မြန်မာ-တရုတ်နယ်စပ်စခန်းတစ်ခုဖြစ်တဲ့ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ဇန်နဝါရီလ ၂ ရက်မှ ၈ ရက်အတွင်း ကန်ဒေါ်လာ သုည ဒသမ ၅၂၁ သန်းတန်ဖိုး ရှိတဲ့ ပဲတီစိမ်းလုံးပြည့် ၆၂၄ တန်ခွဲနဲ့ ကန်ဒေါ်လာ သုည ဒသမ ၁၉၈ သန်းတန်ဖိုးရှိ ပဲတီစိမ်းလုံးခြမ်း ၁၇၇ တန်ကျော် တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က ပဲတီစိမ်း လုံးပြည့်တန် ၁၀၀၀ ကျော်တင်ပို့နိုင်ခဲ့တာမို့ ယခုအပတ် တန် ၃၀၀ ကျော် လျော့ နည်းခဲ့ပြီး ယခင်အပတ်က လုံးခြမ်း ၁၇၅ တန် အပိုရှိခဲ့လို့ ယခုအပတ်မှာ ၂ တန် ကျော် အပို့ပိုလာတာတွေ့ရပါတယ်။ နှစ်ဖက်မြေပြင် ပေါက်ဈေးများကိုကြည့်လျှင် မိမိဘက်ဈေးများ ယခင်အပတ်ထက် အနည်းငယ်ဈေးမြင့်လာပြီး တစ်ဘက်နို င်ငံ ဈေးပြောင်းလဲမှု မရှိတာတွေ့ရပါတယ်-
မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု % ၆၈၇၃၆၃ ၆၈၅၉၅၈ ၁၄၀၅ ၀ .၂ ၈၁၅ ၈၁၅ - -MIRT (DOBT)