ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်တဲ့အတွက် လမ်းပန်းဆက်သွယ်မှုအခြေအနေ ကောင်းမွန်လာပြီဖြစ်ရာ ကုန်ပစ္စည်းတင်ပို့တင်သွင်းမှုများ လာမဲ့လများမှာပိုမိုလာစေ နိုင်ရေးကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ရိဒ်နယ်စပ်တွင် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နေတဲ့ တင်မြင့်ဝင်းကုမ္ပဏီလီမိတက်ကိုယ်စားလှယ် ဦးမှိန်းငွက ဇန်န ဝါရီလ ၁ ရက်နေ့က ရိဒ်နယ်စပ်ကုန်သွယ်ရေးစခန်းမှာ ပြုလုပ်တဲ့ကုန်သွယ်မှု မြှင့် တင်ရေးအစည်းအဝေး မှာ ဆွေးနွေးတင် ပြခဲ့တယ်လို့ သတင်းရရှိလာပါတယ်။
စခန်းတာဝန်ခံလက်ထောက်ညွှန်ကြားရေးမှူးဦးတင်ထွန်းဦးကလည်း ပွင့်လင်း ရာသီရောက်ရှိလာပြီဖြစ်တဲ့အတွက် ကုန်သွယ်မှုပမာဏပိုမိုတိုးတက်အောင် ကြိုးပမ်း ဆောင်ရွက်ကြရန်လိုအပ်လို့ တရားမဝင်မှောင်ခို လမ်းကြောင်းမှ ကုန်ပစ္စည်းများ ဝင်ထွက်လာမှုမရှိစေရေးအတွက် တက်ရောက်လာကြသောကုန်သည် လုပ်ငန်းရှင်များ၊ OSS အဖွဲ့ဝင်များနဲ့မိတ်ဖက်ဌာနဆိုင်ရာအနေနဲ့ ဝိုင်းဝန်းကြိုးပမ်းတားဆီး ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။ ရိဒ်နယ်စပ်ကုန်သွယ်ရေးစခန်းအနေနဲ့ ဒီဇင်ဘာလမှာပို့ကုန်ကန်ဒေါ်လာ သုည ဒသမ ၈၈၈ သန်း၊ သွင်းကုန်ကန်ဒေါ်လာ သုည ဒသမ ၃၀၉ သန်း၊ ကုန်သွယ်မှု ပမာဏကန်ဒေါ်လာ ၁ ဒသမ ၁၉၇ သန်းဆောင် ရွက်နိုင်ခဲ့ပါတယ်။ ရိဒ်နယ်စပ်ရဲ့အဓိကပို့ကုန်များမှာ ကွမ်းသီး၊ ဆေးရိုး၊ ဆေးကြေမှုန့်၊ ဝက်အရှင်၊ ပလတ်စတစ်အိတ်၊ ဆပ်ပြာမှုန့်၊ ငါးသေတ္တာ၊ မဝတ်တီရှပ်၊ မုန့်မျိုးစုံ၊ မစီးဖိနပ်၊ စောင်၊ ဘီယာ၊ Ve Ve အချိုရည်၊ ဓာတ်ဘူးနဲ့ ပန်းသီးတို့ ဖြစ်ပြီး အဓိကသွင်းကုန် များမှာ ဓာတ်မြေသြဇာ (ပိုတက်၊ ပုလဲ)နဲ့ ဆံပင်တို့ဖြစ်ကြပါတယ်။Source:နကသ(ရိဒ်) ၊ချမ်းမြေ့မောင်