ထိုင်း နိုင်ငံက G2G အစီအစဉ်အရ ဆန်တင်ပို့မှု မြှင့်တင်သွားရန် စီစဉ်
ထိုင်းအစိုးရအနေနဲ့ အစိုးရအချင်းချင်း ညှိနှိုင်းမှုအစီ အစဉ် (G2G) အရ ၂၀၁၃ ခုနှစ်မှာ ဆန်တန်ချိန် ၇ သန်း အထိ ရောင်းချနိုင်ဖို့ စီစဉ်ထားတယ်လို့ သိရတယ်။ ၎င်း ပမာ ဏဟာ ၂၀၁၂ ခုနှစ် စက်တင်ဘာလအတွင်းက ထိုင်းစီးပွား ကူးသန်းဝန်ကြီးဌာနက ကြေညာခဲ့တဲ့ ဆန်တန်ချိန် ၇ ဒသမ ၃၃ သန်း (G2G အစီအစဉ်အရ) မှာ ပါဝင်ခြင်းမရှိဘဲ နောက် ထပ်တင်ပို့ဖို့ ရည်မှန်းထားတဲ့ပမာဏဖြစ်တယ်လို့ သိရတယ်။ ဒါပေမဲ့ ထိုင်းဆန်ဈေးနှုန်း များ လျှော့ချပေးခြင်း မရှိပါက ရည် မှန်း တန်ချိန်များအတိုင်း တင်ပို့နိုင်မှာ မဟုတ်ကြောင်း ခန့်မှန်း ကြတယ်။ ထိုင်းဆန်ဈေးမြင့်မားနေမှုကြောင့် ၂၀၁၂ ခုနှစ်အတွင်း ထိုင်းဆန်တင်ပို့မှုဟာ ၂၀၁၁ ခုနှစ်ကထက် ၃၅ ရာခိုင်နှုန်း လျော့နည်းတင်ပို့ခဲ့ရတယ်လို့ ထိုင်းဆန်တင်ပို့သူများအသင်း (TREA) က ခန့်မှန်းထားတယ်။ ပပ
