မန္တလေးဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီနဲ့ ပဲတီစိမ်းအရောင်း အဝယ်သွက်ပြီး မတ်ပဲ၊ ပဲယင်း၊ ပဲလွန်းဖြူ၊ ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲ(ထိုင်ဝမ်)ကတော့ ပုံမှန်အရောင်းအဝယ်ဖြစ်နေတယ်လို့ ဆို ပါတယ်။ ဒါ့အပြင် နှမ်းမျိုးစုံကိုလည်း တရုတ်ဝယ်လက်နဲ့ ဒေသတွင်း ဆီစက်များက ဈေးပေးအဝယ်ရှိသလို ဝယ်အားပါ များလာ တာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကအမြင့်မှာရှိနေတယ်လို့ ဆိုပါ တယ်။ မန်းဈေးကွက်ထဲမှာ ပဲစင်းငုံနီ (ဟောင်း)နဲ့ စာရင် ပဲစင်းငုံနီ (သစ်)ကို ရန်ကုန်ဝယ်လက်နဲ့ မြို့ခံလှောင်လက်ကုန်သည်များက ဝယ် အားများခဲ့ တယ်လို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။ အခုဝင်လာတဲ့ပဲတွေ ကအရည်အသွေးကောင်းတယ်လေ။ ဒါကြောင့် ဝယ်လက်တွေက ဈေးပေးအဝယ်ရှိလို့ အခုလို ဈေးတွေအနည်းငယ်မြင့်လာတာလို့ ပဲ အရောင်းအဝယ်လုပ်နေတဲ့ ကုန်သည်တစ်ဦးက ဆိုပါတယ်။ အ ရောင်းအဝယ်အနေနဲ့ တစ်ပိဿာကို ၈၆၇ ကျပ်(တစ်တန်ကို ၅၃၀၉၄၂ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၁၀၀၀ မှ ၁၅၀၀ ကြားဖြစ် ခဲ့တယ်လို့သိရပါတယ်။ ဈေးကွက်မှာနေ့စဉ် လှုပ်လှုပ်ရှားရှားနဲ့ အ ရောင်းအဝယ်သွက်နေတဲ့ ပဲတီစိမ်းကတော့ နယ်စုံမှ ပုံမှန်အဝင်ရှိ သလို တရုတ်ဝယ် လက်ကလည်း ဝယ်အားသွက်ပေမယ့် ယခင်အ ပတ်နဲ့စာရင် ဈေးအတက်အကျ မရှိဘဲ ဈေးတန့်နေ တယ်လို့ သိရပါ တယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁၁၂၀ ကျပ်(တစ်တန် ကို ၆၈၅၈၇၆ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၁၀၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မတ်ပဲကို ပြည်ပအတွက်ဝယ်ယူနေတဲ့ ရန်ကုန်ဝယ် လက်အဝယ်အေးပေမယ့် မြို့ခံပဲခွဲစက်တွေကတော့ ဝယ်အားပုံမှန်ရှိ ခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၇၁၇ ကျပ်(တစ်တန်ကို ၄၃၉၀၈၃ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၅၀၀ ခန့်ဖြစ် ခဲ့တယ်လို့ သိရပါတယ်။ ပဲယင်းကိုတော့ တရုတ်ဝယ်လက်က ဝယ် အားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ် ပိဿာကို ၅၁၇ ကျပ်(တစ်တန်ကို ၃၁၆၆၀၅ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၃၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဒါ့အ ပြင် ပဲလွန်းဖြူကိုလည်း တရုတ်ဝယ်လက်အဆွဲပုံမှန်ရှိပေမယ့် ယခင် အပတ်နဲ့ စာရင် ဈေးတန့်နေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ် အနေနဲ့ တစ်ပိဿာကို ၁၀၈၃ ကျပ်(တစ်တန်ကို ၆၆၃၂၁၈ ကျပ်) ဈေးနဲ့ နေ့စဉ် အိတ် ၅၀၀ ခန့်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ကုလား ပဲဖြူလုံးကြီးနဲ့ ကုလားပဲ(ထိုင်ဝမ်)ကို ပြည်ပအဆွဲအေးပေမယ့် ရန်ကုန်ဝယ်လက်နဲ့ မြို့ခံပဲခွဲစက်တွေကတော့ ဝယ်အားများခဲ့တယ် လို့ပွဲရုံရပ်ကွက်က ဆိုပါတယ်။ ကုလားပဲ က ရောင်းလက်တွေထံမှာ ပစ္စည်းလက်ကျန်နည်းေ နပေမယ့် ရောင်းလက်ေ တွက ဈေးကောင်း ရရင် ရသလို ထုတ်ရောင်းမှုတွေရှိနေသလို မြို့ခံပဲခွဲစက်နဲ့ အမှုန့်ကြိတ် စက်တွေကလည်း ပစ္စည်းဝယ်ယူဖြည့်တင်းတဲ့အနေနဲ့ ဝယ်အားများ လို့ အခုလို အရောင်းအဝယ်ဖြစ်မှုပမာဏတွေ ပိုများလာတာလို့ မြို့ခံ ကုန်သည်တစ်ဦးကဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ ကုလားပဲ ဖြူလုံးကြီးတစ်ပိဿာ ၈၅၆ ကျပ်(တစ်တန်ကို ၅၂၄၂၀၅ ကျပ်)၊ ကုလားပဲ(ထိုင်ဝမ်)တစ်ပိဿာ ၉၃၃ ကျပ်(တစ်တန်ကို ၅၇၁၃၅၉ ကျပ်)ဈေး နဲ့ နှစ်မျိုးပေါင်းတစ်ရက်ကို အိတ် ၂၀၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
Background