Main menu

Background

စင်ကာပူနဲ့ ပါကစ္စတန်ကို နနွင်းတန် တစ်ရာကျော် တင်ပို့

Sun, 01/13/2013 - 07:36 -- ydnar

ပြည်ပကို သီတင်းတစ်ပတ်ဖြစ်တဲ့ ဒီဇင်ဘာ ၃၀ ရက်မှ ဇန်နဝါရီ ၅ ရက်နေ့ တာကာလအတွင်း နနွင်း ၁၂၄ တန်ကို တင်ပို့ခဲ့ပါတယ်။ စင်ကာပူနိုင်ငံကို ၅ တန်နဲ့ ပါကစ္စတန်နိုင်ငံကို ၁၁၉ တန်တင်ပို့ခဲ့တာဖြစ်ပါတယ်။ ၂၀၁၂ ဒီဇင်ဘာလ အတွင်း နနွင်းတင်ပို့ခဲ့တဲ့ နိုင်ငံများက ပါကစ္စတန်၊ မလေးရှား၊ အိန္ဒိယနဲ့ အာရပ်စော်  ဘွား များ ပြည်ထောင် စုနိုင်ငံတို့ဖြစ်ပါတယ်။ ဒီဇင်ဘာလအတွင်း နနွင်း ၁၅၄ တန် ကျော်တင်ပို့မှုမှရရှိခဲ့တဲ့ ဝင်ငွေက ကန်ဒေါ်လာ ရှစ်သောင်းကျော်ဖြစ်ပါတယ်။ ကာလတူ ကာလဖြစ်တဲ့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလရဲ့ နနွင်း ၄၃ ဒသမ ၅ တန်တင်ပို့ မှုမှရရှိခဲ့တဲ့ ဝင်ငွေက ကန်ဒေါ်လာ ခြောက် သောင်းကျော်သာရရှိခဲ့တာကြောင့် ယခုနှစ် ဒီဇင်ဘာလမှာ နနွင်းတင်ပို့မှုမှ ရရှိခဲ့တဲ့ဝင်ငွေက ကန်ဒေါ်လာ နှစ်သောင်း နီးပါးရရှိခဲ့တယ်လို့ သိရပါတယ်။                                  MIRT (DOT)