Main menu

Background

စစ်ကိုင်းတိုင်းဒေသကြီး သစ်သီးဝလံ၊ ပန်းမန်နဲ့ ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းခွဲ နဝမမြောက် လပတ်အစည်းအဝေး ကျင်းပ

Wed, 01/16/2013 - 07:09 -- ydnar

စစ်ကိုင်းတိုင်းဒေသကြီး သစ်သီး ဝလံပန်းမန်နဲ့ ဟင်းသီးဟင်းရွက် စိုက် ပျိုးထုတ်လုပ်  တင်ပို့ရောင်းချသူများ အသင်းခွဲရဲ့ နဝမအကြိမ်မြောက် လ ပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မုံရွာမြို့ အောင်မင်္ဂလာရပ် သုတရာမ လမ်းရှိ မာလာမြိုင်စိုက်ပျိုးရေးကုမ္ပဏီ ရုံးခွဲမှာ ဇန်နဝါရီ ၅ ရက်က ကျင်းပခဲ့ရာ အသင်းခွဲဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌများ၊  အတွင်း ရေးမှူးနဲ့ အသင်းဝင်များ၊ ခရိုင်စိုက် ပျိုးရေး၊ စက်မှုသီးနှံဝါနှင့် တိုင်းဒေသ ကြီး လယ်ယာထွက်ကုန်မှ  တာဝန်ရှိသူ များ တက်ရောက်ခဲ့ကြတယ်လို့ သိရ ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး အသင်းခွဲ အား ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်၊ မေလ အတွင်းက အသင်းဝင် ၃၀ ခန့်နဲ့ စတင် ဖွဲ့စည်းခဲ့ရာ ယခုအခါ ကုမ္ပဏီနှစ်ခုနဲ့ အသင်းဝင် ၁၄၆ ဦးအထိ တိုးတက်လာ ခဲ့တယ်လို့ သိရပါတယ်။ အထူးသဖြင့် စစ်ကိုင်းမြို့နယ် ဒီပဲယင်းခွဲ  ကျေးရွာ အုပ်စုမှအသင်း ဒု-ဥက္ကဋ္ဌ ဦးကျော်မြင့် ရဲ့ စည်းရုံးရေး အားကောင်းမှုကြောင့် အဆိုပါ ကျေးရွာမှ  သရက်စိုက်ပျိုး တောင်သူ ၅၀ ဦးကျော် တက်ကြွစွာ ပါဝင်လာတာ တွေ့ရပါတယ်။  အသင်း အနေနဲ့ ဗဟိုအသင်းမှစီစဉ်တဲ့ ပညာပေး သင်တန်းများ၊ ဈေးကွက်ဆိုင်ရာ ချိတ် ဆက်မှုများ နဲ့ ပြည် တွင်း ပြည်ပလေ့လာ ရေး၊ ပညာသင်တန်းစေလွှတ်ပေးနိုင် ခဲ့တယ်လို့ ဆိုပါတယ်။အသင်းအနေနဲ့ ကွင်းဆင်းစည်း ရုံးမှုအားနည်းနေဆဲဖြစ်သဖြင့် မုံရွာ ခရိုင်နဲ့ စစ်ကိုင်းခရိုင်အတွင်းရှိ တောင် သူများအနက်အနည်းငယ်သာ အသင်း ဝင်ရောက်ခဲ့နိုင်ပြီး စစ်ကိုင်းတိုင်းဒေသ ကြီးအတွင်းရှိ သစ်သီးဝလံ ပန်းမန်နဲ့ ဟင်းသီးဟင်းရွက် စိုက်ပျိုးသူအများစု ပါဝင်လာအောင် စည်းရုံးဖို့ လိုတယ်လို့ ဆွေးနွေးပွဲမှာ တင်ပြခဲ့တာ တွေ့ရပါ တယ်။ တိုင်းဒေသကြီးအတွင်း သခွား မွှေး အဓိကစိုက်ပျိုးရာ ချောင်းဦးမြို့ နယ်က ကျေးရွာ ၁၀ ရွာခန့်မှာ သစ်သီး ဝလံတောင်သူ ၃၀၀ ကျော်ရှိပြီး၊ ကွင်း ဆင်းစည်းရုံးဖို့  စီစဉ်လျက်ရှိတယ်လို့ ချောင်းဦးမြို့နယ်၊မင်းခေါင်ရွာက သခွား မွှေးတောင်သူလည်းဖြစ်၊ တိုင်းအသင်းခွဲ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးစောမြင့်က တင် ပြပါတယ်။ခရိုင်စိုက်ပျိုးရေး လက်ထောက် ညွှန်ကြားရေးမှူးမှ  ကနီမြို့နယ်မှာ စိုက်ပျိုးခဲ့ကြတဲ့ ဆီးစိုက်ခင်းများအတွင်း စိန်တလုံးသရက်  ကြားညှပ်စိုက်ပျိုး ခြင်းနဲ့ ရေရှည် အကျိုးစီးပွားဖြစ်နိုင် သဖြင့် ကွင်းဆင်းလေ့လာစည်းရုံးသွား မယ်လို့ ဆိုပါတယ်။ စစ်ကိုင်းတိုင်းဒေသ ကြီးအတွင်း စီမံကိန်းသီးနှံစပါးနဲ့ ဝါတို့ အပြင် ပြည်ပဈေးကွက်ဝင် ပဲမျိုးစုံနဲ့ နှမ်းများ စိုက်ပျိုးမှုများပြားသလို ပြည်ပ နဲ့ ပြည်တွင်းဈေးကွက်အတွက် သစ်သီး ဝလံပန်းမန်နဲ့ ဟင်းသီးဟင်းရွက် စိုက် ဧကလည်းတိုးတက်များပြားလျက်ရှိရာ စိုက်ပျိုးမှုဆိုင်ရာ နည်းပညာ၊  မျိုး ကောင်းမျိုး သန့်နဲ့ ဈေးကွက်ဆိုင်ရာ ဗဟုသုတများ  ပိုမိုမြင့်မားလာစေဖို့ အသင်းအချင်းချင်း၊  အသင်းသား အချင်းချင်း ချိတ်ဆတ်ပေးနိုင်မယ့် သစ် သီးဝလံ ပန်းမန်နဲ့  ဟင်းသီးဟင်းရွက် စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းကို ယခုထက် အသင်းသား ပိုမို ရောက်နိုင်ရေး မျှဝေစည်းရုံးပေးလိုက်ရ ပါတယ်။            ထွန်းလှိုင်-မုံရွာ