တာချီလိတ်နဲ့ စစ်တွေဒေသ ဆန်ဈေးအတက်အကျရှိပြီး ကျန်ဒေသဆန်ဈေးများ တည်ငြိမ်လျက်ရှိ
နယ်စပ်ကုန်သွယ်ရေးစခန်းများအနက် တာချီလိတ်နှင့် စစ်တွေနယ်စပ်ဒေသရှိ ဆန်ဈေးများအတက်အကျ အနည်းငယ်ရှိလာတာကိုတွေ့ရပြီး ကျန်စခန်းအသီးသီး တွင် ယခင်အပတ်ဈေးနှုန်းအတိုင်း ပြောင်းလဲမှုမရှိဘဲ တည်ငြိမ်နေဆဲဖြစ်ကြောင်း သိရပါတယ်။ ယခုတစ်ပတ်တွင် တာချီလိတ်နယ်စပ်မှ ဆန်ဈေးအနည်းငယ်တက် လာတာကိုတွေ့ရပြီး စစ်တွေနယ်စပ်တွင်ဈေးပြန်ကျလာကြောင်းသိရှိရပါတယ်။ ကျန်နယ်စပ်စခန်းများကတော့ ယခင်အပတ်ကဈေးနှုန်းအတိုင်း ပြောင်းလဲမှုမရှိသေး ပါဘူး။ တာချီလိတ်နယ်စပ်မှ ယခင်အပတ်က ဧည့်မထဆန် ၁ ပြည်ကို ၈၅၀ိ/-ဈေးရှိခဲ့ရာမှ ယခုအပတ်မှာ ၈၅၃ ကျပ်သို့ အနည်းငယ်တက်လာခဲ့ပါတယ်။ စစ်တွေ နယ်စပ်မှာ ယခင်အပတ်ကပေါ်ဆန်းမွှေး ၁ ပြည်ကို ၁၁၀၀ ကျပ်ဈေးရှိခဲ့ရာမှ ယခုအပတ်တွင် ၈၀၀ ကျပ်သို့ကျခဲ့တာဖြစ်ကြောင်း သိရပါတယ်။
ဇန်နဝါရီလ ၂ ရက်မှ ၈ ရက်ထိ နယ်စပ်ဒေသများရှိ ဆန် ၁ ပြည်ဈေးနှုန်းများကို Commerce Journal စာဖတ်ပရိတ်သတ်များအား အသိပေးလိုက်ရပါတယ်။ ပေါ်ဆန်းမွှေး ၁ ပြည်ကို မူဆယ်မှာ ၁၆၅၀ိ/-၊ လွယ်ဂျယ် မှာ ၁၇၉၂ိ/-၊ ချင်း ရွှေဟော်မှာ ၂၀၀၀ိ/-၊ ကော့သောင်းမှာ ၁၇၀၀ိ/-၊ မြိတ်မှာ ၁၃၀၀ိ/၊ စစ်တွေမှာ ၈၀၀ိ/- ဈေးအသီးသီးရှိပါတယ်။ ဧည့်မထဆန် ၁ ပြည်ကို တာချီလိတ်ဒေသမှာ ၈၅၃ိ/-၊ မြဝတီဒေသမှာ ၁၁၀၀ိ/-၊ မောင်တောဒေသမှာ ၈၀၀ိ/-ဈေးရှိပါတယ်။ ဧရာမင်းဆန် ၁ ပြည်ကို တမူးနယ်စပ်မှာ ၉၀၀ိ/-နဲ့ ရိဒ်နယ်စပ်မှာ ၉၁၀ိ/- ကျပ်ဈေးအသီးသီးဖြစ်ကြောင်း သိရပါတယ်။ MIRT (DOBT)
