ်နှုန်း တည်ငြိမ်ဖို့အတွက် ငွေကြေးဖလှယ်နှုန်းမူဝါဒ ပေါင်းစပ်ညှိနှိုင်းမှုလို အမျိုး အစားမျိုးလိုကြောင်း ဒေါက်တာပွန်တီနက်လိုပဲ အလားတူ လေ့လာ ချက်တစ်ခုမှာ ဖော်ပြထားတယ်လို့ PIDS က ပြောပါတယ်။လေ့လာစောင့်ကြည်မှုအတွက် ချက်ချင်းလိုအပ်ချက်အဖြစ် အာရှ ဒေသက ACU ကို ဘယ်လိုအသုံးပြုရမယ်ရမယ်ဆိုတဲ့ နည်းလမ်းတွေ ကို ဒေါက်တာပွန်တီနက်စ်က ညွှန်ပြထားပါတယ်။ ဒီလိုဆောင်ရွက်ရင် ငွေကြေးတစ်ခုခုရဲ့ တန်ဖိုးကို မြှင့်တင်ထားခြင်း ရှိ မရှိ၊တန် ဖိုးချထားခြင်း ရှိ၊ မရှိကို ဒေသတွင်းရှိ ACU ပျမ်းမျှတန်ဖိုးနဲ့ တိုက်ဆိုင်စစ်ဆေးရာမှာ အထောက်ပြုနိုင်မှာဖြစ်ပါတယ်။ACU Index က ဒေသတွင်း စီးပွား ရေးတစ်ခုချင်းရဲ့အတွင်းမှာ တည်ရှိနေတဲ့ အတက်အကျ အခြေအနေ တွေကို လေ့လာရာ မှာ အထောက်အကူဖြစ်လိမ့်မယ်လို့ ပွန်တီနက်က ပြောပါတယ်။