Main menu

Background

မြန်မာ့ရွှေဈေး အတက်အကျ အနည်းငယ်ဖြင့် မတည်မငြိမ်ဖြစ်နေ

Sun, 01/13/2013 - 08:12 -- ydnar

မြန်မာ့ရွှေဈေးသည်  ယခုတစ်ပတ် အတွင်း အတက်အကျများရှိနေခဲ့ကာ မတည်မငြိမ်ဖြစ်နေခဲ့ကြောင်း ရွှေဈေး ကွက်အတွင်းမှ စုံစမ်းသိရှိရသည်။မြန်မာ့ရွှေဈေးသည်   ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက အတက်ဘက် သို့ ဦးတည်ခဲ့သော်လည်း ဇန်နဝါရီလ ၅ရက်နေ့မှစကာ ပြန်လည် ကျဆင်း လာခဲ့သည်။ နောက်ပိုင်းရက်များတွင် အကျဖက်သို့ဦးတည်ခဲ့ရာ ဇန်နဝါရီလ ၉ရက်နေ့တွင် အနည်းငယ်ပြန်လည်မြင့် တက်လာခဲ့သည်။

"ရွှေဈေးက ဒီတစ်ပတ်ထဲမှာ မငြိမ် ဘူးဖြစ်နေတယ်။ နယ်စပ်က ရွှေဝင်တာ များနေသလို ဒီဘက်က အထွက်လည်း နည်းနေတော့ ရွှေဈေးက ပြန်ကျလိုက် တက်လာလိုက်နဲ့ဖြစ်နေတာ။ ရွှေဈေး မငြိမ်တဲ့အခါကျတော့ ရွှေဝယ်ရောင်း သမားတွေ စိတ်ညစ်ရတာပေါ့။ ကျွန် တော်တို့ဆို ဈေးမငြိမ်တော့ ဝယ်ထား တဲ့ရွှေကိုပဲ ကိုင်ထားရတာ။ အဲဒီလိုကိုင် ထားရတော့ ကျွန်တော်တို့ ဒုက္ခရောက် တာပေ့ါ။ ဒါကလည်း အမြဲလိုလိုတော့ မဖြစ်ပါဘူး။ နောက်ရက်တွေကျရင် ပြန် တက်လာလိမ့်မယ်လို့ ခန့်မှန်းထားတာ ပဲ"ဟု ရွှေကုန်သည်တစ်ဦးက ဆိုသည်။ထို့အတူ ကမ္ဘာ့ရွှေဈေးကွက်သည် လည်း အနိမ့်အမြင့်အတက်အကျများ ဖြင့် ရှိနေခဲ့ရာ ကမ္ဘာ့ရွှေဈေး ကိုလိုက်၍ ဈေးဖွင့်နေသည့် မြန်မာ့ရွှေဈေးကွက် သည်လည်း အနိမ့်အမြင့်အတက်အကျ များရှိနေရခြင်းဖြစ်ကြောင်း သိရသည်။"မြန်မာ့ရွှေဈေးကွက်က တစ်ခါ တစ်လေမှာ ကမ္ဘာ့ရွှေဈေးကွက်ပေါ်မှာ ကြည့်ပြီးတော့ ဒီက ငွေဈေးနဲ့ပြန်တွက် ကြတာ။တစ်ခါတစ်လေကျတော့လည်း မန္တလေးဈေးကွက်ကို စဖွင့်ပြီးမှ ရန်ကုန် ဈေးကွက်ကို ဖွင့်တာဆိုတော့ မန္တလေး ဈေးကွက်က ဈေးပေါ်မှာလည်း မူတည် နေတယ်။ မန္တလေးဈေးကွက်ကတော့ နယ်စပ်ကလာ တဲ့သတင်းပေါ်မှာမူတည် ပြီးတွက်ချက်တာပါ။ ခုရက်ပိုင်းမှာရွှေ ဈေးက တက်လိုက်ကျလိုက်နဲ့မငြိမ်တဲ့ အခါကျတော့ ရွှေဝယ်ရောင်းသမား တွေ အခက်တွေ့ကြတဲ့ကာလတစ်ခုပါ။ ဒါပေမယ့် အထည်ဝယ်တဲ့ သူတွေက တော့ ရွှေဈေးကျတယ်ဆိုတာနဲ့ ရောက် လာကြတာပဲ"ဟု ရွှေဘုံသာလမ်းမှ ရွှေ ကုန်သည်တစ်ဦး ၏ပြောကြားချက်အရ သိရသည်။မြန်မာ့ရွှေဈေးသည်  ဇန်နဝါရီ ၇ ရက်တွင် အခေါက်ရွှေတစ်ကျပ် သား လျှင် ကျပ် ၇၅၉၀၀၀ ရှိခဲ့ရာမှ ဇန်နဝါရီ  ၈ ရက်တွင်  ကျပ် ၇၅၇၀၀၀  သို့ အနည်းငယ်ကျဆင်းခဲ့ကာ ဇန်နဝါရီ  ၉ ရက်တွင် ကျပ် ၇၆၀၀၀၀ သို့ ပြန်လည် မြင့်တက်လာခဲ့သည်။ ထို့နောက် ဇန်န ဝါရီ ၁၀ ရက်တွင် ကျပ် ၇၆၁၀၀၀ ရှိခဲ့ ကာ ဇန်နဝါရီ ၁၁  ရက်တွင် ကျပ် ၇၆၅၀၀၀ သို့  အနည်းငယ် မြင့်တက်ခဲ့ သည်။                 မယ်သီတာ