အောင်လံဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီနဲ့ ပဲတီစိမ်းကို ရန်ကုန်-မန္တလေးဝယ်လက် ဝယ်အားများလာသလို သိပ္ပံနှမ်းကိုလည်း ရန်ကုန်အဆွဲသွက်ခဲ့တယ်လို့ သိရပါတယ်။ ပဲစင်းငုံနီက အောင်လံ ဒေသအ နီးတစ်ဝိုက် မှ ဈေးကွက်ထဲဝင်ရောက်မှုများလာသလို ရန်ကုန် ဝယ်လက်နဲ့ လှောင်မည့်ကုန်သည်တချို့ကလည်း အရည်အသွေး အပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၈၆၅ ကျပ်(တစ်တန်ကို ၅၂၉၇၁၇ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၉၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲတီစိမ်းကြီးကို ရန်ကုန်-မန္တလေးဝယ်လက်က ဝယ် အားပုံမှန်ရှိသလို ရောင်းသူကုန်သည်များကလည်း အဆိုပါဈေးနဲ့ အရောင်းများတာကြောင့် ဈေးကွက်သဘောသဘာဝအရ ဝယ်လို အားရောင်းလိုအားမျှနေတဲ့ အနေအထား မှာရှိနေတယ်လို့ ပွဲရုံရပ် ကွက်ကဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာကို ၁၁၅၀ ကျပ်(တစ်တန်ကို ၇၀၄၂၄၈ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၇၀၀ ခန့်ဖြစ် ခဲ့တယ်လို့ သိရပါ တယ်။ ဈေးကွက်မှာလှုပ်လှုပ်ရှားရှားနဲ့ အရောင်းအ ဝယ်သွက်နေတဲ့ သိပ္ပံနှမ်းကိုတော့ ရန်ကုန်ဝယ်လက် ဝယ်အားများ တာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၂၈၄၅ ကျပ်ဈေးနဲ့ တစ်ရက်ကိုအိတ် ၁၀၀၀ နဲ့အထက် အရောင်းအ ဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
Background