Main menu

Background

ဒေးဒရဲမြို့နယ် မြန်မာနိုင်ငံတောင်သူလယ်သမားအသင်းရဲ့ အစီအစဉ်နဲ့ ပေါ်ဆန်းစပါး တစ်သိန်း လက်ခံဝယ်ယူလျက်ရှိ

Wed, 01/16/2013 - 07:14 -- ydnar

ဖျာပုံခရိုင်မှာ နိုဝင်ဘာလနောက်ဆုံး အပတ်က အချိန်အခါမဟုတ် မိုးရွာ သွန်းမှုကြောင့် ရိတ်သိမ်းပြီး၊ ရိတ်သိမ်း ဆဲစပါးများ ထိခိုက်မှုအပေါ် မြန်မာ နိုင်ငံ တောင်သူလယ်သမားအသင်းနဲ့ MAPCO တို့ပူးပေါင်းပြီး ဒေးဒရဲမြို့ နယ်အတွက် ကျေးရွာ ၁၃ အုပ်စုမှ လယ်သမားခေါင်းဆောင် ၁၃ ဦးရွေး ချယ်ပြီး ေ>ခလှေ့စက် ၃ လုံး၊ ကျပ်သိန်း ၃၀ ဖိုးနဲ့ အမိုးအကာဖျင်လိတ် ၁၀၀၊ ကျပ်သိန်း ၇၀၊ စုစုပေါင်း ကျပ်သိန်း ၁၀၀ ဖိုးခန့်ပံ့ပိုးခဲ့ကြောင်း သိရပါတယ်။ ထိုငွေများအား ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာ လကုန်မှာ ဘဏ်တိုး ၁၀ ရာခိုင်နှုန်းနဲ့ အပြည့်အ၀ အကြေပြန် လည်ပေးဆပ်ဖို့ ရွေးချယ်ထားတဲ့ ခေါင်းဆောင် ၁၃ ဦး နဲ့ သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြတယ် လို့ သိရပါတယ်။

ဒေးဒရဲမြို့နယ်  တောင်သူလယ် သမားအသင်း (ယာယီ)ဟာ တောင် သူလယ်သမားရဲ့ ဈေးနှုန်းမှန်ကန်စွာ ရရှိရေးကို ရည်ရွယ်ပြီး၊ မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်းရဲ့ လမ်း ညွှန်မှုနဲ့ စပါးဝယ်ယူရေးကော်မတီကို ဖွဲ့စည်း ခဲ့ပြီး၊ ပေါ်ဆန်းစပါး  တစ် သိန်းအား ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလမှ စပြီး ဒေးဒရဲမြို့နယ် ကဉ္စနကျွန်းသာ ကုမ္ပဏီပိုင် တန် ၁၀၀ ဆန်စက်မှာ လက်ခံဝယ်ယူသွားမှာဖြစ်ကြောင်း သိရ ပါတယ်။ဇန်နဝါရီ ၁ ရက်မှစပြီး ၈ ရက်အထိ ပေါ်ဆန်းစပါးအား ဒေသညှိနှိုင်းဈေးနဲ့ စပါး အရည်အသွေး၊ အစိုဓာတ်ပေါ်မူ တည်ပြီး ပေါင် ၅၀ ကိုက်နဲ့ ၁တင်းကို အနိမ့်ဆုံး ၄၂၀၀ ကျပ်၊ အမြင့်ဆုံး ၄၈၀၀ ကျပ်ဈေးနဲ့ စပါးတင်း ၃၀၂၄ ဒသမ ၅ တင်း  ဝယ်ယူပြီးကြောင်းနဲ့ ပေါ်ဆန်းစပါး တင်း တစ်သိန်း ပြည့်မီ အောင် ဆက်လက်ဝယ်ယူသွားမှာ ဖြစ် ကြောင်း သိရပါတယ်။ပေါ်ဆန်းစပါးဝယ်ယူမှုနဲ့ ပတ်သက် ပြီး ဒေသခံတောင်သူများက "အခု တန်တစ်ရာမှာ ဝယ်ယူနေတဲ့ ပေါ်ဆန်း စပါးဈေးက ဒီမြို့မှာပေါက်တဲ့ စက် အရောက်ဈေးနဲ့ စာရင်တော့ မဆိုးပါ ဘူး။ ဒီမှာစက်အရောက် ပေါက်ဈေး၊ စပါးတင်း ၁၀၀ ကို ၅၃ ပေါင်ကိုက်နဲ့ ၄၈၀၀၀၀ ကျပ်ဈေး အခုဝယ်ယူရေး အဖွဲ့ ဝယ်နေတာက ပေါင် ၅၀ ကိုက်နဲ့ ၄၈၀၀၀၀ ကျပ်ဆိုတော့ တောင်သူတွေ အတွက် ၃ ပေါင်ပိုရတာပေါ့။ ၃ ပေါင် ဆိုတော့ စပါး ၆ တင်းနီးပါးလောက် ရှိတယ်။ ရေစို မိုးမိ စပါးတွေကြတော့ အစိုဓါတ်ကို အဖျင်းအမှော်၊ ဖုံ၊ သဲ၊ ခဲနဲ့ စပါးအရည်အသွေးေ ပါ်မှာကြည့်ပြီး တောင်သူနဲ့ ညှိနှိုင်းတဲ့ဈေးပေးပြီးတော့ ဝယ်ပါတယ်"လို့ ပြောပါတယ်။ယခုလို အချိန်အခါမဟုတ် ရွာသွန်း မှုကြောင့် ရိတ်သိမ်းပြီး စပါးများထိခိုက် မှုအပေါ် တောင်သူများနစ်နာမှု မရှိစေ ရန်နဲ့ ဈေးနှုန်းမှန်ကန်စွာရရှိရေး ရှေ့ရှု ပြီး၊ မြန်မာနိုင်ငံ တောင်သူလယ်သမား အသင်းမှ ပံ့ပိုးတဲ့အနေနဲ့ ဝယ်ယူပေး လျက်ရှိပါတယ်။  မင်းဇော်မွန်-ဖျာပုံ