Main menu

Background

ဓာတ်ဆီ/ဒီဇယ်ဆီဈေးနှုန်းများ

Sun, 01/13/2013 - 08:04 -- ydnar

ပင်လယ်ရေကြောင်းလမ်းမှ စက်သုံးဆီ တန်ချိန် ငါးသောင်းကျော်ဝင်ဒီဇင်ဘာ ၃၀ ရက်မှ ၂၀၁၃ ဇန်နဝါရီ ၅ ရက်အတွင်း ဓာတ်ဆီ ၇၀၆၃ တန်၊ ဒီဇယ် ၄၅၉၇၁ တန်ကို တင်သွင်းခွင့်လိုင်စင်လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာလအတွင်း ဓာတ်ဆီ၊ ဒီဇယ်လျှောက်ထားခဲ့တဲ့ တန်ချိန်မှာ ရှစ်သောင်း သုံးထောင်ကျော်ရှိခဲ့ပြီး ဒီဇင်ဘာလလျှောက်ထားတန်ချိန်မှာ ကိုးသောင်းတစ်ထောင် ကျော်ရှိခဲ့တာကြောင့် ဒီဇင်ဘာလမှာ ဓာတ်ဆီ၊ ဒီဇယ် ပိုမိုလျှောက်ထားခဲ့မှုမှာ တန်ချိန် ကိုးထောင်နီးပါးရှိခဲ့တယ်လို့ သိရပါတယ်။ပြည်တွင်း ဓာတ်ဆီ၊ ဒီဇယ်ရောင်းချနေသော ပုဂ္ဂလိကစက်သုံးဆီဆိုင်များတွင် ဒီဇယ်၊ ဓာတ်ဆီဈေးများ ငြိမ်နေသော်လည်း  အောက်တိန်းမှာ ရန်ကုန်တွင် ဇန်န ဝါရီ ၉ရက်တွင် ဈေးအနည်းငယ် ကျလာကြောင်း သိရပါတယ်။ ဒီတစ်ပတ် ဓာတ်ဆီ/ဒီဇယ် အရောင်းအဝယ်အခြေအနေများမှာ-  ရန်ကုန် ဈေးကွက်တွင် ပုဂ္ဂလိက စက်သုံးဆီ ဆိုင်များရဲ့ အောက်တိန်းဈေးက တစ်လီတာ ၈၉၀ ကျပ်နဲ့ ရောင်းချနေရာမှ ၉-၁-၂၀၁၃ နေ့တွင် တစ်လီတာကို ၈၈၀ ကျပ်ဈေး ဖြင့် ရောင်းချတယ်လို့ သိရပါတယ်။ ဓာတ်ဆီတစ်လီတာ ၈၁၄ ကျပ်၊ ဒီဇယ်၈၆၀ ကျပ်၊ အောက်တိန်း ၈၈၀ကျပ်နဲ့ အဆင့်မြင့်ဒီဇယ် ၈၈၀ ကျပ်ဖြင့် ရောင်းချတယ်လို့ သိရပါ တယ်။ ပြင်ပလက်လီဆိုင်များမှာ ဓာတ်ဆီဈေးက ဝယ်ဈေး တစ်ဂါလန် ၄၂၀၀ ကျပ်ဖြစ်ပြီး ရောင်းဈေး၄၅၀၀ကျပ်၊ ဒီဇယ်တစ်ဂါလန် ၃၂၀၀ကျပ်ဖြင့်ဝယ်ပြီး ၃၅၀၀-၃၆၀၀ ကျပ်ဖြင့် အရောင်းအ ဝယ်ဖြစ်တယ်လို့ ဓာတ်ဆီ၊ ဒီဇယ်အရောင်း အဝယ်သမားတစ်ဦးမှ ပြောပြခဲ့ပါတယ်။မန္တလေးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန် အရောင်းအဝယ်ရှိနေတယ်။ ပုဂ္ဂလိက စက်သုံးဆီဆိုင်မှာ ဓာတ်ဆီတစ်ဂါလန် ၃၈၀၀ ကျပ်ဖြစ်ပြီး ဒီဇယ်တစ် ဂါလန် ၃၉၀၀ ကျပ်နဲ့ ရောင်းချနေတယ်လို့ သိရပါတယ်။ ပြင်ပလက်လီဆိုင်များမှာ ဓာတ်ဆီ ဝယ်ဈေးကငြိမ်နေပြီး ရောင်းဈေး ကအနည်း ငယ်မြင့်လာပါတယ်။ဒီဇယ်ဈေး က အရောင်းရောအဝယ်ပါ ဈေးမြင့်လာတယ်လို့ သိရပါတယ်။ လက်လီဆိုင်များရဲ့ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးက ဓာတ်ဆီတစ်ဂါလန် ၄၂၀၀ကျပ်ဝယ်ပြီး ၄၄၀၀-၄၅၀၀ ကျပ်ရောင်းပါတယ်။  ဒီဇယ်က ဝယ်ဈေး ၃၅၀၀ ကျပ်ရောင်းဈေး ၃၈၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်တယ်လို့ ဓာတ်ဆီ ဒီဇယ်ဝယ်ရောင်းသမားတစ်ဦးမှ ပြောပါတယ်။မော်လမြိုင်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်လေးပဲ အရောင်းအဝယ် ဖြစ်နေတယ်လို့ သိရပါတယ်။ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဈေးနှုန်းများက ငြိမ်နေသ လို လက်လီဆိုင်များရဲ့ ဈေးကလည်း ငြိမ်နေပါတယ်။ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဈေးမှာ ဓာတ်ဆီ ၃၇၅၀ ကျပ်၊ ဒီဇယ် ၃၉၀၀ ကျပ်၊ အောက်တိန်း ၃၉၀၀ ကျပ်နဲ့ ရောင်းချပြီး ပြင်ပလက်လီဆိုင်များမှာ ဓာတ်ဆီတစ်ဂါလန် ၄၂၀၀ ကျပ်၊ ဒီဇယ်နဲ့ အောက်တိန်းက ၄၀၀၀ ကျပ်နဲ့ ရောင်းနေတယ်လို့ သိရှိရပါတယ်။ပဲခူးဈေးကွက်မှာ ပြင်ပလက်လီရောင်းချမှုမှာဓါတ်ဆီက အရောင်းအဝယ် ပုံမှန်ရှိပြီး ဒီဇယ်က ပြင်ပ လက်လီရောင်းချမှုနည်းတယ်လို့ သိရပါတယ်။ ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ ဈေးနှုန်းများက ငြိမ်နေသလို လက်လီဆိုင်များရဲ့ ဈေးကလည်း ငြိမ်နေပါတယ်။ ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ဈေးမှာ ဓာတ်ဆီ ၄၇၀၀ ကျပ်၊ ဒီဇယ် ၃၉၀၀ကျပ်ရောင်းချပြီး ပြင်ပလက်လီဆိုင်များမှာ ဓာတ်ဆီတစ်ဂါလန် ၄၉၀၀ ကျပ်၊ ဒီဇယ် ၃၉၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရှိရပါတယ်။MIRT-DOT
 
နယ်စပ်မှ ဓာတ်ဆီတင်သွင်းမှုပိုမိုမူဆယ်ကုန်သွယ်ရေးဇုန်၊ မြဝတီကုန်သွယ်ရေးဇုန်၊ တာချီလိတ်နယ်စပ်နဲ့ မြိတ် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ဇန်နဝါရီ ၂ ရက်မှ ၈ ရက်ထိကာလအတွင်း မှာတော့ ကန်ဒေါ်လာ သုညဒသမ ၄၃၉ သန်းတန်ဖိုးရှိ ဓာတ်ဆီ ၁၂၃၀၉၇ ဂါလန် တင်သွင်းမှုရှိခဲ့ပါတယ်။ ယခင်အပတ်က ၁၂၀၈၈၇ ဂါလန် တင်သွင်းနိုင်ခဲ့တာမို့ ယခုအပတ်မှာ ၂၂၁၀ ဂါလန် ပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။ တာချီလိတ်၊ မြိတ်နဲ့ မြဝတီနယ်စပ်များမှ တန်ဖိုးကန်ဒေါ်လာ သုည ဒသမ ၁၄၀ သန်းဖိုးရှိ ဒီဇယ်ဆီ ၃၇၉၂၇ ဂါလန် တင်သွင်းနိုင်တာတွေ့ရပါတယ်။ ယခင် အပတ်က ဒီဇယ်ဆီ ၃၈၀၃၄၇ ဂါလန်တင်သွင်းခဲ့တာမို့ ယခုအပတ် မှာ ၃၄၂၄၂၀ ဂါလန်တင်သွင်းမှုလျော့နည်းခဲ့ပါတယ်။ ယခုအပတ်မှာ တာချီလိတ်နယ်စပ်မှ လျော့ နည်းတင် သွင်းခဲ့တာမို့ ဒီဇယ်ဆီတင်သွင်းမှုလျော့ကျရခြင်းဖြစ်ပါတယ်။ နယ်စပ်များရှိ ဓာတ်ဆီ၊ ဒီဇယ်ဈေး မှာ ပြောင်းလဲမရှိဘဲ စစ်တွေနယ်စပ်မှသာ ဈေးအနည်းငယ် တက်ပြီး ပြောင်းလဲမှုရှိတယ်လို့ နယ်စပ်စခန်းများမှ သိရပါတယ်။     ခင်မိုးသူ