Main menu

Background

ရာသီနဲ့အတူအေးတဲ့ ဇန်နဝါရီဒုတိယပတ်မုံရွာပဲဈေးကွက်

Sun, 01/13/2013 - 06:59 -- ydnar

မုံရွာကုန်စည်ဒိုင် ဇန်နဝါရီလ ဒုတိယပတ်အစ ပဲဈေး ကွက်မှာ ပဲသစ်အချို့ပေါ်စပြုပေမယ့် ထင်သလောက် အဝယ် မသွက်ခဲ့ဘဲ ဈေးလည်းအေးလျက်ရှိတာတွေ့ရပါတယ်။ ယခု တစ်ပတ် ကုလားပဲမျိုးစုံဈေးကွက် အနေနဲ့ မန္တလေး-ရန်ကုန် ဝယ်လက်ငြိမ်နေပြီး၊ ဒေသခံစက်သမားနဲ့ လုပ်ငန်းသုံးသမား တွေရဲ့ အဝယ်သာရှိလို့ ပစ္စည်းမပေါပေ မယ့် ဈေးငြိမ်နေခဲ့ပါ တယ်။ ယခုတစ်ပတ်အတွင်းမှာ V2 တစ်တင်း ၁၆၁၀၀ ကျပ်မှာ တန့်နေကာ ထိုင်ဝမ်တစ်တင်း ၁၈၅၀၀ ကျပ်နဲ့ 929 ကုလားပဲတစ်တင်း ၁၈၁၀၀ ကျပ်အသီးသီး အမြင့်ဆုံး ပေါက် ဈေးဖြစ်ပေါ်ခဲ့ပါတယ်။ အရောင်းအဝယ်အားဖြင့် ယခုတစ် ပတ်မုံရွာကုန်စည်ဒိုင်မှာ ကုလားပဲမျိုးစုံ အိတ် ၅၀၀၀ ဝန်း ကျင်ပုံမှန်ဖြစ်ခဲ့တယ်လို့ ကုန်သည်လောကက ကြားသိရပါ တယ်။

မန္တလေး - ရန်ကုန်ဝယ်လက်စုံတဲ့ ပဲတီစိမ်း ဈေးကွက်မှာ တော့ ယခုတစ်ပတ်မှာ စိမ်းကြီးတစ်ရက် အိတ် ၅၀၀ ခန့်နယ် အဝင်ရှိခဲ့သလို၊ အရောင်းလည်း တစ်ရက် အိတ် ၅၀၀ ဝန်း ကျင် ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ ယခုတစ်ပတ်အတွင်း ပဲတီ စိမ်းကြီး တစ်တင်း ၂၁၇၀၀ ကျပ် အမြင့်ဆုံး ပေါက်ခဲ့ပါတယ်။ ရန်ကုန် ဝယ်လက်  အဆွဲသွက်တဲ့ ပဲတီစိမ်းသေးအနေနဲ့ ယခုတစ်ပတ် အတွင်း နယ်အဝင် အနည်းငယ်ပါးသွားကာ တစ်ရက်ကို အိတ် ၃၀၀ မှ ၅၀၀ ကြားသာဝင်ခဲ့ပြီး၊ ဝင်သ လောက်အဝယ်ရှိခဲ့ကာ တစ်တင်း၂၂၀၀၀ ကျပ်ထိအမြင့်ဆုံး ပေါက်ခဲ့ပါတယ်။ ကျဈေးမိမှာစိုးတဲ့ ကုန်သည်တွေဆီက ရန် ကုန်အဝယ်အော်ဒါ ရသူတွေ စုဆောင်းဝယ်ယူမှုရှိခဲ့တယ်လို့ ဆိုပါတယ်။ ယခုတစ်ပတ် မုံရွာကုန်စည်ဒိုင် ငုံနီဈေးကွက်ဟာ  Export ဝယ်လက်မရှိသေးလို့ ပစ္စည်းအဝင်နှေးရုံမက အဝယ် အရောင်းနဲ့ ဈေးပါအေးနေခဲ့တာတွေ့ရပါတယ်။ ဈေးကွက်ထဲ ကို နယ်စုံကနေ တစ်ရက် အိတ် ၇၀၀ မှ ၁၀၀၀ ကြားသာ ဝင်လျက်ရှိပြီး၊ ရန်ကုန်အဝယ်တန့်ကာ ဒေသခံကုန်သည် လှောင်လက်တွေရဲ့ ဝယ်ယူမှုသာရှိခဲ့ လို့ ယခုတစ်ပတ်ထဲမှာ တစ်တင်း ၂၇၂၀၀ ကျပ် ဝန်းကျင်မှာ ဈေးငြိမ်နေတာတွေ့ရ ပါတယ်။ ဇန်နဝါရီ ဒုတိယပတ် မုံရွာကုန်စည်ဒိုင် ပဲဈေးကွက်ဟာ စိမ်းကြီး၊ စိမ်းသေးကလွဲပြီး၊ ကျန်ပဲအများစု အဟောင်း အသစ် မရွေးထူးခြားတဲ့ ရာသီအအေးနဲ့အတူ အရောင်းအဝယ် လေး လျက်ရှိပါကြောင်း ----------။       ထွန်းလှိုင် - မုံရွာ