Main menu

Background

ပြည်ချင်းဈေးကွက် လက်လီဝယ်ယူမှုများ

Sun, 01/13/2013 - 07:24 -- ydnar

ပြည်မြို့နယ်၊ ချင်းဈေးကွက်ကို အောင်ပန်း၊ တောင်ကြီးဘက်မှ ချင်းများ နှစ်ပတ်လည်ပုံမှန်  ဝင်ရောက်မှုရှိနေပြီး မိတ္ထီလာချင်းက ဒီဇင်ဘာလဆန်းပိုင်း လောက်မှ ဝင်ရောက်ပြီးဖြစ်ပါတယ်။ မိတ္ထီလာချင်းအနေနဲ့ ရှမ်းချင်းနဲ့ယှဉ်ရင် ချင်း အရည်အသွေးအရ ဈေးသိပ်မရပါဘူး။ ရှမ်းချင်းကတော့ စားသုံးသူအကြိုက်ဖြစ်ပြီး၊ ပြည်ဈေးကွက်မှာ တစ်နေ့ကို ပိဿာချိန် ၈၀၀ ခန့် ပုံမှန် အရောင်းအဝယ်ဖြစ်နေ ပါတယ်။  တောင်ကြီးဈေးကွက်မှာ ချင်း(စို)တစ်ပိဿာ ၂၅၀-၃၀၀ ကျပ်ဈေးနဲ့ အဝယ်ရှိပြီး၊ ပြည်ဈေးကွက်လက်ကားပွဲရုံများမှာ ယခင်တစ်ပတ်က ဈေးအတိုင်းရှိပြီး၊ ဒီတစ်ပတ်ချင်း (စို)တစ်ပိဿာ ၄၅၀-၆၀၀ ကျပ်နဲ့ ရောင်းချပါတယ်။ လက်လီ ဝယ်ယူမှုများပြီး၊ ပြည်ဈေးကွက်မှတစ်ဆင့် ရခိုင်ပြည်နယ်တောင်ကုတ်ကို အပတ်စဉ် တင်ပို့လျက်ရှိပါတယ်လို့ ပွဲရုံပိုင်ရှင်တစ်ဦးက ပြောကြားပါတယ်။ဝင်းဝင်းခိုင် - ပြည်