Main menu

Background

ပုသိမ်မြို့တွင် အရန်ဆန်များ စတင်လက်ခံသိုလှောင်လျက်ရှိ

Wed, 01/16/2013 - 07:13 -- ydnar

နိုင်ငံတော်အရန်ဆန် လက်ခံစစ်ဆေးရေးကြီးကြပ်မှုကော်မတီမှ ၂၀၁၂-၁၃ နိုင်ငံတော်အရန်ဆန်ဝယ်ယူရေး ညှိနှိုင်းအစည်းအဝေးကို ၂၀၁၃ ခုနှစ် ဇန်နဝါရီ ၅ ရက်က ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ဆန်စပါးအသင်း ရုံးတွင် တတိယအကြိမ်ပြုလုပ်ရာ အရန်ဆန်လက်ခံစစ်ဆေးရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးဝင်းမြင့်လှိုင်၊ အတွင်းရေးမှူး ဦးမောင်မောင်ဇော်နဲ့  အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတော်အရန်ဆန် လက်ခံစိစစ်ရေးကြီးကြပ်မှုကော်မတီ အတွင်း ရေးမှူး၊  ဦးမောင်မောင်ဇော်က အရန်ဆန် သိုလှောင်မယ့် မြန်မာ့လယ်ယာ ထွက်ကုန်ပစ္စည်းပိုင် သိုလှောင်ရုံများပြင်ဆင်ဆောင်ရွက်ထားရှိမှုနဲ့ အရန်ဆန် ပေးသွင်းရမယ့် ဆန်စက်ကြိတ် အဆင့်အတန်းအလိုက် သတ်မှတ်ထားတဲ့ အရည်အသွေး၊ အလေးချိန်မှန် ကန်မှုရှိစေရေးတို့ကို အလေးထားဆောင်ရွက် ရမှာဖြစ်ကြောင်း၊ ဆန်အရည်အသွေးနဲ့ စံချိန်စံညွှန်း ကိုက်ညီေ စရေးအတွက် TPIS ဆန်စစ်ဆေးရေးအဖွဲ့များနဲ့ စစ်ဆေးသွားမှာဖြစ်ကြောင်း၊ လိုအပ်ပါက လည်း အရန်ဆန်ကြိတ်ခွဲတဲ့ စက်များကို သွားရောက်ပြီး ကြိုတင်စစ်ဆေး ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားပါတယ်။နိုင်ငံတော် အရန်ဆန်ဝယ်ယူရေးကြီးကြပ်မှုကော်မတီမှ အရန်ဆန်တန် ၁၀၀ လက်ခံရရှိပြီးမှသာ သုံးရက်အတွင်း တစ်ကြိမ် ငွေပေးချေသွားမှာဖြစ် ကြောင်း၊ ပုသိမ်မြို့တွင် နိုင်ငံတော်အရန်ဆန် ဧည့်မထ ၁၀ မှတ် ဆန်တန် ၁၁၅၀ နဲ့ ဆင်းသွယ်လတ် ၅ မှတ်ဆန် တန် ၆၅၀ ဝယ်ယူမှာဖြစ်ကြောင်းနဲ့ ဟင်္သာတခရိုင်မှာ အရန်ဆန် ဧည့်မထ ၂၅ မှတ်ဆန်တန် ၂၅၀၀၊ ဧရာဝတီ တိုင်းဒေသကြီးမှာ စုစုပေါင်း အရန်ဆန်တန် ၄၃၀၀ ဝယ်ယူမှာဖြစ်ကြောင်း အတွင်းရေးမှူး ဦးမောင်မောင်ဇော်က ဆက်လက်ပြောကြားပါတယ်။ နိုင်ငံတော်အရန်ဆန်ကြီးကြပ်မှုကော်မတီမှ နိုင်ငံတော်အရန်ဆန်များ လက်ခံသိုလှောင်မယ့် မြန်မာ့လယ်ယာ ထွက်ကုန်ပစ္စည်းပိုင် သိုလှောင်ရုံမှာ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီ ၈ ရက်မှစတင်ကာ နိုင်ငံတော်အရန်ဆန်များ စတင် လက်ခံသိုလှောင်မှာဖြစ်ကြောင်း သိရပါတယ်။          မင်းမင်းဦး-ပုသိမ်