Main menu

Background

ဖျာပုံမြို့နယ်တောင်သူများ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေအတိုးနှုန်းနဲ့ သွင်းအားစုများအပေါ် ဧရာဝတီစိမ်းလန်းမြေဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီလီမိတက်မှ လျှော့ပေါ့ရန် ဆွေးနွေးညှိနှိုင်း

Wed, 01/16/2013 - 07:09 -- ydnar

ဖျာပုံမြို့နယ်ရှိ ဧရာဝတီစိမ်းလန်းမြေဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီလီမိတက်မှ ၂၀၁၂-၁၃ ခုနှစ်၊ မိုးစပါးစိုက်ပျိုးမှု မှာ တောင်သူ များအနေနဲ့ အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် ရိတ်သိမ်းပြီး၊ ရိတ်သိမ်းဆဲစပါးများ ထိခိုက်မှုများ ရှိခဲ့သဖြင့် စိုက်ပျိုးစရိတ် ချေးငွေအတိုးနှုန်းနဲ့ပေးထားသောမြေဆီများအပေါ် နှုန်းထားများလျော့ပေါ့ပေးဖို့ ဆွေးနွေး ညှိနှိုင်းခဲ့ကြတယ်လို့ သိရပါတယ်။

၂၀၁၂-၁၃ ခုနှစ်၊ မိုးစပါးစိုက်ပျိုးရာသီမှာ ဧရာဝတီစိမ်းလန်းမြေဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီလီမိတက်မှ ဖျာပုံမြို့နယ် ဒေသ ခံ တောင်သူ ၅၃၇ ဦး၊ ကျေးရွာ ၃၁ ရွာ၊ ဧက ၁၂၀၀၀၊ ငွေသား၊ ပစ္စည်းတန်ဖိုး စုစုပေါင်း ကျပ် ၅၁၈၂ ဒသမ ၈ သိန်းခန့် ပံ့ပိုး ပေးခဲ့တယ်လို့ သိရပါတယ်။မိုးစပါးစိုက်ပျိုးမှုအတွက် ထုတ်ချေးထားတဲ့ ချေးငွေနဲ့သွင်းအားစုများအပေါ် တောင်သူများအား လျှော့ပေါ့စဉ်းစားမှု အခြေအနေအား မေးမြန်းကြည့်ရာမိုး"စပါး စိုက်ပျိုးစရိတ်ချေးငွေထဲက အတိုးနှုန်းကို ၂၅ ရာခိုင်နှုန်းလျှော့ပေးမယ်။ ၂၅ ရာခိုင်နှုန်းဆိုတာက ငွေ ၁၀၀ ကျပ်ကို ၂ ကျပ်တိုးယူထားတယ် အခု ၂ ကျပ်တိုး မယူတော့ဘဲ ၁ ကျပ် ၅၀ ပြားနှုန်းနဲ့ပဲ ပြန် ဆပ်ရမယ်။ သွင်းအားစုအနေနဲ့ တစ်အိတ်ကို ၂၀၀၀ ကျပ်လျှော့ပေး မယ်ပေါ့။ ပေးတုန်းက မြေဆီတစ်အိတ်ကို ၁၈၀၀၀ ကျပ်ဆို ရင် အခုပြန်ဆပ်တဲ့အခါ ၁၆၀၀၀ ကျပ်နဲ့ပဲပြန်ဆပ်ဖို့ပါ။ ဒါက တောင်သူတွေကို ကျွန်တော်တို့ဘက်က ကူညီမှုပေးနိုင်တဲ့ ဘက်ကနေ ကူညီပေးတာပါ"လို့ အထူးပြု ကုမ္ပဏီ လီမိတက်မှ ဒါရိုက်တာ ဦးကျော်ဝင်းသန်းက ပြောပါတယ်။နွေစပါးစိုက်ပျိုးမှုအတွက် မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်းနဲ့ MAPCO တို့မှ အင်ဒိုနီးရှား ဓာတ်မြေသြဇာ ၁၇၅၀ အိတ်၊ တစ်အိတ်ကို ၁၉၅၀၀ ကျပ်နှုန်းနဲ့ ထုတ်ပေးတဲ့အတွက် အထူးပြုကုမ္ပဏီက ရန်ကုန် လှိုင်သာယာ သိုလှောင်ရုံမှ ထုတ်ယူပြီး၊ တောင်သူလက်ဝယ်အရောက် ၂၅၀၀၀ ကျပ်နှုန်းနဲ့ နွေစပါးစိုက် တောင်သူများအား ပံ့ပိုးပေးခဲ့တယ်လို့ ၎င်းင်းက ဆက်လက်ပြောပါတယ်။                                                                   မင်းဇော်မွန်-ဖျာပုံ