မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မောင်တောနယ်စပ်မှ ဇန်နဝါရီလ ၂ ရက်မှ ၈ ရက်ထိကာလအတွင်းမှာ ရေထွက်ကုန် ၄၂၉ တန်ကျော်တင်ပို့နိုင်ခဲ့ရာ ယခင် အပတ်တင်ပို့မှုထက် ၁၇၆ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခုအပတ်မှာ စစ်တွေနဲ့မောင်တောနယ်စပ်နှစ်ခုပေါင်းမှ ကန်ဒေါ်လာ သုည ဒသမ ၂၄၂ သန်း တန်ဖိုးရှိ ရေထွက်ကုန် ၅၂၃ တန်ကျော် တင်ပို့မှုရှိခဲ့ပါတယ်။ တင်ပို့တဲ့အမယ် တွေကတော့ စစ်တွေနယ်စပ်မှ ငါးကုန်းညိုခြောက် ၁၀ တန်၊ ငါးစုံလေးခြောက် ၈၄ တန်၊ မောင်တောနယ်စပ်မှ ငါးနီတူခြောက် ၁၀ တန်၊ ငါးစုံလေးေြ ခာက် ၃၀၉ တန်ကျော်နဲ့ ငါးကုန်းညိုခြောက် တန် ၁၁၀ ဖြစ်ပါတယ်။ MIRT (DOBT)
Background