ဒီဇင်ဘာလအတွင်း ဘိလပ်မြေတန်ချိန် ခုနစ်သောင်းကျော် အဝင်ပိုပြည်တွင်းကို ဒီဇင်ဘာ ၃၀ ရက်မှ ၂၀၁၃ ဇန်နဝါရီ ၅ ရက်အတွင်း ဘိလပ် မြေတန်ချိန် ၆၁၀၀၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ လေးသိန်းကျော်ဖိုးကို တင်သွင်း ခဲ့ပါတယ်။ ဒီတစ်ပတ်မှာ မောင်းတိန်းဘိလပ်မြေတစ်မျိုးတည်းသာ တင်သွင်းခဲ့တယ် လို့သိရပါတယ်။ ယခင်သီတင်းပတ်မှာ တန်ချိန်နှစ်သောင်းကျော် အဝင်ရှိခဲ့တာ ကြောင့် ဒီတစ်ပတ်မှာ ဘိလပ်မြေအဝင်နည်းခဲ့ပါတယ်။ ဒီဇင်ဘာလအတွင်း ထိုင်း၊ တရုတ်၊ စင်ကာပူ၊ မလေးရှား၊ အိန္ဒိယနိုင်ငံများမှ ဘိလပ်မြေများ တန်ချိန် တစ်သိန်း ခုနစ်သောင်းကျော်တင်သွင်းခဲ့ပြီး နိုဝင်ဘာလမှာ တန်ချိန် တစ်သိန်းကျော်သာ တင်သွင်းခဲ့တာကြောင့် ယခုလမှာ ဘိလပ်မြေတန်ချိန် ခုနစ်သောင်းကျော်အဝင် ပိုခဲ့တယ်လို့ သိရပါတယ်။ MIRT (DOT)
မောင်တောနယ်စပ်မှ ဘိလပ်မြေများ ပုံမှန်ပြန်လည်တင်သွင်းလျက်ရှိဇန်နဝါရီလ ၂ ရက်မှ ၈ ရက်ထိကာလအတွင်းမှာ နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ကန်ဒေါ်လာ သုည ဒသမ ၂၉၆ သန်း တန်ဖိုးရှိ ဘိလပ်မြေ ၃၆၆၃ တန်ကျော်ကိုတင်သွင်းခဲ့ပါတယ်။ စခန်းတစ်ခုချင်းအလိုက် တင်သွင်းမှုများကိုနှိုင်းယှဉ် ကြည့်မယ်ဆိုလျှင် လွယ်ဂျယ်နယ်စပ်မှ ယခင်အပတ်က ၁၁၉၉ တန်ကျော် အသွင်းရှိ ခဲ့ပြီး ယခုတစ်ပတ်တွင် ၁၂၆၈ တန်ကျော်တင်သွင်းလာရာ ၆၉ တန် ပိုမိုတင်သွင်း နိုင်တာကိုတွေ့ရပါတယ်။ တာချီလိတ်နယ်စပ်မှ ယခင်အပတ်က ၁၀၀၁ တန်သာ တင်သွင်းနိုင်ခဲ့သော်လည်း ယခုအပတ်တွင် ၁၅၄၇ တန် တင်သွင်းခဲ့တဲ့အတွက် ၅၄၆ တန် ပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။ ကော့သောင်းနယ်စပ်မှ ယခင်အပတ်က ၁၀၅ တန်သာ အသွင်းရှိခဲ့ပြီး ယခုအပတ်တွင် တန် ၁၇၀ တင်သွင်းနိုင်ခဲ့တဲ့ အတွက် ၆၅ တန် ပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။ ယခင်အပတ်က တင်သွင်းနိုင်ခြင်းမရှိခဲ့တဲ့ မောင်တောနယ်စပ်မှလည်း ယခုအပတ်တွင် ၃၅၂ တန် တင်သွင်းခဲ့နိုင်တာကြောင့် ပုံမှန်အဝင်ရှိလာပြီဖြစ်ပါတယ်။ မြိတ်နယ်စပ်မှ ယခင်အပတ် က ၁၉၆၂ တန်ကျော် တင်သွင်းခဲ့ပြီး ယခုအပတ်တွင် ၃၂၅ တန်သာ အသွင်းရှိခဲ့တာကြောင့် ၁၆၃၇ တန် ကျော် လျော့န ည်းတင်သွင်းခဲ့တာကိုတွေ့ရပါတယ်။ ချင်းရွှေဟော်နယ်စပ်မှ ယခု အပတ်တွင် တင်သွ င်းနိုင်ခဲ့ခြင်းမရှိတဲ့အတွက် နယ်စပ်ဒေသမှ ဘိလပ်မြေများ အဝင်နည်းနေတာဖြစ်ပါတယ်။ မူဆယ်နယ်စပ်မှာ ကမ္ဘာလုံးတံဆိပ် ဘိလပ်မြေ ၁ တန်ကို မိမိဘက်ရောင်းဈေးမှာ ၇၆၂၀၀ ကျပ်ဖြစ်ပြီး တစ်ဖက်နိုင်ငံ ရွှေလီဈေး ကတော့ ၄၆၀ ယွမ် (၇၄ ဒေါ်လာ) ဈေးပေါက်လျက်ရှိကြောင်း သိရပါတယ်။ ဆွေဆွေဝင်း
မော်လမြိုင်နဲ့ မကွေးမှာ အရောင်းအေးနေတဲ့ ဘိလပ်မြေယခုသီတင်းတစ်ပတ်တွင် ပြည်တွင်းမြို့ကြီးများဖြစ်တဲ့ ရန်ကုန်၊ မန္တလေးနဲ့ ပဲခူး၊ တောင်ကြီးမြို့များတွင် ဘိလပ်မြေအရောင်းသွက်နေပြီး မော်လမြိုင်၊ မကွေး မြို့များမှာ အရောင်းအဝယ်အေးတယ်လို့ ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရပါတယ်။ ရန်ကုန်၊ ပဲခူး၊ မကွေးမြို့များရဲ့ ဘိလပ်မြေဈေးကငြိမ်နေပေမဲ့ မန္တလေး၊ မော်လ မြိုင်၊ တောင်ကြီးဘိလပ်မြေဈေးက အနည်းငယ်ကျလာတယ်လို့ သိရပါတယ်။
ရန်ကုန်ဈေးကွက်မှာ ဘိလပ်မြေက အရောင်းအဝယ်သွက်နေတယ်။ ဈေး ကွက်ထဲ ပစ္စည်းပြတ်နေ တဲ့ မောင်းတိန်းက ဒီတစ်ပတ်မှာ ပြန်ဝင်လာပါတယ်။အရောင်းအဝယ်ရှိနေပေမဲ့ ဘိလပ်မြေဈေး အတက်အကျက ငါးဆယ်၊ တစ်ရာ ဝန်းကျင်မှာပဲ ရှိတယ်လို့ပြောပါတယ်။ ဒီတစ်ပတ်ဘုရင့်နောင်ပွဲရုံအတွင်း အရောင်း အဝယ်ဖြစ်နေတဲ့ ဈေးက ဆင်ဘိလပ်မြေ တစ်အိတ် ၄၆၅၀ ကျပ်၊ စိန်ဘိလပ်မြေ ၄၄၅၀ ကျပ်နဲ့ မောင်းတိန်း ၄၃၀၀ ကျပ်တို့နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ ဘိလပ် မြေရောင်းဝယ်သူတစ်ဦးမှ ပြောကြားခဲ့ပါတယ်။မန္တလေးဘိလပ်မြေဈေးကွက်မှာ ဘိလပ်မြေက အရောင်းအဝယ်ကောင်း တယ်။ ဈေးကွက် ထဲ ပြည်တွင်းဖြစ်ဘိလပ်မြေက ဆက်တိုက်ဝင်လာပေမဲ့ အသုံးများ နေတာကြောင့် မြန်မာ့ဆင်က တစ်ရာဝန်း ကျင်ဈေးမြင့်လာပါတယ်။ ထိုင်းပစ္စည်း ဖြစ်တဲ့ ဆင်နဲ့ စိန်က တစ်ရာကျပ် ဈေးကျပြီး အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါ တယ်။ ဒီတစ်ပတ် အရောင်းအဝယ်ဖြစ်နေတဲ့ ဘိလပ်မြေဈေးနှု န်းတွေက အေသုံးလုံး ၅၅၀၀ ကျပ်၊ မြန်မာ ဆင် ၅၀၀၀ ကျပ်၊ ဆင် (ထိုင်း) ဘိလပ်မြေ ၅၈၀၀ ကျပ်၊ စိန်(ထိုင်း) က ၅၈၀၀ ကျပ်၊ ဆင်မင်း (ကျောက်ဆည်)က ၅၀၀၀ ကျပ်၊ ကျားခေါင်း ၅၀၀၀ ကျပ်နဲ့ မြင်းခေါင်း ၄၇၀၀ ကျပ်တို့နဲ့ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်တယ် လို့ မန္တလေးဘုရားကြီးနားမှာရှိတဲ့ ဘိလပ်မြေအရောင်းဆိုင်မှ စုံစမ်းသိရပါတယ်။ပဲခူးဈေးကွက်မှာ ဘိလပ်မြေက အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ဈေးကွက်ထဲ ပစ္စည်းအဝင်နည်းနေတာကြောင့် ဘိလပ်မြေဈေးက မာနေ တယ်။ ဈေးကွက်ထဲ ပစ္စည်းဝင် လာရင် ဈေးက ကျလာနိုင်တယ်လို့ တော့မှန်းကြ ပါတယ်။ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးက ဆင်(ထိုင်း)၅၄၀၀ ကျပ်၊ စိန်(ထိုင်း) ၅၃၀၀ ကျပ်၊ ကြံ့(မြိုင်ကလေး) ၄၅၀၀ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်တယ်လို့ ဘိလပ်မြေအရောင်းဆိုင်ရဲ့ ဝန်ထမ်းတစ်ဦးမှ ပြောပြခဲ့ပါတယ်။မော်လမြိုင်ဈေးကွက်မှာ ဘိလပ်မြေက ပွင့်လင်းရာသီ ရောက်လာတာ ကြောင့် အရောင်းအဝယ်မှာ ယခင်ကထက်စာရင် ပိုပြီးသွက်လာတယ်။ ဒါပေမဲ့ အရောင်းအဝယ်သွက်ပေမဲ့ ဈေးနှုန်းများမှာ ပြောင်းလဲမှုမရှိဘဲ ပုံမှန်ဈေးနှုန်းနဲ့ပဲ ဈေးကွက်ရှိနေတယ်။ မြင်းခေါင်းဘိလပ်မြေ ၃၂၀၀ ကျပ်၊ ဆင်(ထိုင်း) ဘိလပ်မြေ တစ်အိတ်ကို ၄၆၂၅ ကျပ်၊ ကြံ့(မြိုင်ကလေး) ဘိလပ်မြေတစ်အိတ် ၃၇၅၀ ကျပ်ဈေး နဲ့ အရောင်းအဝယ်ဖြစ် တယ်လို့ ဈေးကွက်အတွင်းမှ သိရပါတယ်။ MIRT (DOT)