Main menu

Background

အိန္ဒိယတွင် ဆောင်းပဲစိုက်ပျိုးမှု ယခင်နှစ်ကာလတူထက် အနည်းငယ်မြင့်လာ၊ မတ်ပဲ ပဲစင်းငုံဈေးများ ကျဆင်းပြီး ကုလားပဲကြိုပွိုင့်ဈေး ဆက်တက်လာ

Sun, 01/13/2013 - 06:41 -- ydnar

အိန္ဒိယမွန်ဘိုင်းဈေးကွက်မှာ ပဲခွဲစက်များနဲ့ ကုန်သည် များ အဝယ်အေးတဲ့အတွက် မြန်မာပဲစင်းငုံနီနဲ့ မတ်ပဲဈေး ကျဆင်း လာခဲ့ပါတယ်။ ကုလားပဲကတော့ ကန်ပါ ဈေးကွက် မှာဝယ်လိုအားကောင်းနေပြီး လာမယ့် နေ့တွေမှာ မဒ္ဒရာပရာ ဒေ့ရှ်နဲ့ အတ္တာရာပရာဒေ့ရှ်ပြည်နယ် အများစုက ဝယ်အား ကောင်းလာမယ်လို့ ခန့်မှန်းထား ပါတယ်။

မဟာသျှတ္တရပြည်နယ်က အမရာဗာတီဈေးကွက်မှာ တော့ ကုလားပဲအသစ်ကို တစ်ကွမ်တယ်ကို ၃၈၅၀ ရူပီး (တစ်တန်ကို ၇၀၆ ဒေါ်လာခန့်) အရောင်းအဝယ်ဖြစ်နေပါ တယ်။  NCDEX  ကုန်စည်ဒိုင်မှာ ကုလားပဲ ကြိုပွိုင့်ဈေးက တစ်ကွမ်တယ်ကို ၃၅၃၆ ရူပီး (တစ်တန်ကို ၆၄၉ ဒေါ်လာ) အထိ ဈေးတက်လာခဲ့ပါတယ်။ ဒီရက်ပိုင်းထဲမှာ သြစတြေးလျ၊ ကနေဒါ၊ မြန်မာ၊ တန် ဇန်းနီးယား၊ အမေရိကန်က ပဲတွေ အိန္ဒိယကို ဝင်ရောက်နေ တာ တွေ့ရပါတယ်။ ဇန်နဝါရီ ၈ ရက်နေ့က အိန္ဒိယJNPT ဆိပ်ကမ်းကို သြစတြေးလျကုလားပဲ ကွန်တိန်နာ ၂၄ လုံး၊ ကနေဒါ Masoor ကွန်တိန်နာ ၁၀ လုံး၊ ပဲတီစိမ်း အလုံး ၂၀၊ မြန်မာမတ်ပဲ ၁၁ လုံး၊ ပဲစင်းငုံ ၃ လုံး၊ တန်ဇန်းနီးယား ကုလားပဲ ၂၂ လုံး၊ ပဲစင်းငုံ အလုံး ၂၀၊ အမေရိကန်ပြည်ထောင် စုက ကုလားပဲဖြူလုံးကြီး ကွန်တိန်နာ ၁ လုံး ရောက်ရှိခဲ့ပါ တယ်။ ဇန်နဝါရီ ၁၅ ရက်နေ့မှာ ကုလားပဲတန်ချိန် ၁၆၉၆၂ တန် တင်လာတဲ့ ဂျန်ကို အမည်ရှိတဲ့ သင်္ဘောဝင်လာဖို့လည်း ရှိနေပါတယ်။ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်ကနေ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့အထိ ချန်နိုင်းဆိပ်ကမ်းကို မြန်မာမတ်ပဲ ကွန်တိန်နာ ၃၆၁ လုံး၊ ပဲတီစိမ်း ၅၅ လုံး၊ ပဲစင်းငုံ ၅ လုံး၊ ပဲလုံးစိမ်း ၁၃ လုံး၊ Masoor  ကွန်တိန်နာ ၃ လုံး၊ ပဲဝါလေး ၁၃ လုံး ဝင်ရောက်လာခဲ့ပါတယ်။ စိုက်ပျိုး ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဇန်နဝါရီလ ၄ ရက်နေ့ အထိ ဆောင်းပဲစိုက်ပျိုးမှုဟာ ၁၃၆ ဒသမ ၇၉ ဟက်တာ သိန်းရှိနေပြီး ယခင်နှစ်ကာလတူ ဟက်တာ ၁၃၆ ဒသမ ၆၅ သိန်းထက် တစ်ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း သတင်းရရှိ ပါတယ်။                               နှင်းဧကရီ- MAPT