ဓာတ်မြေသြဇာဈေးနှုန်းများ
ဒီဇင်ဘာလအတွင်း မြေသြဇာတန်ချိန် တစ်သောင်းကျော်ပိုမိုတင်သွင်းပြည်တွင်းကို ဒီဇင်ဘာ ၃၀ ရက်မှ ၂၀၁၃ ဇန်နဝါရီ ၅ ရက်နေ့အတွင်း မြေ သြဇာတန်ချိန် ၁၃၁၅ ဒသမ ၈၀၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ နှစ်သိန်းကိုးသောင်း ကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ တင်သွင်းခဲ့တာက ထိုင်းနိုင်ငံမှ ကွန်ပေါင်းမြေသြဇာတန်ချိန် ၄၈၀၊ တရုတ်နိုင်ငံမှ ဖော့စဖိတ်မြေသြဇာ ၇၈၃ တန်၊ မလေးရှားနို င်ငံမှ မြေသြဇာ ၂ ဒသမ ၈၀ တန်နဲ့ ဂျာမနီနိုင်ငံမှ မြေသြဇာတန်ချိန် ၅၀ တို့တင်သွင်းခဲ့တယ်လို့ သိရပါတယ်။
ဒီဇင်ဘာလအတွင်းမှာ စင်ကာပူ၊ ဂျာမနီ၊ ဗီယက်နမ်၊ နယ်သာလန်၊ အာရပ်၊ တရုတ်၊ ထိုင်းနိုင်ငံတို့မှ မြေသြဇာ စုစုပေါင်းတန်ချိန် တစ်သောင်းရှစ်ထောင်ကျော် တင်သွင်းခဲ့တာကြောင့် ယခင် နိုဝင်ဘာလနဲ့ယှဉ်ရင် တန်ချိန် တစ်သောင်းကျော် အဝင်ပိုခဲ့တယ်လို့ သိရပါတယ်။ MIRT (DOT)
ချင်းရွှေဟော် ယခုနှစ်လဆန်းပိုင်းမှ စတင် တင်သွင်းပြီဇန်နဝါရီ ၂ ရက်မှ ၈ ရက်ထိ ကာလအတွင်းမှာ နယ်စပ်ကုန်သွယ်ရေးစခန်း များမှ ကန်ဒေါ်လာ ၂ ဒသမ ၅၀၂ သန်း တန်ဖိုးရှိတဲ့ ဓာတ်မြေသြဇာ ၁၂၃၀၅ တန်ခန့်ကို တင်သွင်းခဲ့ပါတယ်။ နယ်စပ်စခန်း အလိုက်တင်သွင်းမှုတွေကတော့ မူဆယ်မှ ၁၁၆၄၅ တန်ခန့်၊ ရိဒ်မှ တန် ၁၆၀ နဲ့ ချင်းရွှေဟော်မှ တန် ၅၀၀ အသီး သီးဖြစ်ပါတယ်။ နယ်စပ်အလိုက် တင်သွင်းမှုတွေကိုကြည့်မယ်ဆိုလျှင် မူဆယ်မှ ယူရီးယား၊ ကွန်ပေါင်း ၁၀း၁၀း၅၊ တီစူပါဖော့စဖိတ်၊ စင်ဂဲလ်စူပါဖော့စဖိတ်၊ နိုက်ထရစ်ဖော့စဖိတ်တို့ အများဆုံးတင် သွင်းခဲ့တာဖြစ်ပြီး ချင်းရွှေဟော်မှ ကွန် ပေါင်းဓာတ်မြေသြဇာနှင့် ရိဒ်မှ ပိုတက်ရှ်နဲ့ ပုလဲတို့ဖြစ်ပါတယ်။ မူဆယ်မှ ယူရီးယား ၁ တန်ကို ၃၆၈၀၀၀ ကျပ်၊ ကွန်ပေါင်း ၁၀း၁၀း၅ ၁ တန်ကို ၂၄၆၀၀၀ ကျပ်နဲ့ ချင်းရွှေဟော်မှာ ကွန်ပေါင်း ဓာတ်မြေသြဇာ ၁ တန်ကို ၁၁၅၇၀၀ကျပ်ဈေးပေါက် လျက်ရှိကြောင်းသိရပါတယ်။ ဆွေဆွေဝင်း
အရောင်းအဝယ်သွက်နေပေမယ့် ပုံမှန်လေးနဲ့ပဲ ဈေးရှိနေဆဲ ဓာတ်မြေသြဇာဒီတစ်ပတ် မြေသြဇာဈေးကွက်များမှာ မော်လမြိုင်၊ မန္တလေး၊ မကွေးနဲ့ ရန်ကုန်တို့မှာ အဝယ်လိုက်ေ ပမဲ့ တောင်ကြီးဘက်မှာ အရောင်းအေးနေတယ်လို့ သိရပါတယ်။ တောင်ကြီးဈေးကွက်မှာ ဒီအချိန် အရောင်း အဝယ်ဖြစ်တာ ပိုးသတ် ဆေးတစ်မျိုးသာရှိတယ်လို့ သိရပါတယ်။မော်လမြိုင်မှာ ရာသီသီးနှံဖြစ်တဲ့ ပန်းဂေါ်ဖီ၊ ခရမ်းချဉ်သီးများ အစိုက် များလို့ မြေသြဇာများအဝယ်လိုက်လာတယ်။ သီးနှံစိုက်ပျိုးမှုများတဲ့ ချောင်း ဆုံဘက်က တီစူပါ ၄၆% ကို ဒီတစ်ပတ်မှာအဝယ်များတယ်လို့ သိရပါတယ်။ ပုလဲအသေး ၄၆% (ရွှေတုံး၊ ရွှေပျား၊ ရွှေတောင်)ကွန်ပေါင်း(ပန်းရောင်)နဲ့ တီစူပါ ၄၆%က ဈေးမပြောင်းဘဲ ကွန်ပေါင်း ၁၅ ပတ်လည်(အစိမ်း)က ငါးရာကျပ်၊ ကွန်ပေါင်း (မြင်းပျံ-ထိုင်း)က နှစ်ထောင် ကျပ် ဈေးမြင့်လာတယ်လို့ သိရပါတယ်။ ကွန်ပေါင်း ၁၅း၁၅း၁၅ (ထိုင်း) ၃၄၀၀၀ ကျပ်၊ ကွန်ပေါင်း ၁၆း၁၆း၈ (မြင်းပျံ-ထိုင်း) က ၂၉၅၀၀ ကျပ်၊ တီစူပါ ၄၆%(သံကွင်း-တရုတ်)က ၂၂၅၀၀ ကျပ်၊ တီစူပါ ၁၆% (မြှားကမ္ဘာ-တရုတ်) က ၁၁၀၀၀ ကျပ်၊ ပုလဲအသေး ၄၆% (ရွှေတုံး၊ရွှေပျား၊ ရွှေတောင်)တရုတ် ၂၀၅၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ ဈေးကွက်အတွင်းမှ စုံစမ်းရရှိခဲ့ပါတယ်။မန္တလေးမြေသြဇာဈေးကွက်မှာ ဆောင်းသီးနှံစိုက်ပျိုးတဲ့ အချိန်ဖြစ်နေ တာကြောင့် အရောင်း အဝယ်က ကောင်းတယ်။ ဈေးကွက်ထဲ ပစ္စည်းပြတ်နေတဲ့ တီစူပါ GSSP ၁၂% က ဒီတစ်ပတ် မှာ ဈေးကွက် ထဲ ပြန်ဝင်လာပြီး ဈေးနှုန်းက ယူရီးယား(ပန်းဖူး-တရုတ်) တစ်မျိုးသာ ငါးရာကျပ်ဈေးမြင့်ပြီး ကျန်မြေသြဇာတွေ က ဈေးကျလာတယ်။ ဈေးကျတာက ဈေးကွက်ထဲပစ္စည်းအဝင် များနေတာကြောင့် နဲ့ တစ်ဆိုင်နဲ့တစ်ဆိုင် အပြိုင်အဆိုင် ရောင်းချရတာကြောင့်ဖြစ်တယ်လို့ စုံစမ်းသိရှိရ ပါတယ်။ မန္တလေး ၈၅-၈၆ လမ်းကြား စိုက်ပျိုးရေးပွဲရုံတန်း မှာအရောင်းအဝယ် ဖြစ်တဲ့ မြေသြဇာဈေးက ယူရီးယား(ရွှေတောင်-တရုတ်) ၁၈၄၀၀ ကျပ်၊ ယူရီးယား (ပန်းဖူး-တရုတ်) ၁၉၀၀၀ ကျပ်၊ တီစူပါ (GTSP ၄၆%-တရုတ်) ၁၈၁၀၀ ကျပ်၊ တီစူပါ (GSSP ၁၆%-တရုတ်) ၇၄၀၀ ကျပ်၊ တီစူပါ(GSSP-၁၂%-တရုတ်) ၇၀၀၀ ကျပ်၊ အာမို ၁၅း၁၅း၁၅ (တရုတ်) ၃၅၀၀၀ ကျပ်၊ အာမို ၁၀း၁၀း၅ ၁၂၂၀၀ ကျပ်ဖြစ်တယ်လို့ ပွဲရုံတန်းအတွင်းမှ စုံစမ်းသိရှိရပါတယ်။ရန်ကုန်ဈေးကွက်မှာ မြေသြဇာက အရောင်းအဝယ်ကောင်းလာတယ် လို့ စော်ဘွားကြီးကုန်း မှာရှိတဲ့ မြေသြဇာအရောင်းဆိုင်ရဲ့ ဝန်ထမ်းတစ်ဦး က ပြောပါ တယ်။ အရောင်းအဝယ်ေ ကာင်းပေ မဲ့ မြေသြဇာဈေးက သိပ်မပြောင်းဘူးလို့လည်း သိရပါတယ်။ ကုမ္ပဏီချပေးတဲ့ဈေးအပေါ်မှာပဲ အတက်အကျ ရှိပြီး ကော်မရှင်စား နဲ့ပဲ ရောင်းတာများတာကြောင့် ဈေးကငြိမ်နေပါတယ်။ ဒီတစ်ပတ်မှာ ရောင်းတဲ့ ဈေးက တရုတ်နိုင်ငံဘက်မှဝင်တဲ့ ယူရီးယား (နေရွက်လှေ)နဲ့ (ရွှေတောင်) မြေသြဇာ နဲ့ တီစူပါ(သံကွင်း) က ၁၉၅၀၀ ကျပ်ဈေးရှိပါတယ်။ ပိုတက်(ထိုင်း)က ၃၅၀၀၀ ကျပ်၊ ပိုတက် (အိန္ဒိယ) က ၂၃၈၀၀ ကျပ်ဈေးရှိပြီး ထိုင်းဘက်မှဝင်တဲ့ ကွန်ပေါင်း ၁၅ ပတ်လည်က ၃၈၅၀၀ ကျပ်၊ ကွန်ပေါင်း ၂၅းရး၇ က ၃၅၅၀၀ ကျပ် ဈေးရှိတယ် လို့ သိရပါတယ်။ MIRT (DOT)
