Main menu

Background

ကဏန်းလေလံအောင်ဈေး ယခင်အပတ်ထက် ပိုမိုလာ

Wed, 01/16/2013 - 07:27 -- ydnar

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ် ရေးဇုန်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်း မှ ဇန်နဝါ ရီလ ၂ ရက်နေ့မှ ၈ ရက်နေ့ထိကာလအတွင်းမှာ ကန်ဒေါ် လာ ၂ ဒသမ ၂၉၀ သန်းတန်ဖိုးရှိရေထွက်ကုန် ၁၀၁၈ တန် ကျော်ကိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ၉၀၅ တန် ကျော် တင်ပို့ခဲ့တဲ့အတွက် ယခုအပတ်မှာ ၁၁၃ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့တဲ့အမယ်တွေကတော့ မူဆယ် မှ ကန်ဒေါ်လာ ၁ ဒသမ ၆၃၈ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၈၃၄ တန်ဖြစ်ပါတယ်။ အဆိုပါရေထွက်ကုန်များမှာ ကဏန်း ၅၁ တန်ခန့်၊ ငါးရှဉ့် ၆၄ တန်ခန့်၊ ရေခဲငါး ၂၂၈ တန်ခန့်၊ ငါးဆားနယ် ၅၆ တန်ခန့်၊ ငါးခြောက် ၆၈ တန်ကျော်၊ ပုစွန် ခြောက် ၃၆ တန်ခန့်၊ ငါးမှုန့် ၂၀၉ တန်ကျော်နဲ့ ကင်းမွန် ခြောက် ၁၂၂ တန်ခန့်ဖြစ်ပါတယ်။

ချင်းရွှေဟော် နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၆၅၂ သန်းတန်ဖိုးရှိ ငါးရှဉ့်၊ ကဏန်း ၁၈၅ တန် ခန့်တင်ပို့နိုင် ခဲ့ပါတယ်။ အဆိုပါ ၁၈၅ တန်မှာ ငါးရှဉ့် ၄၂ တန်နဲ့ ကဏန်း ၁၄၃ တန်ခန့်ဖြစ်ပါတယ်။ ယခင် အပတ်က ၁၀၉ တန်ကျော် သာတင်ပို့နိုင်ခဲ့တဲ့အတွက်ယခုအပတ်မှာ ၇၅ တန်ကျော် ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေး ဇုန်တွင် ယခုအပတ်ကဏန်းလေလံအောင်ဈေးမှာ ယခင်အပတ်ထက် သိသိသာသာ ဈေးပိုရတာကိုတွေ့ရပါတယ်။ မူဆယ်မှကဏန်း လေလံအောင်ဈေးများကို ယခုအပတ်နဲ့ ယခင်အပတ် နှိုင်းယှဉ် ဖော်ပြပေးလိုက်ပါတယ် - မိမိဘက်(ကျပ်/တန်)                                        တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)        ယခု           ယခင်         ပြောင်းလဲမှု    %     ယခု      ယခင်    ပြောင်းလဲမှု    %ကဏန်း၂၅၀ ဂရမ်အထက်    ၃၃၇၆၅၈၀    ၂၆၁၃၈၅၀    ၇၆၂၇၃၀      ၂၃    ၃၉၄၀    ၃၀၅၀       ၈၉၀         ၂၃၂၀၀-၂၅၀ ဂရမ်      ၃၂၀၅၁၈၀     ၂၄၄၂၄၅၀    ၇၆၂၇၃၀      ၂၄    ၃၇၄၀    ၂၈၅၀       ၈၉၀         ၂၄    ၁၅၀-၂၀၀ ဂရမ်      ၃၀၃၃၇၈၀     ၂၂၇၁၀၅၀    ၇၆၂၇၃၀      ၂၅    ၃၅၄၀    ၂၆၅၀       ၈၉၀         ၂၅၁၀၀-၁၅၀ ဂရမ်     ၂၉၀၅၂၃၀     ၂၁၄၂၅၀၀     ၇၆၂၇၃၀      ၂၆    ၃၃၉၀    ၂၅၀၀       ၈၉၀         ၂၆ယဉ်ယဉ်အေး၊MIRT (DOBT)