Main menu

Background

ဈေးမာနဲ့ အရောင်းအဝယ် ပုံမှန်ရှိနေတဲ့ မန်းနှမ်း

Sun, 01/13/2013 - 08:42 -- ydnar

ပဲ၊ပြောင်း၊ နှမ်းမျိုးစုံကို မန္တလေး မြို့ ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း(မန္တလေး ကုန်စည်ဒိုင်)မှာ အရောင်းအဝယ် ပြု လုပ်ရာမှာ ၃ တင်းအိတ်နဲ့ အရောင်း အဝယ်ပြုလုပ်ပါတယ်။ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်မှာ နှမ်းဖြူ တစ်ပိဿာ ၂၁၇၈ ကျပ်မှ ၂၂၂၂ ကျပ်နဲ့ ၁၀၀၀ မှ ၁၄၀၀ အိတ်၊ နှမ်း ညိုတစ်ပိဿာ ၁၉၇၀ ကျပ်မှ ၂၀၀၀ ကျပ်နဲ့ ၁၀၀၀ အိတ်မှ ၁၅၀၀ အိတ်၊ နှမ်းနက် တစ်ပိဿာ ၂၄၄၄ ကျပ်မှ ၂၅၁၁ ကျပ်နဲ့ ၈၀၀ အိတ်မှ ၁၂၀၀ အိတ်၊ နှမ်းနက် (စမုံ)တစ်ပိဿာ ၂၇၃၃ ကျပ်မှ ၂၇၇၈ ကျပ်နဲ့ ၇၀၀ အိတ်မှ ၁၀၀၀ အိတ်နေ့စဉ်အရောင်း အဝယ်ဖြစ်ရာ နှမ်းဖြူ၊ နှမ်းညို၊ နှမ်း နက်၊ နှမ်းနက်(စမုံ) နေ့စဉ်ပျမ်းမျှ ၄၃၀၀ အိတ်ဖြစ်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ဒုတိယပတ်မှာ နှမ်းဖြူ ၂၂၀၀ ကျပ်မှ ၂၃၃၃ ကျပ်နဲ့ ၈၀၀ အိတ်မှ ၁၂၀၀ အိတ်၊ နှမ်းညို တစ်ပိဿာ ၂၀၀၀ ကျပ်မှ ၂၀၄၄ ကျပ်နဲ့ ၁၀၀၀ မှ ၁၅၀၀ အိတ်၊ နှမ်းနက် တစ်ပိဿာ ၂၄၄၄ ကျပ်မှ ၂၆၂၂ ကျပ်နဲ့  ၁၀၀၀ မှ ၁၂၀၀ အိတ်၊ နှမ်းနက် (စမုံ) တစ်ပိဿာ ၂၈၂၂ ကျပ်မှ ၂၉၅၆ ကျပ်နဲ့ ၈၀၀ မှ ၁၀၀၀ အိတ်အရောင်းအဝယ် ဖြစ် ခဲ့လို့နေ့စဉ်၄၂၅၀အိတ်ခန့် အရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။

နေ့စဉ် ရောင်းဝယ်မှု အခြေ အနေမှာ သိသိသာသာ ကွာဟမှုမရှိ သော်လည်းဈေးနှုန်းကွာဟမှုအနည်း ငယ် ရှိတာကိုတွေ့ရပါတယ်။ နှမ်းဖြူ တစ်ပိဿာ ၁၁၁ ကျပ်၊ နှမ်းညို တစ် ပိဿာ ၄၄ ကျပ်၊ နှမ်းနက်  ၁၁၁ ကျပ်၊ နှမ်းနက်(စမုံ) ၁၇၈ ကျပ်သို့ အသီးသီး ဈေးမာလျက်ရှိပါတယ်။ နယ်များမှ နှမ်းဝင်ရောက်မှုများ လာသလို ပြည်တွင်း ဆီစက်များနဲ့ ပြည်ပဝယ်လိုအားရှိတာကြောင့် ဈေးမာပြီး အရောင်းအဝယ် ပမာဏ မျှတမှုရှိကြောင်း သိရပါတယ်။ မန္တလေးတိုင်းဒေသကြီးဟာ ဆန် လိုအပ်ချက်ရှိတဲ့တိုင်း ဒေသကြီး ဖြစ်သော်လည်း၎င်းင်းလိုအပ်ချက်များ ကို ဒေသထွက်ပိုလျှံတဲ့ ပဲမျိုးစုံ၊ နှမ်း များနဲ့ အစားထိုးဖြည့်ဆည်း နိုင်တဲ့ အတွက် စီးပွားရေးချိန်ခွင့်လျှာ ညှိ ယူနိုင်ခြင်း၊ သဘာဝမှ ပေးအပ်တဲ့ မြေအနေအထား၊ ရာသီဥတု၊ လမ်း ပန်းဆက်သွယ်ရေးများအားလိုက်လျော ညီထွေ အသုံးပြုနိုင်တာကြောင့် စီး ပွားရေး တွက်ခြေကိုက်တဲ့ ဒေသဖြစ် ပါတယ်။ စိုးအောင် - မန္တလေး