Main menu

Background

ပုဂ္ဂလိကဘဏ်များနှင့် ပြင်ပငွေလဲဈေးကွက်တို့ ဈေးအပြိုင်ပေး၍ ဝယ်ယူနေ

Sun, 01/13/2013 - 08:09 -- ydnar

ယခုတစ်ပတ်အတွင်း နိုင်ငံခြားငွေနှင့် မြန်မာငွေလဲလှယ်နှုန်းသည် ငြိမ်သက် လျက်ရှိသော် လည်း နိုင်ငံခြားငွေ ရောင်းဝယ်ဖောက်ကားသည့် လိုင်စင်ရရှိထားသည့် ပုဂ္ဂလိကဘဏ် များနှင့် ပြင်ပငွေလဲေ ဈးကွက်တို့ ဈေးအပြိုင်ပေး၍ ဝယ်ယူရောင်းချ နေကြကြောင်း ငွေလဲဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

သိမ်ဖြူငွေလဲကောင်တာတွင် ဇန်နဝါရီ ၁၀ ရက်က အမေရိကန်တစ်ဒေါ်လာ လျှင် ရောင်းဈေး ၈၆၀ ကျပ်၊ ဝယ်ဈေး ၈၅၂ ကျပ်ဖြင့် ဈေးဖွင့်ခဲ့သော်လည်း ပုဂ္ဂလိကဘဏ်များဖြစ်သည့် စီဘီဘဏ်တွင် ရောင်းဈေး ၈၆၄ ကျပ်၊ ဝယ်ဈေး ၈၅၄ကျပ်၊ ဧရာဝတီဘဏ်တွင် ရောင်းဈေး ၈၆၄ကျပ်၊ ဝယ်ဈေး ၈၅၀ကျပ်၊ ကမ္ဘောဇ ဘဏ်တွင် ရောင်းဈေး ၈၆၀ ကျပ်၊ ဝယ်ဈေး ၈၅၄ ကျပ်ရှိခဲ့သည်ကိုတွေ့ရသည်။ ပြင်ပငွေလဲဈေးကွက်တွင်မူ ပုဂ္ဂလိကဘဏ်များထက် ဈေးပိုပေးကာ ဝယ်ယူ လျက်ရှိကြောင်း သိရသည်။ ပြင်ပငွေလဲဈေးကွက်တွင် ဇန်နဝါရီ ၉ ရက်က ရောင်း ဈေး ၈၅၆ ကျပ်၊ ဝယ်ဈေး ၈၅၅ ကျပ်ရှိခဲ့ရာမှ ဇန်နဝါရီ ၁၁ ရက်တွင် ရောင်းဈေး ၈၅၇ကျပ် ဝယ်ဈေး ၈၅၆ ကျပ်ဖြင့် ဈေးအမြင့်ပေးကာ ဝယ်ယူရောင်းချ လျက်ရှိ ကြောင်း သိရသည်။"ကျွန်တော်တို့ ဒီအပြင် ဈေးကွက်မှာ အရောင်းအဝယ်သိပ်မဖြစ် တာ တော် တော်ကြာေ နပြီ။ ကောက်သင်းေ ကာက်သလိုပဲ ရောင်းဝယ်နေကြရတာ။ အခုရက် ပိုင်းမှာအရောင်းအဝယ်ကစိတ်လာတော့ ဈေးကို ဘဏ်တွေထ က်ပိုပြီး ပေးဝယ်နေ တာပါ"ဟု ငွေလဲဈေးကွက်အတွင်းမှ ကိုဦးက ဆိုသည်။             မယ်သီတာ