Main menu

Background

ဟင်္သာတဈေးကွက်မှာ မတ်ပဲသစ်နဲ့ ပဲလွန်းဖြူ (သစ်) ဈေးကွက်စတင် ဝင်ရောက်

Wed, 01/16/2013 - 06:59 -- ydnar

ဟင်္သာတဈေးကွက်မှာ ဒေသအခေါ်ခြံပဲဖြစ်တဲ့ မတ်ပဲသစ် တွေဟင်္သာတအနီးတစ်ဝိုက် မှ ဈေးကွက်ထဲ စတင် ဝင်ရောက်လာပြီး တစ်ပိဿာကို ၇၂၅ ကျပ်(တစ်တန်ကို ၄၄၃၉၈၂ ကျပ်)ဈေးနဲ့ ဈေး ဖွင့်ခဲ့ပေမယ့် လောလောဆယ် ရန်ကုန်အဝယ်မရှိသေးဘူးလို့ ဈေး ကွက်အတွင်းမှ သိရပါ တယ်။ ဈေးကွက်မှာ လက်ရှိမတ်ပဲ (ဟောင်း) ကိုသာ ရန်ကုန်အဆွဲအနည်းငယ်ရှိခဲ့တာကြောင့် အရောင်းအဝယ် အနည်းငယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၇၁၅ ကျပ်(တစ်တန်ကို ၄၃၇၈၅၈ ကျပ်)ဈေးနဲ့ တစ်ရက် ကို အိတ် ၂၀၀ မှ ၃၀၀ ကြားဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒေသထွက် ပဲလွန်းဖြူကိုလည်း ရန်ကုန်ဝယ် လက်က ဈေးကွက်  အဝင်ရှိသလောက် ဝယ်အားရှိခဲ့တယ်လို့ သိရပါတယ်။ အရောင်း အဝယ်အနေနဲ့ တစ်ပိဿာ ၉၂၅ ကျပ်(တစ်တန်ကို ၅၆၆၄၆၀ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၂၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။