တမူးနယ်စပ်ကုန်သွယ်ရေးစခန်းရဲ့ ထုတ်နုတ်အင်အား ဖြင့် ဖွဲ့စည်းထားတဲ့ Mobile Team အဖွဲ့ဟာ စားသုံးသူ အကာအကွယ်ပေးရေး၊ ကုန်သွယ်မှုမြှင့် တင်ရေးနဲ့ တရားမဝင် ကုန်သွယ်မှုလျော့နည်းပပျောက်ရေးတို့အတွက် တမူး-ကလေး ကားလမ်းမပေါ်ရှိ တမူးမှ ၁၅ မိုင်အကွာ ခွန်မွန်းနွန်ရွာမှာ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့က မော်တော်ယာဉ်များ၊ ဆိုင်ကယ်များအားစစ်ဆေး ရှာဖွေမှုများပြုလုပ်ခဲ့ပါတယ်။ ပြည်သူများစားသုံးရန် မသင့်သော ၇၃ ကီလို ဂရမ်ခန့်ရှိသော ကွမ်းပေါင်းထုပ်ကြီး ၂၅ ထုပ်၊ အကောက်ခွန်မဲ့ သယ်ဆောင် လာသော ၁၈၀ ကီလိုဂရမ်ခန့်ရှိသော စွန်ပလွန်ယို အိတ်ကြီး ခြောက်အိတ်၊ ပါတိတ်လုံချည် ၂၇၅ ထည်၊ မစီးဖိနပ် ၄၅ ရံ၊Sandal Wood တံဆိပ်အမွှေးတိုင် ၁၂ ထုပ်ပါ အထုပ်ကြီး ၁၆၀၊ Sirode Luxe တံဆိပ် အမွှေးတိုင် ၇၂ ထုပ်ပါ အထုပ်ကြီး ၇၆ ထုပ် စုစုပေါင်းခန့်မှန်း သိန်း ၂၀ ကျော်ဖိုးကို Mobile Team အဖွဲ့မှ စစ်ဆေးဖမ်းဆီးရမိခဲ့တယ်လို့ သတင်းရရှိပါတယ်။
ဖမ်းဆီးရမိသောအကောက်ခွန်မဲ့ပစ္စည်းကိုမူ အခွန်တိမ်း ရှောင်၍ တစ်နိုင်တစ်ပိုင်ရောင်းဝယ်နေသူများအား တရားဝင် လမ်းကြောင်းပေါ်သို့ ရောက်ရှိပြီး ရောင်းဝယ်လာတတ်ရန် ပညာပေးကာလဖြစ်တဲ့အတွက် လိုင်စင် ပြု လုပ်ပြီး အခွန်ပေးဆောင်စေကာ ပြန်လည်ထုတ်ပေးသွားမှာဖြစ်ကြောင်းနဲ့ စားသုံးရန်မသင့်သော ကွမ်းပေါင်း အထုပ်များအား လုပ်ထုံး လုပ်နည်းများနဲ့အညီ ဖျက်ဆီးဆောင်ရွက်သွားမယ်လို့ သိရှိ ရပါတယ်။ လှဌေး (တမူး)