၂၀၁၃ ဇန်နဝါရီ ဒုတိယပတ် ပြည်ပဲဈေးကွက်မှာ ပဲမျိုးစုံ ဈေးနှုန်းများ ဈေးအပြောင်းအလဲ သိပ်မဖြစ် ဘဲ ဈေးငြိမ်နေခဲ့ တာကို တွေ့ရပါတယ်။ ပဲပုပ်သီးနှံတစ်မျိုးသာ တစ်တင်း ၁၀၀၀ ကျပ်ခန့် ဈေးလျော့သွားခဲ့ပါတယ်။ ပဲပုပ်တစ်တင်းကို ၁၆၅၀၀ ကျပ်နဲ့ ပဲသစ်များဟာ ပေါင်းတလည်၊ ပန်းတောင်း ဘက်မှ ဆက်တိုက်ဝင်ရောက်ခဲ့ပြီး၊ အိတ် ၃၀ မှ ၅၀ အထိ လက်လီအဝယ်လိုက်ခဲ့တယ်လို့ သိရပါတယ်။ မတ်ပဲသီးနှံ ကတော့ ယခင်အပတ်ကအတိုင်း တစ်တင်း ၁၄၀၀၀ ကျပ်နဲ့ သာ ရန်ကုန်ဝယ်လက်နေ့စဉ်အဝယ်မရှိဘဲ ရက်ခြားသာ အရောင်းအဝယ်ဖြစ်ခဲ့တာကြောင့် အိတ် ၂၀၀ မှ ၃၀၀ ခန့် ရောင်းချနိုင်ခဲ့ပါတယ်။ ပဲသစ်များ လကုန်မှာ ဝင်ရောက်နိုင် တယ်လို့ သိရပါတယ်။
ပဲတီစိမ်းဈေးမှာ တစ်တင်း ၂၁၅၀၀ ကျပ်မှ ၂၂၅၀၀ ကျပ်နဲ့ ကံမ၊ ပန်းတောင်းဘက်မှ နေ့စဉ်အဝင်ရှိသလို မန္တလေး လိုင်းသမားများ ဝယ်လိုအားများနေတဲ့အတွက် တစ်ရက်အိတ် ၄၀၀ ကျော်အထိ အရောင်းအဝယ်ဖြစ်လျက် ရှိခဲ့ပါတယ်။ ပဲစင်းငုံအသစ်များ ဈေးကွက်ကို ဆက်တိုက်ဝင်ရောက်ခဲ့ပြီး၊ အသစ်ဈေးမှာ တစ်တင်း ၁၇၃၀၀ ကျပ်နဲ့ နေ့စဉ်အိတ် ၂၀၀ ကျော်ရန်ကုန်ဝယ်လက်အဝယ်ရှိခဲ့ပါတယ်။ ပဲဟောင်းကတော့ တစ်ခါတစ်ရံမှသာ အရောင်းအဝယ်ဖြစ်ခဲ့ပြီး တစ်တင်း ကျပ် ၁၅၈၀၀ ဈေးရှိခဲ့တယ်လို့ သိရပါတယ်။ ကုလားပဲဈေးနှုန်းအနေနဲ့ ယခင်အပတ်ကအတိုင်း တစ်တင်း ၁၈၈၀၀ ကျပ်နဲ့သာ ဈေးငြိမ်နေခဲ့ပြီး၊ ခွဲစက် သမား များ တစ်ခါတစ်ရံ အဝယ်ရှိတဲ့အခါ အိတ် ၂၀၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ကုလားပဲမှာ အဟောင်းလက်ကျန်ရှိခဲ့သော်လည်း ဒေသတွင်း ခွဲစက်သမား သာ အဝယ်ရှိပြီး၊ အခြားတိုင်းဒေသ များကို တင်ပို့ရောင်းချ ခြင်းမရှိဘဲ ယခုလအတွင်း ဈေးလည်းအေးအရောင်း အဝယ် အေးတယ်လို့ သိရပါတယ်။ ပဲကြီးသီးနှံကတော့ ဈေးအမြင့်နဲ့ ယခင်အပတ်က အတိုင်း (ရွှေကျွန်း)တစ်တင်း ၃၆၅၀၀ ကျပ်၊ (ကမ်းနား) တစ် တင်း၃၃၅၀၀ ကျပ်နဲ့တစ်ရက်အိတ် ၁၀၀ကျော်ပုံမှန် အရောင်း အဝယ်ရှိခဲ့ပါတယ်။ ပဲကြီးဈေးနှုန်းများမှာ ယခင်နှစ်က နှစ်စ ဈေးနှုန်းနဲ့ယှဉ်ရင် ယခုနှစ်ဈေးဟာ နှစ်ဆခန့်ဈေးပိုခဲ့တယ်လို့ သိရပါတယ်။ခင်ဆွေဝင်း - ပြည်