Main menu

Background

တမူးမြို့ရဲ့ လှုပ်ရှားနေသော ကုန်သွယ်မှု

Wed, 01/16/2013 - 07:30 -- ydnar

တမူးနယ်စပ်ကုန်သွယ်မှုကဏ္ဍမှာ တစ်နိုင်တစ်ပိုင်ကုန်သည်ငယ်များအတွက် နိုင်ငံတော်မှခွင့်ပြုထားတဲ့ Individual Trading Card ဖြင့် ကုန်သွယ်လိုသူများ တဖြည်းဖြည်း များပြားလာနေပါတယ်။ တမူးမြို့မှဒေသခံ ကုန်သည်အငယ် များ အပြင် ကလေး၊ မုံရွာဒေသမှ ကုန်သည်အငယ်များလည်း လာရောက်လုပ်ကိုင် ရောင်းဝယ် နေပြီဖြစ်ကြောင်း သိရပါတယ်။

၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့ထိ ကုန်သွယ်မှု ITC ကတ်လုပ်ဆောင်သူ ၅၀ ဦးရှိပြီး ခွင့်ပြုလိုင်စင် စောင်ရေ ၃၄ စောင်၊ ကုန်သွယ်မှုပမာဏ ကျပ် ၈၃ ဒသမ ၇၈၅ သန်း ဆောင်ရွက်ထားပြီးဖြစ်ပါတယ်။ သွင်းကုန် အမယ်များအနေဖြင့် ရွှေရည်စိမ်လက်ကောက်၊ ပလတ်စတစ်လက်ကောက်၊ အိမ်သုံးကပ်ကြေး၊ ပုဆိုး၊ ပါတိတ်၊ ပိတ်စ၊ စွပ်ကျယ်၊ လက်နှိပ်မီး၊ တီရှပ်၊ ခေါင်းလျှော်ရည်၊ ဒူးစွပ်၊ ဖနောင့် စွပ်နှင့် ဇာဂနာတို့ကိုတင်သွင်းခဲ့ပြီး ပို့ကုန်အမယ်များ အနေဖြင့် ဒေသထွက် ပဲပုပ်စေ့၊ ကုလားပဲလုံးဝါနှင့် မုန်ညင်းစေ့တင်ပို့နိုင်ခဲ့ပါတယ်။        စမ်းစမ်းအေး (တမူး)