Main menu

Background

အိန္ဒိယနယ်စပ်မှ ကွမ်းသီးခြောက်များ ပိုမိုတင်ပို့နိုင်

Wed, 01/16/2013 - 07:33 -- ydnar

နှစ်နိုင်ငံနယ်စပ်မြို့ဖြစ်တဲ့ တမူးနဲ့ ရိဒ်နယ်စပ်မှတစ်ဆင့် တစ်ဖက်အိန္ဒိယသို့ ကန်ဒေါ်လာ သုည ဒသမ ၃၅၄ သန်းတန်ဖိုးရှိ ကွမ်းသီးခြောက် ၃၃၇ တန်ကို ယခု ၂၀၁၃ နှစ်ဆန်းပိုင်းမှာတင်ပို့နိုင်တာတွေ့ရပါတယ်။ ယခင်ဒီဇင်ဘာလ နောက်ဆုံးပတ်မှာတော့ ၂၁၆ တန်သာတင်ပို့နိုင်ခဲ့တာမို့ ယခုအပတ်မှာ ၁၂၁ တန်ပိုမိုတင်ပို့နိုင်ခဲ့ တာတွေ့ရပါတယ်။ ယခုအပတ်မှာ တမူးနယ်စပ်ရော ရိဒ် နယ်စပ်မှ ကွမ်းသီးခြောက်များ ပိုမိုတင်ပို့နိုင်တာကြောင့် ကုန်သွယ်မှုပိုမိုရခြင်းဖြစ်ပါ တယ်။ ယခုနှစ်ဆန်းပိုင်းမှာ တမူးနယ်စပ်မှ ၂၁၈ တန်နဲ့ ရိဒ်နယ်စပ်မှ ၁၁၉ တန် တင်ပို့နိုင်တာတွေ့ရပါတယ်။ ကွမ်းသီးခြောက်များဟာမြိတ်၊ ကော့သောင်းဘက်မှ လာတဲ့ ကွမ်းသီးများဖြစ်ပြီး ကွမ်းသီး အသစ်ပေါ်ချိန်ဖြစ်တာမို့ အိန္ဒိယဘက်မှ ကုန်သည်များဟာ ဈေးကွက်စောင့်ကြည့်နေတယ်လို့ သိရပါ တယ်။ ကွမ်းသီး အဟောင်း ၁ ပိဿာကို မိမိဘက်မှာ ၂၅၀၀ ကျပ် မှ ၂၆၀၀ ကျပ်ထိဈေးရှိပြီး ကွမ်း သီးအသစ် ၁ ပိဿာကို ၂၃၀၀ ကျပ်မှ ၂၄၀၀ ကျပ်ဈေးပေါက်လျက်ရှိတာ တွေ့ရ ပါတယ်။ တစ်ဖက်အိန္ဒိယဘက်မှာတော့ ၁ ကီလို ဂရမ်ကို ၁၁၀ ရူပီးဈေးပေါက် တယ်လို့ တမူးနယ်စပ်ရှိကုန်သည်တစ်ဦးထံမှ သိရှိရပါတယ်။  MIRT (DOBT)