Main menu

Background

ပြည်ဈေးကွက်မှာ ပဲမျိုးစုံဈေးအတက်အကျ သိပ်မရှိဘဲအရောင်းအဝယ်ဖြစ်

Wed, 01/16/2013 - 06:55 -- ydnar

ပြည်ဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲ၊ ပဲတီစိမ်းနဲ့ ပဲစင်းငုံနီဈေး များမှာ ဈေးအတက်အကျသိပ်မရှိဘဲ ပုံမှန်အရောင်းအဝယ်ဖြစ်နေ ကြောင်းသိရပါတယ်။ မတ်ပဲကို ရန်ကုန်ဝယ်လက်နဲ့ လှောင်လက်သ မားများက တစ်ပိဿာ ၇၀၀ ကျပ်(တစ်တန်ကို ၄၂၈၆၇၃ ကျပ်)ဈေး နဲ့တစ်ပတ်ကို အိတ် ၁၀၀၀ ခန့်အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရ ပါတယ်။ ပဲတီစိမ်းက ဈေးကွက်သို့အဝင်ပုံမှန်ရှိသလို မန္တလေးဝယ် လက်ကလည်း ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ် ဖြစ်မှုက တစ်ပိဿာ ၁၀၇၀ ကျပ်(တစ်တန်ကို ၆၅၅၂၅၇ ကျပ်)ဈေး နဲ့တစ်ပတ်အတွင်း အိတ် ၁၆၀၀ ခန့်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပဲစင်းငုံနီ က ပြည် အနီးတစ်ဝိုက်မှ နေ့စဉ်အဝင်ရှိပေမယ့် ဝင်ရောက်မှု ပမာဏနည်းသေးတယ်လို့သိရပါတယ်။ ဒါပေမယ့် နေ့စဉ် အဝင်ရှိသ လောက်တော့ ရန်ကုန်အဆွဲရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ် အနေနဲ့ တစ်ပိဿာ ကို ၈၁၀၀ ကျပ်(တစ်တန်ကို ၅၂၆၆၅၅ ကျပ်) ဈေးနဲ့ တစ်ရက်ကိုအိတ် ၂၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။