Main menu

Background

ပခုက္ကူ ကုန်စည်ဒိုင်ရဲ့ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ဒုတိယပတ် အရောင်းအဝယ်

Sun, 01/13/2013 - 06:58 -- ydnar

၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်မှ ၁၀ ရက်အတွင်း ပခုက္ကူကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ အသစ် အဟောင်း ပြောင်းဖူး စေ့၊ နှမ်းနက်၊ နှမ်းညို၊ ပဲတီစိမ်း ကြီး/သေး၊ ပြောင်းဆန်တွေ အရောင်းအဝယ်ဖြစ်ပါတယ်။ ပဲစင်းငုံအရောင်းအဝယ် အနေ နဲ့ ပဲစင်းငုံနီအသစ် နေ့စဉ် အရောင်းအဝယ်ဖြစ်ပြီး၊ စုစုပေါင်း ၁၄၉၅ အိတ်အရောင်းအဝယ်ဖြစ်ပါတယ်။ ဈေးအနေနဲ့ အနိမ့် ဆုံး ၁၇၃၀၀ ကျပ်မှ ၁၇၈၀၀ ကျပ်ဈေးအထိ နည်းနည်းခြင်း တက်ပြီး၊ တစ်တင်း အပေါ် ၅၀၀ ကျပ် တက်လာတာတွေ့ရ ပါတယ်။ အဟောင်းအနေနဲ့ တစ်ရက်ဘဲ အရောင်း အဝယ် ဖြစ်ပြီး၊ အိတ် ၂၈၀၊ ဈေးနှုန်း ၁၆၁၀၀ ကျပ်ပါ။ ရာသီဖျက်လို့ အသစ်အထွက်နည်းတယ်၊ အဟောင်း သမားလည်း လှောင် လက် လက်ကျန်ရှိနေမယ်။ ဈေးကွက်အပေါ် ပဲစင်းငုံနီ အသစ် တက်ရောက်လာမှုအခြေအနေကို ကြည့်ပြီး၊ အဟောင်းသမားများ ကိုင်သင့်...သလား။ ထုတ်ရောင်း မလား စဉ်းစားချင့်ချိန် သုံးသပ်နေကြ တာ တွေ့ရပါတယ်။ ပြောင်းဖူးစေ့ အိတ် ၁၄၀ ဒိုင်မှာ တင်ရောင်းပြီး၊ ဈေးအနေနဲ့ အနိမ့်ဆုံး တစ်တင်း ၅၈၀၀ ကျပ်၊ အမြင့်ဆုံး ၆၀၀၀ ကျပ်မှာ တစ်တင်းအပေါ် ၂၀၀ ကျပ်အကွာ နဲ့ မွေးမြူရေးသမားတွေ စောင့်....ဆွဲနေတာပါ။

နှမ်းအနက် ၂၂၅ အိတ်၊ အရောင်းအဝယ်ဖြစ်ပါတယ်။ ဈေးအနိမ့်ဆုံး ၃၅၈၀၀ ကျပ်မှ အမြင့်ဆုံး ၃၆၅၀၀ ကျပ်ပါ။ နှမ်းညိုတစ်ရက်ပဲ အရောင်းအဝယ်ဖြစ်ပြီး၊ တစ်တင်း ၃၀၅၀၀ ကျပ်ပါ။ နှမ်းဈေးမြောက်တက်တယ်လို့ သုံးသပ်ရမှာဖြစ်ပြီး၊ ဆီစက်သမားများ ဆီကြိတ်မှု မကြိတ်မှုကို မသိရပေမယ့် နှမ်း ဖတ်ဈေးနှုန်းတစ်ပိဿာ ၉၀၀ ကျပ်မှ ၁၁၀၀ ကျပ်ထိ တက် သွားတာကိုလည်း သတိထားမိပါတယ်။ စိမ်းကြီး၊ စိမ်းသေး စုစုပေါင်း အိတ် ၂၅၀ အရောင်း အဝယ်ဖြစ်ပြီး၊ စိမ်းသေး အနိမ့်ဆုံး ၂၁၀၀၀ ကျပ်မှ ၂၁၅၀၀ ကျပ်ပါ။ စိမ်းကြီး ၁၈၃၀၀ ကျပ်ပါ။ အရောင်းအဝယ်သင့် ပါတယ်။ ခြုံငုံသုံးသပ်ရရင် အရောင်းအဝယ် မှန်မှန်ရှိပြီး၊ ထွက်ရှိမှု၊ သုံးစွဲမှု၊ ပြည်ပဝယ်လိုအားတွေကို လေ့လာဆန်းစစ် သုံးသပ်ရင် ဈေးနှုန်းအတက်အကျ ပြောင်းလဲမှု ရှိနိုင်တယ်လို့ပဲ ဆိုရမှာဖြစ်ကြောင်းပါ....။မြင့်ဦး - ပခုက္ကူ