Main menu

Background

တောင်သူတွက်ခြေကိုက်ပြီး စားသုံးသူဈေးသင့်လာတဲ့ ကြက်သွန်နီ

Sun, 01/13/2013 - 07:53 -- ydnar

အဟောင်းကုန်လို့ အသစ်မပေါ်မီစပ်ကြား နိုဝင်ဘာလ ကုန် ဒီဇင်ဘာလဆန်းပိုင်းမှာ ဈေးမြင့်ခဲ့တဲ့ ကြက်သွန်နီ က အခုတော့ ဈေးသင့်တဲ့ အခြေအနေဖြစ်လာတာတွေ့ရပါ တယ်။ လက်ရှိမြစ်သားကြက်သွန် ကွင်းဈေး (ဂျွန်) တစ်ပိဿာ ၇၀၀ ကျပ်နှုန်းနဲ့ မန္တလေးတက်ရောင်းတဲ့ ရှယ်စက တစ်ပိဿာ ၉၀၀ ကျပ် - ၁၀၀၀ ကျပ်ဈေးရတယ်လို့ သိရပါတယ်။

မိတ္ထီလာနယ်ဘက်မှာတော့ ဥသေးလက်လီတစ်ပိဿာ ၈၀၀ ကျပ်၊ ဥကြီးတစ်ပိဿာ ၁၀၀၀ ကျပ်နှုန်းနဲ့ ရောင်းချနေ ကြပြီး၊ မြင်းခြံမြို့နယ်မှာတော့ ဇန်နဝါရီလ ၁၀ ရက်နေ့ စာရင်းအရ ကြက်သွန်အဝင်ပိဿာ ၂ သိန်းကျော် ခန့်ရှိလို့ ယခင်ရက်တွေထက် ဈေးနိမ့်လာပြီး၊ ဒိုင်ပေါက်ဈေးအရ တစ်ပိဿာ ၆၀၀ ကျပ် - ၆၅၀ ကျပ်နဲ့ လက်လီ တစ်ပိဿာ ၇၅၀ ကျပ် - ၈၀၀ ကျပ်ခန့်သာရှိလို့ စားသုံးသူအတွက် ဈေး သင့်လာတာ တွေ့ရပါတယ်။ ကြက်သွန် အထွက်နှုန်းက တစ် ဧက ၁၈၀၀ ပိဿာ အောက်ခံရှိပြီး၊ ပိဿာ ၂၀၀၀ မှ ၂၂၀၀ - ၂၃၀၀ အထိ အများဆုံးထွက်ကြလို့ တောင်သူတွေအထွက် နှုန်းလဲကိုက်၊ လက်ရှိဈေးနှုန်းအနေနဲ့လည်း သင့်တင့်မျှတမှုရှိ လို့ အရှုံးမရှိ တွက်ခြေကိုက်ဆဲ ဖြစ်ကြောင်း သိရပါတယ်။ အခုလောလောဆယ်ထွက်တဲ့ ကြက်သွန်ရဲ့ ဥအနေ အထားနဲ့ လှောင်လို့ မရသေးဘဲ ဖေဖော်ဝါရီလကုန် ကြက် သွန် မာန်သေပြီးခြောက်သွားမှသာ လှောင်လို့ကောင်းတဲ့ အခြေအနေဖြစ်ကြောင်း သိရပါတယ်။ခင်မြင့်မြင့်သန်း - မန္တလေး