နိုဝင်ဘာလ ၂၁ ရက်နေ့ကစပြီး တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှာ Individual Trading Card ကို အသုံးပြုပြီးကုန်သည်ငယ်များအား ကုန် သွယ်မှု လုပ်ဆောင်ခွင့်ပြုထားခဲ့ပြီး ဖြစ် ပါတယ်။ ဒီဇင်ဘာလ ၂၇ ရက်ထဲ ITC ၃၆ ကတ်ထုတ်ပေးထားပြီးကြောင်းနဲ့ လိုင်စင် လာရောက် လျှောက်ထား ဆောင်ရွက်သူ (၁၁) ဦးရှိနေပြီလို့ သိရ ပါတယ်။ ပို့ကုန်အမယ် (၂) မျိုးကို ITC အသုံးပြုတင်ပို့ထားပြီးဖြစ်ပါတယ်။ ဒေသထွက်ပဲပုပ်စေ့နဲ့ ကုလားပဲ လုံးဝါ ၇၅၀၀ ကီလိုဂရမ်၊ တန်ဖိုးအားဖြင့် ကျပ် ၉ သန်းကျော်ဖိုးဆောင်ရွက်ထားပြီးပြီလို့ သတင်းရရှိပါတယ်။ သွင်းကုန်ပိုင်းမှာ ပစ္စည်းအမယ် (၉) မျိုး တန်ဖိုးကျပ် ၃၃ သန်းကျော်ဖိုး တင်သွင်းထားပြီး ဖြစ်ပါ တယ်။ ပစ္စည်းအမယ်တွေကတော့ ရွှေ ရည်စိမ် လက်ကောက်၊ လုံချည်၊ ဖိနပ် မျိုးစုံ၊ လက်နှိပ်ဓာတ်မီး၊ ခေါင်းလိမ်းဆီ၊ အမွှေးတိုင်၊ ပါတိတ်၊ ဆာရီစနဲ့ ကတ် ကြေး တို့လို့သိရပါတယ်။ ITC နဲ့ ကျပ် ၄၃ သန်းကျော်ဖိုးေ ဆာင်ရွက်ထားပြီး ဖြစ်ကြောင်း၊ ကုန်သွယ်မှုလုပ်ငန်းများနဲ့ ITC ထုတ်ပေးခြင်းကို ပိတ်ရက် မရှိ ဆောင်ရွက်ပေးေ နတယ်လို့ တမူး နယ် စပ် ကုန်သွယ်ရေးစခန်း တာဝန်ခံ ညွှန် ကြားရေးမှူး ဦးဝင်းတင့်ထံမှ သတင်း ရရှိပါတယ်။Souce:နကသ(တမူး)၊ဂန္ဓမာ
Background