Main menu

Background

မကွေးဈေးကွက်မှာ ပဲမျိုးစုံနဲ့ နှမ်းမျိုးစုံအရောင်းအဝယ်ခပ်ပါးပါးသာရှိနေ

Wed, 01/16/2013 - 06:54 -- ydnar

မကွေးဈေးကွက်မှာ ဒီတစ်ပတ် ပဲတီစိမ်းနဲ့ ပဲစင်းငုံနီကို ရန်ကုန် ဝယ်လက်နဲ့ မန္တလေးဝယ်လက်က ဝယ်အားခပ်ပါးပါးသာရှိသလို နှမ်း မျိုးစုံကိုလည်း ရန်ကုန်-မန္တလေးဝယ်လက်နဲ့ မြို့ခံဆီစက်များက ဝယ် လိုအားလျော့ သွားတယ်လို့ ဈေးကွက်မှသိရပါတယ်။ ပဲတီစိမ်းက ဈေးကွက်သို့ ဝင်အားပုံမှန်ရှိပေမယ့် ရန်ကုန်-မန္တလေးဝယ် လက်က ပြည်ပဈေးကွက်ရဲ့ ဝယ်လိုအားအခြေအနေကို တွက်ချက်ပြီး ဝယ်ယူ မှုတွေရှိနေ သလို ရောင်းလက်များကလည်း ဈေးကွက်မျှော်လင့်ချက် နဲ့အရောင်းနည်းတာကြောင့် အရောင်းအ၀ ယ်ဖြစ်မှု ပမာဏတွေ လျော့နည်းခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့တစ်ပိဿာ ၁၀၅၃ ကျပ်(တစ်တန်ကို ၆၄၄၈၄၆ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၁၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ကုလားပဲ (ထိုင်ဝမ်) ကိုလည်း ရန်ကုန်အဆွဲပါးပြီး မြို့ခံပဲခွဲစက်တွေသာ တစ် ပိဿာကို ၉၂၁ ကျပ်(တစ်တန်ကို ၅၆၄၀၁၁ ကျပ်)ဈေးနဲ့ တစ်ရက် ကိုအိတ် ၁၀၀ ခန့်သာဝယ်အားရှိခဲ့တယ်လို့ သိရပါတယ်။ ဈေးကွက် ထဲအသစ်ဝင်ရောက်လာတဲ့ ပဲစင်းငုံနီကို ပြည်ပအဆွဲမသွက်သေး ဘဲ ရန်ကုန်ဝယ်လက်နဲ့ မြို့ခံလှောင်လက်ကုန်သည်တွေကသာ ဝယ် အားအနည်းငယ်သာရှိနေတယ်လို့ သိရပါတယ်။ အရောင်းအဝယ် ဖြစ်မှုက တစ်ပိဿာ ၈၆၅ ကျပ်(တစ်တန်ကို ၅၂၉၇၁၇ ကျပ်)ဈေး နဲ့ တစ်ရက်ကိုအိတ် ၂၀၀ မှ ၃၀၀ ကြားဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ နှမ်းမျိုးစုံကို ရန်ကုန်-မန္တလေးဝယ်လက်နဲ့ မြို့ခံဆီစက်များက ဝယ် အားပုံမှန်ရှိ တာကြောင့် နှမ်းဖြူနဲ့ နှမ်းနက် (စမုံ)ဈေးစွာလာပေမယ့် နှမ်းနီနဲ့ နှမ်းနက်ကတော့ ဈေးငြိမ်နေပါတယ်။ အရောင်းအဝယ်ဖြစ် မှုက နှမ်းဖြူတစ်ပိဿာ ၂၂၈၉ ကျပ်၊ နှမ်းနက်(စမုံ)တစ်ပိဿာ ၂၈၀၀ ကျပ်၊ နှမ်းနီတစ်ပိဿာ ၂၁၁၁ ကျပ်နဲ့ နှမ်းနက်တစ်ပိဿာ ၂၄၄၅ ကျပ်ဈေးဖြင့် နှမ်းမျိုးစုံတစ်ရက်ကို အိတ် ၅၀၀ မှ ၈၀၀ ကြားသာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း မြို့ခံနှမ်းကုန်သည်တစ်ဦးကဆိုပါ တယ်။