ကိုးလအတွင်း ဆန်တန်ချိန် တစ်သန်းကျော် တင်ပို့နိုင်ခဲ့
နိုင်ငံတော်၏ ကုန်သွယ်ရေးနှင့် ပတ်သက် သည့် ဖြေလျော့မှုများကြောင့် ကုန်သည်များ အနေဖြင့် ဆန်တင်ပို့မှု များ ပြုလုပ်ခဲ့ရာတွင် ကိုးလ အတွင်း ဆန်တန်ချိန် တစ်သန်းကျော် တင်ပို့နိုင် ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပဲခူးတိုင်း၊ ဝေါမြို့နယ် အဗျားဗိုလ် တဲကျေးရွာ၌ ပြီးခဲ့သည့် ဇန်နဝါရီ ၆ ရက်က Mobile Team အဖွဲ့(၂) နှင့်တွေ့ဆုံရာတွင် ထည့်သွင်းပြောကြား ခဲ့ကြောင်း သိရသည်။
"ကုန်သွယ်ရေးနဲ့ပတ်သက်ပြီး ဖြေလျော့မှုတွေ လုပ်ပေးပြီးတဲ့ နောက်မှာ ကိုးလအတွင်း ဆန်တန် ချိန် တစ်သန်းကျော်တင်ပို့နိုင်ခဲ့ပါတယ်။ ဒါဟာ နှစ်ပေါင်း ၄၆ နှစ်အတွင်း တိုးတက်ဖြစ်ပေါ်ခဲ့တဲ့ ဆန်တင်ပို့မှုပါ။ အရင်တုန်းကဆိုရင် ဆန်တင်ပို့ဖို့ အတွက် ပစ္စည်းပြရတယ်။ အဆင့်ဆင့် လုပ်ရ တယ်။ ပါမစ်ရဖို့အတွက် နှစ်ပတ် သုံးပတ် တစ်ခါ တစ်လေ လနဲ့ချီပြီးကြာတယ်။ ခုဆိုရင ် ဆန်တန် ချိန်တစ်သန်းကျော်ကို ကိုးလအတွင်း တင်ပို့နိုင်ခဲ့ တယ်။ ဒါဖြေလျော့မှုရဲ့ အကျိုးဆက်ပါ။ ဒါဟာ နှစ်ပေါင်း ၄၆ နှစ်အတွင်း ပထမဦးဆုံးအကြိမ် ကိုးလအတွင်း တင်ပို့နိုင်ခဲ့တာပါ။ ဒါဟာ လုပ်ငန်း ရှင်တွေရဲ့ ကြိုးစားမှု၊ ဌာနဆိုင်ရာတွေရဲ့ပူးပေါင်း ပါဝင်မှုတွေကြောင့် ကိုးလအတွင်းမှာ တန်ချိန် တစ်သန်း တင်ပို့နိုင်ခဲ့တာပါ။ ""မှတ်မိသလောက်ပြောရမယ်ဆိုရင် ၁၉၉၄ ခုနှစ်တုန်းက ဆန်တန်ချိန် တစ်သိန်း တင်ပို့ခဲ့ ဖူးတယ်။ အဲဒီ တန်ချိန်ကို တင်ပို့နိုင်ဖို့အတွက် မအိပ်မနေ ကြိုးစားခဲ့ရတယ်။ဗြဏွှ ရော ပို့ ဆောင်ရေးရော၊ အားလုံး မအိပ်မနေလုပ်ရတယ်။ ခုဆို ကိုးလအတွင်း တစ်သန်းကျော်ပို့ဖို့က ကျွန် တော်တို့ ဘာမှလုပ်စရာမလိုဘူး။ လုပ်တတ်ကိုင် တတ်တဲ့ကုန်သည်တွေက တင်ပို့တဲ့အတွက် ခုလို အခြေအနေမျိုး ရောက်ခဲ့ရတာပါ"ဟု ပြောကြားခဲ့ သည်။ပြည်ပသို့ ဆန်တင်ပို့ရာတွင် ၁၉၉၄-၉၅ ခုနှစ်က ဆန်တန်ချိန်တစ်သန်း တင်ပို့နိုင်ခဲ့သည်။ ထိုအချိန်က တင်ပို့ရာတွင် တစ်နိုင်ငံလုံးရှိ ဆန်စက် များကို ကြိတ်ခွဲစေပြီးသယ်ယူရေး၊ တင်ပို့ရေးကို တပ်မတော်ယာဉ်များ၏ အကူအညီကို ရယူကာ ဆောင်ရွက်ခဲ့ရကြောင်း သိရသည်။၂၀၀၁-၀၂ တွင် မြန်မာ့လယ်ယာထွက်ကုန် ပစ္စည်းရောင်းဝယ်ရေးဝန်ထမ်းများ၏ ဆောင်ရွက် မှုကြောင့် ဆန်တန်ချိန် တစ်သန်းတင်ပို့နိုင်ခဲ့သော် လည်း ဆန်တစ်မျိုးတည်း မဟုတ်ဘဲ စပါး၊ ဆန် နှင့် ဆန်ထွက်ပစ္စည်းများပါ ပါဝင်ခဲ့ကြောင်း သိရ သည်။ ၂၀၁၂-၁၃ ဘဏ္ဍာနှစ်တွင်မူ ဧပြီလမှ ဒီဇင် ဘာလအထိ ကိုးလအတွင်း ဆန်တန်ချိန် ၁ ဒသမ ၀၂ သန်းကို တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။မယ်သီတာ
