Main menu

Background

လှုပ်ရှားရှာဖွေတားဆီးရေးအဖွဲ့များမှ ပညာပေးကာလအတွင်း စစ်ဆေးတွေ့ရှိရမှု အခြေအနေများ

Wed, 01/16/2013 - 07:20 -- ydnar

အစိုးရသစ်တက်လာပြီးနောက်ပိုင်း ကုန်သွယ်မှုတိုးတက် စေရန်နဲ့ ကုန်သွယ်မှုလုပ်ငန်းများ လျင်မြန်ချောမွေ့ရန်အတွက် မူဆယ်-မန္တလေးလမ်းကြောင်းနဲ့ မြဝတီ-ရန်ကုန်ကုန်သွယ်မှု လမ်းကြောင်းများေ ပါ်မှာရှိတဲ့ တရားမဝင် ကန့်သတ်ကုန် စစ် ဆေးရေးဂိတ်များဖြစ်တဲ့ ရေပူနဲ့မရမ်းချောင်း နှစ်ဂိတ်ကို ဖယ်ရှားဖြေေ လျာ့ပေးခဲ့ပါတယ်။ ကုန်သွယ်မှုလမ်းကြောင်း ပေါ်မှာ အတားအဆီး သဖွယ်ဖြစ်နေတဲ့ အတွက် ဖြေေ လျာ့ ပေးခြင်းဖြင့် ကုန်သွယ်မှုချောမွေ့ လျင်မြန်စေရန်ရည်ရွယ်ပြီး ဖယ်ရှားပေးခဲ့ခြင်းဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့နောက်ပိုင်းမှာ ဖမ်းဆီးမှုများမပြုလုပ်တော့တဲ့ အတွက် ဈေးကွက် အတွင်းတရား မျှတသောယှဉ်ပြိုင်နိုင်မှုမရှိတော့ခြင်း၊ စားသုံးသူများအတွက် အရည်အသွေးမှန် စံချိန်စံညွှန်းမီ စား သောက်ကုန်များ၊ ဆေးဝါးများ၊ ဆီများတရားမဝင် တင်သွင်း နေကြတဲ့အတွက် စားသုံးသူအကာ အကွယ်ပေးရေးနဲ့ တရား မဝင်ကုန်သွယ်မှုများလျော့နည်းပပျောက်ရေး Mobile Team များဖွဲ့စည်းပြီး နိုဝင်ဘာလ ၁ ရက်နဲ့ နိုဝင်ဘာလ ၂၀ ရက် တို့မှစပြီး ပညာပေးကာလအဖြစ် သတ်မှတ်ကာ စစ်ဆေး ပညာပေးဆောင်ရွက်လျက်ရှိပါတယ်။

မူဆယ်-မန္တလေးကုန်သွယ်မှုလမ်းကြောင်းတွင် တာဝန်ပေးထားသော Mobile Team အဖွဲ့ (၁) အနေနဲ့ ပို့ကုန်သွင်းကုန်လိုင်စင်စောင်ရေ ၇၄ စောင်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုည ဒသမ ၂၈၇ သန်း၊ ယွမ် သုည ဒသမ ၅၇၉ သန်းနဲ့ ကျပ် ၂၆ သန်းကျော်ဖိုးဆောင်ရွက်စေနိုင်ခဲ့ပါ တယ်။ နိုင်ငံဘဏ္ဍာအနေနဲ့ သိမ်းဆည်းရမှုများကတော့- ကျပ်သန်း ကျောက်စိမ်း                               ၈၇.၈၀၀ ယာဉ်                                         ၇.၀၀၀ ကြက်သွန်ဖြူ                              ၁၁.၀၀၀ သစ်ခွ                                        ဝ.၄၅၇ ဂျီသားရေ                                   ဝ.၁၄၆ အမဲသားခြောက်၊ အေးခဲအမဲသား     ၅.၄၁၃ အမဲဝမ်းတွင်းသားကြာညို့၊ ပဲတီချဉ်    ဝ.၂၇၀ ဖြစ်ပါတယ်။ စားသုံးသူအကာအကွယ်ပေးရေးအတွက် စားသုံးရန် မသင့်သော ပျက်စီးလွယ်သောအသားစိုများ၊ ကြက်သား၊ ဘဲသား၊ ကြက်အဆီဖူး၊ အသားတု၊ ကြက်အူချောင်းများတန်ဖိုး ကျပ် ၄ ဒသမ ၇၃၄ သန်းအား မီးရှို့ဖျက်ဆီးခဲ့ပြီးဖြစ်တယ်လို့ သိရှိရပါတယ်။ မြဝတီ-ရန်ကုန်ကုန်သွယ်မှုလမ်းကြောင်းတွင် ဖမ်းဆီးတား ဆီးရသောကန့်သတ်ကုန်ပစ္စည်းအများစုမှာအရက်၊ ဘီယာ၊ ဝိုင်၊ ချောကလက်၊ ဝေဖာ၊ ကွမ်းစားဆေးတို့ဖြစ်ပြီး လိုင်စင်/ID အလွဲ၊လိုင်စင်အပိုပါပစ္စည်း အများစုကတော့ ဒူးရင်းသီး၊ နဂါး မောက်သီး၊ အဝတ်အထည်၊ မုန့်မျိုးစုံ၊ အလှကုန်များဖြစ်ကြပါ တယ်။ လိုင်စင်မဲ့ သယ်ဆောင်တဲ့ပစ္စည်းတွေကတော့ စား သောက်ကုန်၊ အထည်အလိပ်၊ မျက်နှာသုတ်ပဝါ၊ ဆပ်ပြာမှုန့်၊ လူသုံးကုန် (သံဖြတ်လွှ၊ ဓားသွေးကျောက်၊ ပန်းကန်စင်၊ ခြင်း၊ မီးကြိုး၊ မြက်ဖျာ၊ ၂ ၊ မီးချောင်း၊ PVC ပေါင်ဒါ၊ အကြော် ဒယ်အိုး၊ ဖိနပ်) ကြက်စာသွပ်များ ဖြစ်ကြပါတယ်။ မြဝတီ-ရန်ကုန်ကုန်သွယ်မှုလမ်းကြောင်းတွင် တစ်ဖက် နိုင်ငံမှ တရားမဝင် ဝင်ရောက်လာသော ရေငန် ပုစွန်ဖြူနဲ့ ကြက်အသည်းအမြစ် စုစုပေါင်းကျပ်သန်း ၂၀ ကျော်ဖိုးကို မီးရှို့ဖျက်ဆီးခဲ့ပြီးဖြစ်တယ်လို့ သတင်းရရှိပါတယ်။ MTN