Main menu

Background

အိန္ဒိယသို့ ဝက်အရှင်များ ပိုမိုတင်ပို့နိုင်

Wed, 01/16/2013 - 07:26 -- ydnar

မြန်မာ-အိန္ဒိယနယ်စပ်မှ ၂၀၁၃ နှစ်ဆန်းပိုင်းမှာ ကန် ဒေါ်လာ သုည ဒသမ ၀၁၅ သန်း ဖိုး ရှိဝက်အရှင် ၉၁၆၅ ကီလိုဂရမ်ကို ရိဒ်နယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် တင်ပို့နိုင် ခဲ့ပါတယ်။ ယခင်နှစ် နှစ်ကုန်ပိုင်းကာလမှာတော့ ၁၁၇၀ ကီလိုသာတင်ပို့နိုင်ခဲ့တဲ့အတွက် ၇၉၉၅ တန်ပိုမို တင်ပို့ နိုင်ခဲ့ပါတယ်။ ဝက်အရှင်များဟာ ကလေး- ကလေး၀ ဘက်မှ လာတဲ့ဝက်များဖြစ်ပြီး ဝက်အရှင် ၁ ကောင်ရဲ့အလေးချိန်ဟာ ၈ ကီလိုဂရမ်ခန့်ပျမ်းမျှရှိတာ တွေ့ရပါတယ်။ ဝယ်လက် လို အပ်ချက်ပေါ်မူတည်ပြီး ဝက်အရှင်များကို ကလေး-ကလေး၀ ဘက်မှ ဂျစ်ကားများဖြင့် သယ်ယူပြီး တစ်ဖက်နိုင်ငံချန်ဖိုင်မြို့ ထိ တင်ပို့လျက်ရှိတာတွေ့ရပါတယ်။ မိမိဘက်ဈေး ၁ ကီလို ဂရမ်ကို ၄၀၀၀ ကျပ်နဲ့ တစ်ဖက် နိုင်ငံမှာတော့ ၁ ကီလို ဂရမ်ကို ၂၅၀၀ ရူပီးဈေးပေါက်လျက်ရှိတယ်လို့ ရိဒ်နယ်စပ်မှ သိရပါတယ်။                               MIRT(DOBT)