Main menu

Background

တောင်ကြီးဈေးကွက်မှာ ပြောင်းဈေးမြင့်ပြီး ပန်းနှမ်းဈေးအနည်းငယ်ကျလာ

Wed, 01/16/2013 - 07:06 -- ydnar

တောင်ကြီးဈေးကွက်မှာ ပြောင်းက ဈေးကွက်သို့အဝင်အ နည်းငယ်လျော့ပေမယ့် ရန်ကုန်-မန္တလေးဝယ်လက်နဲ့ မြို့ခံအစာစပ် လုပ်ငန်းရှင်များက ဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်မြင့်လာပြီး တစ်ပိဿာကို ၃၂၅ ကျပ်ဈေးနဲ့ အ ရောင်းအဝယ်ဖြစ်မှုများခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဈေးကွက် သို့အဝင်ပုံ မှန်ရှိတဲ့ ဒေသထွက်ပန်းနှမ်းကိုလည်း ဒေသခံဆီစက်လုပ် ငန်းရှင်များက တစ်ပိဿာကို အနိမ့်ဆုံး ၁၀၀၀ ကျပ်မှ အမြင့်ဆုံး ၁၀၂၀ ကျပ်အတွင်း တစ်တန်ကို အိတ် ၁၀၀၀ ခန့်အရောင်း အဝယ် ဖြစ်ခဲ့တယ် လို့ ဒေသခံ ကုန်သည်တစ်ဦးကဆိုပါတယ်။