ပခုက္ကူဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီ(သစ်)နဲ့ နှမ်းနက် သာပုံမှန်အရောင်းအဝယ်ဖြစ်ပြီး ကျန်ပဲမျိုးစုံ က ဈေးသာရှိပြီး အရောင်း အဝယ်အေးေ နတယ်လို့ သိရပါတယ်။ ပဲစင်းငုံနီ(သစ်)တွေ ပခုက္ကူ နယ်တစ်ဝိုက် မှ ဈေးကွက်ထဲဝင်ရောက်မှုတိုးလာပေမယ့် ပြည်ပအဆွဲ အေးနေတဲ့အပေါ် ရန်ကုန်ဝယ်လက်က တွက်ချက်ဝယ် ယူမှုတွေရှိနေ တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၈၉၀ ကျပ်(တစ်တန်ကို ၅၄၅၀၂၇ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၅၀၀ ခန့်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် နှမ်းနက်ကိုလည်း ရန်ကုန်- မန္တလေးဝယ်လက်က တစ်ပိဿာကို ၂၄၃၃ ကျပ်ဈေးနဲ့ တစ်ရက်ကို အိတ် ၆၀ ခန့်အဝယ်ရှိခဲ့တယ်လို့ သိရပါတယ်။
Background